ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အတွက်ကြောင့် အကယ်ဒမီ မှ လူငယ် ကစားသမား တွေကို သေချာပေါက် အခွင့်အရေး ပေးမယ့် ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

အများ ကတော့ လမ်းပတ် ကို ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင် ပေးရုံ နဲ့တင် အောင်မြင်ပြီ လို့ ရာသီ အစ က သုံးသပ် ခဲ့ကြပါတယ် ။ လက်ရှိ မှာတော့ ချယ်လ်ဆီး အသင်း ဟာ နာမည်ကြီး မန်စီးတီး အသင်း ကိုပါ ကျော်ဖြတ်ပြီး အဆင့် ၃ နေရာ မှာ ရပ်တည် ထားတာ ကို တွေ့ရပါတယ် ။

ယနေ့ မှာ မန်စီးတီး နဲ့ ချယ်လ်ဆီး တို့ အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်လို့ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ဘယ်သူ က အသာစီး ရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ မန်စီးတီး နည်းပြ ပတ် ဂွာဒီယိုလာ ကတော့ လက်ရှိ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကို ၄င်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက် က ၄င်း ဘာစီလိုနာ အသင်း ကို စတင် ကိုင်တွယ် ခဲ့စဉ်က အခိုက်အတန့် နဲ့ အခုလို ခိုင်းနှိုင်း သုံးသပ် ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ဂွာဒီယိုလာ က ” ဖရန့် လမ်းပတ် ရဲ့ အခြေအနေ နဲ့ ကျွန်တော့ ရဲ့ ဘာစီလိုနာ က နည်းပြ ဘဝ အခြေအနေ က အတော်လေး ဆင်တူတယ် လို့ဆိုလို့ ရပါတယ် ။ ဒါပေမယ့် တပ်အပ် တူတယ် လို့ ပြောဖို့က စောပါသေးတယ် ။ လမ်းပတ် ဟာ မန်နေဂျာ လောက ထဲကို ဝင်လာတာ တနှစ်ခွဲ သာသာ ပဲ ရှိပါသေးတယ် ။ ကျွန်တော် ဟာ ဘာစီလိုနာ ကို မကိုင်တွယ် ခင်ကတည်းက မန်နေဂျာ လောက ထဲမှာ ကျင်လည် ခဲ့တာ နည်းနည်း ကြာမြင့် ခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော် က သူ့ ထက် အသက် ပိုကြီးလို့ပါ ။ ”

” ဒါပေမယ့် လမ်းပတ် ဟာ သူ့ရဲ့ အနာဂတ် ကို သူကိုယ်တိုင် ဖန်တီးခွင့် ရှိနေပါတယ် ။ အတွေ့အကြုံ တွေကို အခုခေတ် မှာ သိပ်ပြီး ထည့်တွက်စရာ မလိုပါဘူး ။ ကျွန်တော် ပြောချင်တာ က ကိုယ်တွယ် တဲ့ ကလပ် အသင်း အကြောင်း အတွင်းကျကျ သိထားရင် အဲ့ဒီ မန်နေဂျာ အတွက် တကယ် ကောင်းတဲ့ အားသာချက် ဖြစ်ပါတယ် ။ လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း အကြောင်း ပြည့်ပြည့်စုံစုံ သိထားပါတယ် ။ ဒါ့အပြင် မီဒီယာ ၊ ပရိသတ် ၊ ကစားသမား တွေရဲ့ အကြောင်း လည်း နားလည်သူပါ ။ ဒါဟာ အရမ်း ကောင်းပါတယ် ။ ”

” ကျွန်တော် ဘာစီလိုနာ ကို စပြီး ကိုင်တွယ်တုန်း က သူ့လောက် ကလပ် က လူတွေဆီက ယုံကြည်မှု တွေ မရခဲ့ပါဘူး ။ တော်တော် နည်းတဲ့ လူတစု ရဲ့ ထောက်ခံမှု ကိုသာ ရခဲ့ပါတယ် ။ အသင်း ဥက္ကဋ္ဌ ၊ အားကစား ဒါရိုက်တာ ၊ ဒီလူတွေလောက်ပဲ ကျွန်တော့ ကို ယုံကြည် ခဲ့တာပါ ။ ဒါဘီ အသင်း ကို ကိုင်တွယ်တုန်း က ဖရန့် ရဲ့ အနေအထား ဟာ ဘာကာ မှာ ကျွန်တော် ရှိနေစဉ် က အနေအထား နဲ့ ခပ်ဆင်ဆင်ပါပဲ ။ ”

” ဖရန့် ဟာ ဒါဘီ မှာ အမှား လုပ်ခဲ့တာ နည်းပါတယ် ။ နောက်ပြီး လူတွေက သူ့ကို အတွေ့အကြံု နည်းတဲ့ နည်းပြ တဦး လို့ သတ်မှတ် ကြပါတယ် ။ တဦးတယောက် မှာ ကိုယ့်ကို မယုံကြည်တော့ရင် ကိုယ်ဟာ အဲ့ဒီ အသင်း ကို ကိုင်တွယ်ဖို့ ပြီးပြည့်စုံတယ် လို့ ဆိုရမှာပါ ။ ဘာဖြစ်လို့လဲ ဆိုတာ ခင်ဗျား မှာ ရှုံးလို့ မရတော့ကြောင့် ပွဲတိုင်း ကို အနိုင်ရဖို့ အာရုံစိုက် ရတော့မှာ မို့လို့ပါ ။ ”

” ပြဿနာ တခု က ခင်ဗျား ဟာ အောင်မြင်ပြီးသား မန်နေဂျာ တယောက် ဆိုရင် ကိုယ် ဆုဖလား တွေ ဘယ်လောက်ပဲ ယူပေးပေး ၊ မလုံလောက်ဘူး လို့ လူတွေက ဝေဖန်ကြပါတယ် ။ အခု အချိန် ဖရန့် ချယ်လ်ဆီး လို အသင်းမျိုး ကို ကိုင်တွယ် နေရတယ် ဆိုတာ တကယ် ကောင်းတဲ့ အခိုက်အတန့် ဖြစ်ပါတယ် ။ ထိပ်တန်း အသင်းကြီး တွေမှာ အရည်အသွေး မြင့်မားတဲ့ ကစားသမားကောင်း များစွာ ရှိပါတယ် ။ ”

 

” ဒါကြောင့်မို့ အခြား အသင်း တွေထက်စာရင် ချယ်လ်ဆီး ၊ ဘာစီလိုနာ တို့လို အသင်း တွေကို ကိုင်တွယ် ရတာ ပိုပြီး လွယ်ကူလေ့ ရှိပါတယ် ။ ခင်ဗျား သာ စိတ်ရှည်ရှည် ထားပြီး အလုပ် ကို အမြဲမပြတ် ကြိုးစား နေမယ် ဆိုရင် ရလဒ်ကောင်း တွေနဲ့ အောင်မြင်မှု တွေက အလိုလို ရောက်လာမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR