၂၀၁၉-၂၀၂၀ ဘောလုံး ရာသီသစ် မစတင်ခင်မှာ အာဆင်နယ် အသင်း ကွင်းလယ် ကြယ်ပွင့် မီဆွတ် အိုဇေးလ် ဟာ နည်းပြ အူနိုင်း အမ်မရီ နဲ့ သူနဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

အိုဇေးလ် ဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ အူနိုင်း အမ်မရီ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် မရခဲ့ဘဲ ၊ ပွဲထွက် လူစာရင်းမှာ ပါလိုက် မပါလိုက်ဘဲ နဲ့ တစ်ရာသီလုံးကို ဖြတ်သန်း ခဲ့ရပါတယ် ။ နည်းပြ အမ်မရီ ဟာ နည်းစနစ်ပိုင်း အရကော ၊ အိုဇေးလ် ရဲ့ ကြံခိုင်မှု အရကော ပွဲထွက် လူစာရင်း ကနေ အိုဇေးလ် ကို မကြာခဏ ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း အိုဇေးလ် ရဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေခဲ့ပြီး တစ်ရာသီလုံးမှာမှ ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ် နိုင်ခဲ့တဲ့ အထိ ခြေစွမ်းပိုင်း ကျဆင်း ခဲ့ပါတယ် ။ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ ရာသီ မှာတော့ ဂိုးဖန်တီးမှုနှုန်း သိသိသာသာ ကျဆင်း သွားခဲ့ပြီး အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ယှဉ် ပြိုင် ကစားခဲ့ရာမှာ ၆ ဂိုး သွင်း ယူ ကာ ဂိုး ဖန်တီးမှု ၃ ကြိမ် သာ ပြု လုပ် နိုင် ခဲ့ ပါ တယ် ။

Mesut Ozil

အိုဇေးလ် ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာ ပြဿနာတွေ အပြင် နည်းပြသစ် ရဲ့ နည်းစနစ် နဲ့ အသားကျဖို့ အတော်လေး ခက်ခဲခဲ့ကြောင်း ဝန်ခံ ပြောကြား လိုက်ပြီး ၊ သူနဲ့ အမ်မရီ ကြားမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

” ကျနော် နဲ့ နည်းပြကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု ရှိပါတယ် ။ ကျနော် နဲ့ သူ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြပါတယ် ၊ သူကလည်း ကျနော့်ကို အကူအညီပေးချင်သလို ၊ ကျနော်ကလည်း အသင်းကို အကျိုးပြု တဲ့သူ ဖြစ်ချင်ပါတယ် ။ ”

” ကျနော့် ကစားသမားဘဝမှာ နည်းပြတွေ အများကြီးနဲ့ ဆက်ဆံ ခဲ့ဖူးပါတယ် ။ နည်းပြတိုင်းကတော့ တစ်ယောက် နဲ့ တစ်ယောက် မတူညီကြသလို ကျနော်တို့ကို ကစားစေချင်တဲ့ ပုံစံကလည်း မတူကြပါဘူး ။ ပြီးခဲ့တဲ့ နှစ်တုန်းက ရာသီမစခင်ကတည်း ကျနော့်မှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ရှိနေတာပါ ။ ”

Mesut Ozil

” ဒါကြောင့် အခက်အခဲတွေတော့ ရှိခဲ့ပါတယ် ၊ ဒါပေမယ့် ရာသီကုန်မှာတော့ ကျနော် ပွဲတွေ အများကြီး ကစားခွင့် ရခဲ့ပါတယ် ။ ” လို့ ဆိုပါတယ် ။ ဆက်လက်ပြီး အိုဇေးလ် က သူနဲ့ နည်းပြ အမ်မရီ ကြားမှာ ဘာအကြောင်းအရာတွေ ဆွေးနွေး ဖြစ်ကြသလဲ ဆိုတဲ့ မေးခွန်းကိုလည်း ” ကျွန်တော် နဲ့ နည်းပြ ပြောဖြစ်တဲ့အကြောင်းအရာတွေကို ပြောပြလို့ မရပါဘူး ။ ”

” အခု အချိန်မှာသာ ကျနော် ပြောပြလိုက်ရင် နည်းပြကြီးက ကျနော့်ကို စကားပြောတော့မှာ မဟုတ်ပါဘူး ။ ကျနော်တို့ နှစ်ယောက် စကားတွေအများကြီး ပြောဖြစ်ကြတယ်ဆိုတာပဲ ပြောလို့ ရပါတယ် ။ ကျနော့်ဘက်က အသင်းကို အကူအညီပေးချင်ပါတယ် ၊ လာမယ့်ရာသီကလည်း ကျနော့်အတွက်ကော အသင်းအတွက်ပါ ကောင်းမွန်တဲ့ ရာသီ ဖြစ်မယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR