ချယ်လ်ဆီး အသင်း ရဲ့ ပြင်သစ် ခံစစ်မှူး ကတ်ဇူးမား ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အဲဗာတန် အသင်း သို့ တရာသီ အငှား နဲ့ ကစားခဲ့ကာ အထူး ခြေစွမ်း ပြနိုင် ခဲ့သလို ၊ အဲဗာတန် အသင်း ဖက်ကလည်း ဇူးမား ကို အပြီးသတ် ခေါ်ယူ နိုင်ဖို့ အတွက် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မစတင်မီ ကတည်းက ချဉ်းကပ်မှု တွေ ပြုလုပ် နေခဲ့ပါတယ် ။

ဇူးမား ဟာ လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ရာသီကြို ခြေစမ်း ပွဲစဉ် တွေကို လိုက်ပါ လာခဲ့သလို နည်းပြသစ် ဖရန့် လမ်းပတ် နှစ်သက် နေတဲ့ ခံစစ်မှူး တဦး ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း မှာ ခံစစ်မှူး အများအပြား ရှိနေပြီး ဒေးဗစ် လူးဝဇ် ၊ ရူဒီဂါ ၊ ခရစ်တန်ဆန် ၊ တိုမိုရီ တို့လည်း ရှိနေတဲ့ အတွက် ဇူးမား အဖို့ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင် ရဖို့ ရှိနေပါတယ် ။

မနေ့ ညနေ က ကစား သွားခဲ့တဲ့ ဂျပန် ကလပ် ကာဝါဆာကီ အသင်း နဲ့ ခြေစမ်း ပွဲစဉ် မှာလည်း ဇူးမား ပွဲထွက် ပါဝင်ခွင့် ရရှိ ခဲ့ပြီး ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဇူးမား ကို သူ့ အနေနဲ့ လာမယ့် ရာသီ ချယ်လ်ဆီး အသင်း ရဲ့ ကစားသမား စာရင်း မှာ ပါဝင်ဖို့ အလိုရှိကြောင်း နဲ့ မနေ့ ညနေ က ပွဲမှာလည်း ဇူးမား ခြေစွမ်း ပြနိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ဒီနေ့ ပွဲကို ကျွန်တော် တို့ဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ အနိုင်ရဖို့ အလိုရှိ ခဲ့ကြပါတယ် ။ ဒါပေမယ့် ရာသီကြို ပြင်ဆင်မှု ၁၀ ရက်သာ ရှိသေးပြီး အခုလို ဂျပန် ကို ရောက်တာ လည်း ၃ရက်ပဲ ရှိသေးတာကြောင့် ကျွန်တော့ အသင်းသား တွေရဲ့ ကြံ့ခိုင်မှု အနေအထား တွေက အရမ်း အကောင်းကြီး မဖြစ် နေပါဘူး ။ ဒီနေ့ပွဲ မှာ သူတို့ဟာ ကြံ့ခိုင်မှု ပုံစံကောင်း မှာ မရှိနေတာတောင် အကောင်းဆုံး ကြိုးစား ကစား ပေးခဲ့ ကြပါတယ် ။ ”

” အဲ့ဒါ နဲ့ ပတ်သက်ပြီး ကျွန်တော် အားရ ကျေနပ် မိပါတယ် ။ ဒီနေ့ ပွဲမှာ တဦးချင်း ကစားပုံကောင်း တချို့ တွေ့ခဲ့ ရပါတယ် ။ လူတွေ ကတော့ ကြံ့ခိုင်မှု အပိုင်း နဲ့ အသင်း ရဲ့ စွမ်းဆောင်ရည် အပိုင်း ကို မေးခွန်း ထုတ်ကောင်း ထုတ်နိုင်ပါတယ် ။ ဒါဟာ ရာသီကြို ပြင်ဆင်မှု တွေမှာ တွေ့ရတတ်တဲ့ အခက်အခဲလေး တွေ ဖြစ်တဲ့ အတွက် ပုံမှန် ဖြစ်စဉ် လို့ ဆိုလို့ ရပါတယ် ။ နောက်ပြီး ကျွန်တော် တို့ အသင်း ဟာ ဂိုးသွင်း အဆုံးသတ်ပိုင်း ကောင်းဖို့ အတော် လိုအပ် နေပါသေးတယ် ။ ”

” ဒါပေမယ့် အချိန်တန်ရင် အဆုံးသတ်ပိုင်း က သူ့ဟာသူ အသားကျ လာမှာပါ ။ ကျွန်တော် တို့ဟာ အသေးစိတ် အချက်အလက် က အစ သေချာ ပြင်ဆင်ပြီး အလုပ်လုပ် နေကြပါတယ် ။ ကျွန်တော့ အတွက် ဘာ စိုးရိမ်စိတ်မှ မရှိသလို ၊ ဒီနေ့ပွဲ မှာ အကောင်းဆုံး စွမ်းဆောင် ခဲ့တဲ့ ကစားသမား တွေ အတွက်လည်း ကျွန်တော် ပျော်ရွှင် နေပါတယ် ။ ”

” ဇူးမား အကြောင်း ပြောရမယ် ဆိုရင်တော့ သူဟာ ကျွန်တော် တို့ အတွက် ခံစစ်မှူးကောင်း တယောက်ပါ ။ ပရော်ဖက်ရှင်နယ် အရမ်းဆန် သလို ၊ တကယ် စိတ်ရင်းကောင်းတဲ့ သူလည်း ဖြစ်ပါတယ် ။ ကျွန်တော် သူ့ကို ချယ်လ်ဆီး အသင်းမှာ ဆက်ရှိ စေချင်ပါတယ် ။ ဒါဟာ အရမ်း ရိုးရှင်းတဲ့ ကိစ္စပါ ။ ကျွန်တော် တို့ အသင်းမှာ ခံစစ်မှူး နေရာ အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုလေး တွေ ရှိနေပါတယ် ။ ”

” ဇူးမား ဟာ ပြီးခဲ့တဲ့ ရာသီ က အဲဗာတန် အသင်း နဲ့ အတူ အရမ်း ကောင်းမွန်တဲ့ ဘောလုံး ရာသီ တခု ကို ဖြတ်သန်း လာခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ အဲဗာတန် ဖက်ကလည်း ဇူးမား ကို ဘာကြောင့် အလိုရှိ နေလဲ ဆိုတာလည်း ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် သူဟာ ချယ်လ်ဆီး အသင်းသား တယောက် ဖြစ်တဲ့ အတွက် ကျွန်တော် ကတော့ သူ့ကို အလိုရှိ ပါသေးတယ် ။ သူ့ကို ပျော်ရွှင် စေသလို ၊ သူဟာ အရမ်း အလုပ် ကြိုးစားတဲ့သူ တယောက် ဖြစ်ပါတယ် ။ သူ့ဖက်ကသာ ကစားပုံ ကောင်းကောင်း နဲ့ ဆက်ကစား နိုင်မယ် ဆိုရင် လာမယ့် ရာသီ မှာ သူ ပွဲထွက်ခွင့် ရနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR