အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ၂၀၁၉-၂၀၂၀ ရာသီအတွက် အသင်း ခေါင်းဆောင် ငါးဦးကို အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းခဲ့ပြီး ရှာကာ က ပထမ အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။

ဒါပေမယ့်လည်း ရှာကာ ဟာ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ လူစားလဲ ခံရတဲ့ အချိန် ပရိသတ်တွေကို ရိုင်းပျစွာ ပြုမူ ဆက်ဆံ ခဲ့တာကြောင့် နည်းပြ အမ်မရီ ဟာ ရှာကာ ကို အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပြီး တိုက်စစ်မှူး အူဘာမီယန်း ကို အသင်း ခေါင်းဆောင်သစ် အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ်။

ဂါဘွန် လက်ရွေးစင် အူဘာမီယန်း က ဆောက်သမ်တန်နဲ့ ပွဲမတိုင်မှီ အင်တာဗျူးမှာ လူငယ် ကစားသမားဘဝတုန်းက အသင်းခေါင်းဆောင် လတ်ပတ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောင်း ပြောကြားရင်း အာဆင်နယ် အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ပြီး အကောင်းဆုံး ကြိုးစား ကစားသွားမယ်လို့ ဆိုပါတယ် ။

ST ALBANS, ENGLAND – JULY 18: <> at London Colney on July 18, 2018 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

အူဘာမီယန်း က အာဆင်နယ် ဝက်ဆိုဒ် နဲ့ အငါတာဗျူးမှာ ” အာဆင်နယ် အသင်းရဲ့ သမိုင်းမှာ ဗီအဲရာ ၊ တိုနီအဒမ်တို့လို ခမ်းနား ကြီးကျယ်တဲ့ အသင်းခေါင်းဆောင်တွေ ရှိပါတယ် ။ သူတို့ရဲ့ ခြေရာကို လိုက်နင်းခွင့် ရတာက တကယ့် အခွင့်အရေးကောင်း တစ်ရပ်ပါ ။ ”

” အသင်းခေါင်းဆောင် လက်ပတ်ကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ကွင်းတွင်းကွင်းပြင်ပ အကောင်းဆုံး နေထိုင် ၊ ကစားသွားမှာပါ ။ ကျနော် ငယ်ငယ်လေးတုန်းက လူငယ် အသင်းတွေမှာ အသင်းခေါင်းဆောင် အရမ်း ဖြစ်ချင်ခဲ့တာပါ ။ ဒီအကြောင်းတွေကို တစ်နေ့ကတောင် အမေနဲ့ ပြန်ပြော ဖြစ်ပါသေးတယ် ။ ”

” ကျနော် ငယ်ငယ်တုန်းက အသင်းခေါင်းဆောင် လက်ပတ်တွေ ဝယ်ပြီး ဝတ်ဆင် ကစားတာပါ ၊ ကျနော့်ရဲ့ ကစားသမား ဘဝ အစတုန်းက အသသင်းခေါင်းဆောင် ဖြစ်မဖြစ်ကို သိပ်အာရုံ မရှိပါဘူး ၊ အခု အသင်းခေါင်းဆောင် ဖြစ်လာတဲ့ အချိန်မှာတော့ တာဝန်တွေ အများကြီး ရှိပေမယ့် လုပ်နိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ် ။ ”

” ကျနော် ၂၀၁၅ ခုနှစ်ကတည်းက ဂါဘွန် အသင်းခေါင်းဆောင်လက်ပတ်ကို ရခဲ့ပါတယ် ၊ ဒါကလည်း ဂုဏ်ယူစရာပါ ။ ကျနော့်အဖေကလည်း နိုင်ငံ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ခဲ့သူပါ ၊ ဒါကြောင့် သူ့နေရာကို ဆက်ခံခွင့်ရခဲ့တာကလည်း ဂုဏ်ယူစရာပါ ။ ”

” အခု ဂါဘွန် လက်ရွေးစင် အသင်း ၊ အာဆင်နယ် အသင်း နှစ်သင်းစလုံးရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခွင့်ရတာက ကျနော့်အတွက်တော့ အထူး အခွင့်အရေးပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။