ဒီရာသီ မှာချဲဆီးလ် အသင်း ကို အကောင်းဆုံး ဦးဆောင်ပြနေတဲ့ နည်းပြ သစ် လမ်းပတ်ရဲ့ စွမ်းဆောင်ရည်အပေါ်ကို အံ့အားသင့်မိခြင်း မရှိဘူး လို့ မန်စီးတီး ကွင်းလယ်လူဒေးဗစ်ဆေးလ်ဗားကဆိုလိုက်ပါတယ်။လမ်းပတ်ဟာဆာရီနဲ့ လမ်းခွဲလိုက်တဲ့ ချဲဆီးလ်အသင်းကို အခက်အခဲတွေကြားကနေ အကောင်းဆုံးလုပ်ဆောင်ပေးနေပြီး အခုအပတ်မှာတော့အသင်းဟောင်း မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။

ဆေးလ်ဗား နဲဲ လမ်းပတ်တို့ဟာ ၂၀၁၄-၁၅ ဘောလုံးရာသီမန်စီးတီး အသင်းမှာအတူတွဲဖက်ကစားဖူးကြတဲ့ အသင်းဖော်တွေဖြစ်ပြီးကံအားလျော်စွာပဲ ဆုဖလား လက်မဲ့ရာသီတခုကို အတူတူ ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။လမ်းပတ်ဟာ အဲ့ဒီနောက်မှာတော့ မေဂျာလိဂ် ကလပ် နယူးယောက်စီးတီး အသင်းကို တရာသီသွားရောက်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

ဒီ အင်္ဂလန် သားကြီးဟာ ၂၀၁၈ မေလအတွင်းမှာတော့ နည်းပြလောကကို စတင်ဝင်ရောက်ခဲ့ပြီး ချန်ပီယံရှစ် ကလပ် ဒ့ဘီ ကောင်တီ အသင်းကို ၃နှစ်စာချုပ်နဲ့ စတင်ကိုင်တွယ်ခဲ့ပါတယ်။ဒါဘီ အသင်းကို အောင်မြင်မှု တစုံတရာရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်တန်းတက်ခွင့် play-offကစားခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၉ ဇူလိုင်လမှာတော့ အသင်းဟောင်း ချဲဆီးလ် ရဲ့ နည်းပြသစ်ဖြစ်လာခဲ့ပြီးနောက်ဆုံးလိဂ်ပွဲ ၆ပွဲဆက် အနိုင်ရအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ကစားသမားသစ် ခေါ်ယူခွင့်ပိတ်ပင်ခံထားရခြင်း အပါအဝင် အခက်အခဲတွေကြားက အကောင်းဆုံးစွမ်းဆောင်ပြနေတဲ့ လမ်းပတ်အပေါ် ဆေးလ်ဗားက –

” သူကစားခဲ့တဲ့ ပုံစံတွေ သူရထားတဲ့ အတွေ့အကြုံတွေကို လမ်းပတ်က သူ့အသင်းသားတွေ ဆီကို ကူးပြောင်းပေးနေပါတယ်။သူဟာ အံ့မခန်းနည်းပြကောင်း တဦးဖြစ်လာတော့မယ်ဆိုတာကို ပြသထားနိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်။လျင်လျင်မြန်မြန်ကောင်းကောင်းလုပ်ဆောင်ပြနေတဲ့ အတွက်လည်း ကျွန်တော်မအ့ံသြပါဘူး။သူဟာရှင်းလင်းတဲ့ အတွေးအခေါ်အယူအဆတွေရှိထားပြီးကောင်းကောင်းလုပ်ဆောင်ပေးနေပါတယ်။သူရထားတဲ့ အခွင့်အရေးကို အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာ လီဗာပူး အသင်းကမန်စီးတီးထက် ၉မှတ်အထိဖြတ်ပြီးဦးဆောင်နေပေမယ့် လမ်းပတ်ရဲ့ ချဲဆီးလ်အသင်းကလည်း ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲဲ့ အသင်းတသင်းအဖြစ်ရှိနေတယ်လို့ ဆေးလ်ဗားက ယူဆနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆေးလ်ဗားက –

” လမ်းပတ် ရဲ့ ပထမဆုံးရာသီမှာတောင် သူတို့ (ချဲဆီးလ် ) အသင်းက ကောင်းကောင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။သူတို့ဟာ ချန်ပီယံဆုပြေးလမ်းမှာရှိနေတယ်လို့ ကျွန်တော်လည်းယူဆပါတယ်။အခုလာမယ့်ပွဲဟာ ဘောလုံးကို ကိုင်ဆော့ပြီး ဂိုးတွေသွင်းချင်ကြတဲ့ တိုက်စစ် အသားပေးအသင်းတွေဖြစ်ကြပါတယ်။

အေဘရာဟင်ဟာ သူ့ရဲ့ အခြား အသင်း ဖော်တွေလို ကောင်းကောင်းကစားနိုင်မေပါတယ်။သူ့ရဲ့အသင်းဖော်တွေက ကောင်းကောင်းကစားပေးနိုင်နေတာကြောင့်လည်းသူ့ကို အထောက်အကူဖြစ်စေပါတယ်။အသင်းဖော်တွေကောင်းနေတာကြောင့်လည်း လူငယ်လေးတွေက လွယ်လွယကူကူတောက်ပနိုင်ကြပါတယ် “လို့ပြောခဲ့ပါတယ်။

လီဗာပူးနဲ့ ၉မှတ်အကွာ အနေအထားကို ရောက်သွားတဲ့ အပေါ် ဆေးလ်ဗားက- ”
ကျွန်တော်တို့က ၉မှတ်နောက်ကျ နေပြီဖြစ်လို့ ပွဲတိုင်းကို နိုင်အောင် အာရုံစိုက်ကြိုးစာရတော့မှာဖြစ်ပါတယ်။ရာသီကုန်မှာ ဘာတွေဖြစ်မယ်ဆိုတာတော့ ခင်ဗျားတို့ အားလုံးမြင်ရပါလိမ့်မယ်။ရလဒ်တွေဆိုးနေပေမယ့် ကျွန်တော်တို့ အသင်း ပုံစံကောင်းမှာရှိနေတယ်လို့ ထင်ပါတယ်။

လီဗာပူး အသင်းကကောင်းကောင်းစွမ်းဆောင်နေတာကြောင့်သာ ကွာဟချက်ကြီးမားနေတာဖြစ်ပါတယ်။ဒါပေမယ့် ဇယားထိပ်က အသင်းနဲ့ အမှတ်အများကြီးကွာနေတာ အခုမှပထမဆုံး အကြိမ်တော့မဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR