နိုင်ငံ တကာ ပွဲစဉ်တွေ ပြီးဆုံး သွားပါပြီ ။ ဥရောပ အမှတ်ပေး ပွဲတွေ ဟာ မနေ့ ညကနေ ပြန်လည် စတင် လာခဲ့ တာ ယခု ညနေခင်း မှာတော့ ပရိသတ် တွေ ကြည့်ရှုမှု အများဆုံး ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစား ကြတော့ မှာဖြစ် ပါတယ် ။ ဒီ တစ်ပတ် ရဲ့ အစောဆုံး ပွဲ ကတော့ ၀က်စ်ဟမ်း နဲ့ တော့တင်ဟမ် ဟော့စပါး တို့ ကစားမယ့် ပွဲ ဖြစ်ပြီး စပါးနည်းပြသစ် မော်ရင်ဟို ကြောင့် စိတ်ဝင်စား မှု တွေ အလွန် မြင့်တက် နေတဲ့ ပွဲ လည်း ဖြစ်ခဲ့ ပါတယ် ။

 

၀က်စ်ဟမ်း ဟာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၆ နေရာ မှာ ရှိနေပြီး ရလဒ် ဆိုးတွေ ကနေ ရုန်းထွက် နိုင်ဖို့ လိုအပ် နေခဲ့ ပါတယ် ။ ဒါပေမယ့် ၀က်စ်ဟမ်း ဟာ စပါး ကို အနိုင် ရဖို့ ခဲယဉ်း မယ်လို့ သုံးသပ်သူတွေ က ဆိုထား သလို နည်းပြသစ် မော်ရင်ဟို ရဲ့ ကောင်းမွန်တဲ့ မှတ်တမ်း တစ်ခု ကလည်း စနေနေ့ ညနေခင်း ကို မော်ရင်ဟို နဲ့ အတူ ဖြတ်သန်း ချင်သူတွေ အတွက် အားတက် စရာ ဖြစ်စေခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ပေါ်တူဂီသား ကြီး ဟာ အသင်း သစ် နဲ့ စတင် ကစားတဲ့ အမှတ်ပေး ပွဲ အဖွင့် ရလဒ် တွေ အလွန် ကောင်းမွန် ခဲ့တာ ပါပဲ ။ မော်ရင်ဟို ဟာ နည်းပြ ဘဝ ၁၉ နှစ် အတွင်း ကလပ် အသင်းများစွာ နဲ့ တိုက်ပွဲတွေ ၀င်ခဲ့ ဖူး ပါတယ် ။ အသင်းသစ် နည်းပြ အဖြစ် နဲ့ စတင် ကစားခဲ့တဲ့ အမှတ်ပေးပွဲစဉ်တွေ မှာ ရှုံးပွဲ တစ်ပွဲသာ ကြုံတွေ့ ခဲ့ရတာ က မော်ရင်ဟို ရဲ့ မှတ်တမ်း ကောင်းတွေ ထဲက တစ်ခု လို့ ဆိုနိုင် မှာ ဖြစ် ပါတယ်

မော်ရင်ဟို ဟာ ပရို နည်းပြ ဘဝ ကို ဘင်ဖီကာ အသင်း နဲ့ စတင် ခဲ့တာ ဖြစ်ပြီး စပါး မတိုင်ခင် အထိ ကလပ် အသင်း 7 သင်း ကို ကိုင်တွယ် ထားခဲ့ပြီး ဖြစ် ပါတယ် ။ ဒီ အသင်း 7 သင်း နဲ့ စတင် ဖွင့်လှစ် ခဲ့တဲ့ အမှတ်ပေး ပွဲ 7 ပွဲ မှာ မော်ရင်ဟို ဟာ တစ်ပွဲ သာ ရှုံးနိမ့် ခဲ့ပြီး ကျန်တဲ့ ပွဲတွေ ကို တော့ အနိုင် သို့ သရေ ရလဒ်တွေ နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။

 

