ချယ်လ်ဆီး အသင်း ရဲ့ လက်ရှိ မန်နေဂျာ ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာလည်း ချယ်လ်ဆီး အသင်း နဲ့ အတူ နှစ် အများစု ကို ကျော်ဖြတ် ခဲ့တာ ဖြစ်ပေမယ့် ၊ ဟိုဆေး မော်ရင်ဟို ဒုတိယ တကြိမ် ချယ်လ်ဆီး အသင်း ကို လာရောက် ကိုင်တွယ်တဲ့ ဒုတိယမြောက် ရာသီ မှာ အမေရိကန် ကလပ် နယူးယောက် စီးတီး အသင်း သို့ ပြောင်းရွှေ့ ခဲ့ပါတယ် ။

ထိုစဉ် က နယူးယောက် စီးတီး အသင်း ကစားတဲ့ အမေရိကန် မေဂျာလိဂ် ရဲ့ ဘောလုံး ရာသီ မစတင် သေးတာကြောင့် လမ်းပတ် ဟာ မန်စီးတီး အသင်း သို့ ရာသီဝက် အငှား လာကစား ခဲ့ရပါတယ် ။ မန်စီးတီး အသင်း ရဲ့ အသင်း ပိုင်ရှင် တွေဟာ နယူးယောက် စီးတီး အသင်း ကိုလည်း ဝယ်ယူ ထားတာကြောင့် လမ်းပတ် ကို လွယ်လွယ်ကူကူ ပဲ အငှား ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

လမ်းပတ် ဟာ အသက် ၃၆ နှစ် အရွယ်လောက်မှ မန်စီးတီး သို့ ရောက်လာခဲ့တာ ဖြစ်ပေမယ့် တော်သင့်ရုံ ခြေစွမ်း ပြသ နိုင်ခဲ့ပါတယ် ။ ဒီနေ့ည မှာတော့ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် နေရတဲ့ လမ်းပတ် ဟာ အီတီဟတ် မှာ တချိန် က ကစား ပေးခဲ့ဖူးတဲ့ အသင်းဟောင်း မန်စီးတီး ကို နည်းပြ ဘဝ မှာ ပထမဆုံး ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ် ။

ယင်းနှင့် ပတ်သက်ပြီး လမ်းပတ် က ” ဟုတ်ပါတယ် ။ မန်စီးတီး အတွက် ကစားပေးခဲ့တုန်း က ချယ်လ်ဆီး ကို ရင်ဆိုင်ခဲ့ရတာနဲ့ အခုလို ချယ်လ်ဆီး မန်နေဂျာ အနေနဲ့ မန်စီးတီး ကို ပြန်ရင်ဆိုင် ရမှာ က ကျွန်တော့ အတွက် တကယ်ကို ခြားနားတဲ့ ခံစားချက် ကို ပေးစေပါတယ် ။ ကျွန်တော် ဟာ အရင် ကတည်းက ချယ်လ်ဆီး အသင်း ကို ဘယ်လောက်ထိ ချစ်မြတ်နိုးလဲ ဆိုတာ ပြောခဲ့ဖူးပါတယ် ။ ဒီ ကလပ် ကို ကိုင်တွယ်ခွင့် ရတာ ကျွန်တော့ အတွက် ဂုဏ်ယူစရာပါ ။ ”

” မန်စီးတီး ဟာ တချိန် က ကျွန်တော့ အတွက် ကြီးကျယ်တဲ့ အခိုက်အတန့် တွေကို ရရှိ စေခဲ့တဲ့ ကလပ် ဖြစ်ပါတယ် ။ ကလပ် အသင်း ၊ မန်စီးတီး ပရိသတ် ၊ မန်ချက်စတာ မြို့လယ်ခေါင် မှာ နေထိုင်ခဲ့ရတဲ့ ခံစားချက် ကို ကျွန်တော် အရမ်း နှစ်သက် ခဲ့ပါတယ် ။ ဒါကြောင့် အခုလို သူတို့ နဲ့ ပြန်ရင်ဆိုင်ရမှာ က ကျွန်တော့ ကို ကောင်းတဲ့ ခံစားချက် တွေသာ ပေးပါတယ် ။ သူတို့ရဲ့ အခြေအနေ တချို့ ကိုလည်း ကျွန်တော် စောင့်ကြည့် ဖြစ်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မန်နေဂျာ ဖြစ်တာကြောင့် သူတို့ နဲ့ ပြန်ရင်ဆိုင် ရတဲ့အခါ ဘယ်လို ရလဒ်မျိုး လိုချင်လဲ ဆိုတာ အားလုံး နားလည် ပေးနိုင်မယ် လို့ ထင်ပါတယ် ။ ကျွန်တော် ဟာ ဒီကနေ အကောင်းဆုံး အသင်း တသင်း ကို သယ်ဆောင် သွားမှာ ဖြစ်ပြီး အနိုင် ရလဒ် အတွက် ကြိုးစား အားထုတ် သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး လမ်းပတ် က ” မန်စီးတီး နဲ့ ရင်ဆိုင်ရမှာ က ကျွန်တော် တို့ ၂သင်းလုံး အတွက် ရပ်တည်မှု ကိုပါ အဆုံးအဖြတ် ပေးနိုင်တဲ့ ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်ပါတယ် ။ အကယ်၍ ကျွန်တော် တို့ဟာ ရလဒ်ကောင်း မရခဲ့ဘူး ဆိုရင်တောင် ဇာတ်လမ်း အဆုံး မဟုတ်သေးပါဘူး ။ ဘယ် အသင်း ပဲ ဖြစ်ဖြစ် ၊ မန်စီးတီး လို အသင်း ကို သူတို့ အိမ်ကွင်း မှာ ရင်ဆိုင်ရမှာ ဖြစ်လို့ ရှုံးကောင်း ရှုံးသွား နိုင်ပါတယ် ။ ”

” ပတ် ဂွာဒီယိုလာ နဲ့ မန်စီးတီး ကလပ် က တာဝန်ရှိသူ တွေဟာ ဒီလို အဆင့် အထိ ဖြစ်လာအောင် အချိန်ယူ တည်ဆောက် ထားရတာပါ ။ ဒါကြောင့်မို့ ကျွန်တော့ အသင်း သူတို့နဲ့ ရင်ဆိုင်ရတဲ့ အခါ ဘယ်လို ရလဒ်ပဲ ထွက်ထွက် ကျွန်တော် အပြစ်ပြောမှာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ အသင်း အခု ရရှိနေတဲ့ ရလဒ်ကောင်း တွေက ၃လတာ အတွင်းမှာပဲ ဖြစ်သေးတာပါ ။ မန်စီးတီး ကတော့ အခုလို ကြီးကျယ်တဲ့ အဆင့် ကို ရောက်လာဖို့ အတွက် ၄နှစ်လောက် အချိန်ယူ တည်ဆောက် ထားသလို ၊ ကျွန်တော် တို့ အခုလက်ရှိ ကြိုးစားထားတာ ထက် ပိုမှာ သေချာပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR