စပိန် နဲ့ ဘာစီလိုနာ အသင်း တိုက်စစ်မှုးဟောင်း ဒေးဗစ် ဗီလာ က ပက် ဂွာဒီယိုလာ ဟာ ဘောလုံး အားကစား ရဲ့ အယူအဆ တွေကို ပြောင်းလဲပေး ခဲ့သူ ဖြစ်တယ်လို့ ညွှန်းဆို ခဲ့ပြီး ယခုနှစ် ချန်ပီယံလိဂ် မှာ ဂွာဒီ ရဲ့ မန်စီးတီး အသင်း ဗိုလ်စွဲ နိုင်ကြောင်း ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ အသက် ၃၆ နှစ်ရှိပြီ ဖြစ်တဲ့ ဒေးဗစ် ဗီလာ ဟာ ဘာစီလိုနာ အသင်း မှာ ဂွာဒီယိုလာ ရဲ့ နည်းစနစ် တွေ နဲ့ ကစားခဲ့ ဖူးသူ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ချန်ပီယံလိဂ် ဖလား ကို ကိုင်မြောက်နိုင် ခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ဒေးဗစ် ဗီလာ ဟာ မန်စီးတီး အသင်း ရဲ့ ညီအမ ကလပ် ( ပိုင်ရှင်တူ ) ဖြစ်တဲ့ နယူးယောက် စီးတီး အသင်းမှာ ကစား နေပြီး ဂွာဒီယိုလာ ရဲ့ ဘောလုံး ကစားနည်း အပေါ် ပြောင်းလဲပေး ခဲ့မှု ကို ပြောပြ သွားခဲ့ ပါတယ် ။

“ပက် ဟာ ဘောလုံး အားကစား ရဲ့ ဂရိတ် နည်းပြတွေ ထဲ က တစ်ယောက် ပါ ။ ဒါက သူ့ရဲ့ အောင်မြင်မှု တွေ ကြောင့်ပဲ မဟုတ် ပါဘူး ။ နည်းပြ တစ်ယောက် ရဲ့ သမိုင်းကို အမှတ်ပေး တဲ့ အခါမှာ သူ ဘယ်လောက် အောင်မြင် ခဲ့သလဲ ဆိုတာတွေ နဲ့ ပြန်ပြီး ချိန်ထိုး တက်ကြ ပါတယ် ။ ဒါပေမယ့် ပက်က တော့ ဒီထက် ပိုခဲ့ ပါတယ်”

“ပက် ဟာ စပိန် နဲ့ ဂျာမဏီ က ဘောလုံး ကစားဟန်တွေ ကို ပြောင်းလဲ ပေးခဲ့ ပါတယ် ။ အခု သူ မန်ချက်စတာ မှာ ထပ်ပြီး စွမ်းဆောင်ပြ နေပါပီ ။ သူ ဟာ အောင်မြင်မှု အရ ရော သူလုပ်ဆောင် ခဲ့တဲ့ အရာတွေ အတွက် ရော ချီးမြှောက် ခံ ထိုက်တဲ့ နည်းပြ တစ်ယောက်ပါ” လို့ ဒေးဗစ် ဗီလာ က ဆရာဟောင်းကို ချီးမွမ်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဂွာဒီယိုလာ ကိုင်တွယ် ခဲ့တဲ့ ၂ နှစ် အတွင်း ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့်တွေ ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။ ဒေးဗစ် ဗီလာ က တော့ ယခု နှစ် မှာ မန်စီးတီး အသင်း ဟာ ဗိုလ်လုပွဲ ကို တက်ရော် နိုင်လိမ့်မယ် လို့ မျှော်လင့်ထား ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“စီးတီး ရဲ့ အဓိက ရည်မှန်းချက် က ချန်ပီယံလိဂ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါဟာ ရယူနိုင်ဖို့ အလွန် ခက်ခဲတဲ့ အောင်မြင်မှု ပါပဲ ။ ဒါပေမယ့် မန်ချက်စတာ ကနေ တစ်ယောက်ယောက် က ဒီ ဖလားကို ကိုင်မြှောက် နိုင်မယ် ဆိုရင်တော့ အဲ့ဒီ လူဟာ ပက် ဂွာဒီယိုလာ ပဲ ဖြစ် မှာပါ ။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ အရည် အသွေး နဲ့ လုပ်ရည် ကိုင်ရည် တွေ ကြောင့်ပါပဲ”

“ချန်ပီယံလိဂ် ဖလား ကို မန်စီးတီး နဲ့ အရယူနိုင် ပါတယ် ။ ဘာလို့ ဒီ ရာသီမှာ မဖြစ် နိုင် ရမှာလဲ ။ သူတို့ အသင်း ဟာ တောင့်တင်း နေပါပီ ။ ပက် ရဲ့ ကစားဟန် နဲ့လည်း အကျွမ်းဝင် နေကြပါပီ ။ ဘာစီလိုနာ မှာ တုန်းက တော့ ဒီ ကစားဟန် ကို မြန်မြန် အကောင်အထည် ဖော်နိုင် ခဲ့ ပါတယ် ၊ ဘာလို့လည်း ဆိုတော့ တော်တော်များများ က အကယ်ဒမီ ကနေ ထွက်လာ ကြတာ မို့ ဒီ ကစားဟန် နဲ့ ရင်းနှီး ခဲ့ကြ ပါတယ်”

“အင်္ဂလန် မှာတော့ ပက် အချိန်ယူခဲ့ ရ ပါတယ် ။ ဒါပေမယ့် ဒီနှစ် မှာတော့ ပက် နဲ့ မန်စီးတီး တို့ ဟာ ဥရောပ အောင်မြင်မှုတွေ ဆီ တက်လှမ်းနိုင်ဖို့ အဆင့်သင့် ဖြစ်နေပြီ လို့ ယုံကြည် မိပါတယ်” လို့ ဒေးဗစ် ဗီလာ က ပြောဆို သွားခဲ့ ပါတယ် ။

Ref : ESPN