အင်္ဂလန် မှာ တော့ မော်ရင်ဟို ဟာ ချဲလ်ဆီး ကို ၂ ကြိမ် ၊ မန်ချက် စတာ ယူနိုက်တက် ကို ၁ ကြိမ် နည်းပြ ခဲ့ဖူး ပြီး အဖွင့် ၃ ကြိမ် စလုံး မှာ အနိုင် ရလဒ် တွေ ပိုင်ဆိုင် ခဲ့ ပါတယ် ။ ၂၀၀၄ ခုနှစ် ရာသီ အဖွင့်မှာ မော်ရင်ဟို ရဲ့ ချဲလ်ဆီး ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ကစားခဲ့ပြီး ၁ – ၀ နဲ့ နိုင်ခဲ့ သလို ၂၀၁၃ ခုနှစ် ရာသီ အဖွင့် တုန်းက လည်း မော်ရင်ဟို ရဲ့ ချဲလ်ဆီး ဟာ ဟူးစီးတီး ကို ၂ ဂိုးပြတ် နိုင်ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် နည်းပြ အဖြစ် နဲ့ ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲမှာ လည်း ဘုန်းမောက် အသင်း ကို ဇလာတန် ရဲ့ ဂိုးတွေ နဲ့ အနိုင် ယူခဲ့ပြီး အင်္ဂလန် ဟာ မော်ရင်ဟို ရဲ့ အောင်မြေဖြစ်ကြောင်း သက်သေပြ နိုင်ခဲ့ ပါတယ် ။

ဒါကြောင့် ယခု ညနေခင်း မှာ ကစားမယ့် လန်ဒန် ဒါဘီ အတွက် မော်ရင်ဟို ဘက်မှာ ရပ်တည်တာ ဟာ အခြေအနေ ကောင်းနိုင် ဖို့ အလေးသာ နေတယ် လို့ ယူဆ လို့ ရနိုင် ပါတယ် ။ ဒါပေမယ့် ဘောလုံး မှာ ဘာမဆို ဖြစ်သွားတတ် တာ မို့ အရာရာ ကို ဆင်ဆင် ခြင်ခြင် လုပ်ကိုင် တာ ဟာ အသင့်တော်ဆုံး နည်းလမ်း အဖြစ် ရှိနေ မှာပါ . . . .

မော်ရင်ဟို ရဲ့ နည်းပြဘဝ အသင်းသစ် တွေ ရဲ့ အဖွင့် အမှတ်ပေး ပွဲစဉ် ရလဒ်များ –

၁ ။ ဘိုအာဗစ်စတာ ၁ – ၀ ဘင်ဖီကာ ( မော်ရင်ဟို )
၂ ။ စပို့တင်း ဘရာဂါ ၀ – ၀ ယူနီယိုဒီလီယာ ( မော်ရင်ဟို )
၃ ။ ပေါ်တို ( မော်ရင်ဟို ) ၂ – ၁ မာရီတီမို
၄ ။ ချဲလ်ဆီး ( မော်ရင်ဟို ) ၁ – ၀ မန်ချက်စတာ ယူနိုက်တက်

၅ ။ ဆမ့်ဒိုးရီးယား ၁ – ၁ အင်တာ မီလန် ( မော်ရင်ဟို )
၆ ။ မာယော့ကာ ၀ – ၀ ရီးရဲ မက်ဒရစ် ( မော်ရင်ဟို )
7 ။ ချဲလ်ဆီး ( မော်ရင်ဟို ) ၂ – ၀ ဟူးစီးတီး
၈ ။ ဘုန်းမောက် ၁ – ၃ မန်ယူနိုက်တက် ( မော်ရင်ဟို )

အဖွင့်ပွဲ မှတ်တမ်း ( အသင်းသစ်နှင့် ) – ၈ ပွဲ ကစား ၊ ၄ ပွဲနိုင် ၊ ၃ ပွဲ သရေ ၊ ၁ ပွဲ ရှုံး

ဒီည ရလဒ် ဘယ်လိုဖြစ်မလဲ . . . . .

SPORTS MYANMAR