ချယ်လ်ဆီး အသင်း ရဲ့ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ လက်ရှိ အသင်း နဲ့ စာချုပ် သက်တမ်း ၄နှစ် ကျန်ရှိ နေသေးပြီး ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ကမှ ချယ်လ်ဆီး အသင်း နဲ့ အတူ စာချုပ်သစ် ချုပ်ဆို ခဲ့သူ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း အလွန်ဆို ဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း မှာ ယခင် နည်းပြ အန်တိုနီယို ကွန်တီ လက်ထက် က ကဲ့သို့ ပုံမှန် ပွဲထွက်ခွင့် တွေ ရရှိ ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး ။

အခု အခါ မှာတော့ အလွန်ဆို ဟာ နည်းပြသစ် ဖရန့် လမ်းပတ် ၊ ချယ်လ်ဆီး အသင်း တို့နဲ့ ရာသီကြို ခရီးစဉ် ကို လာရောက် ပူးပေါင်းနေပြီး မနေ့ ညနေ က ကစား သွားခဲ့တဲ့ ကာဝါဆာကီ အသင်း နဲ့ ခြေစမ်း ပွဲမှာလည်း ပထမပိုင်း အထိ ကစား ပေးခဲ့ပါတယ် ။ အလွန်ဆို ဟာ ပြီးခဲ့တဲ့ ရာသီ က ၄င်းရဲ့ လေးလံ တဲ့ ကစားပုံ နဲ့ အတူ တိုက်စစ်ရော ၊ ခံစစ် ကိုပါ မျှတအောင် မကစား နိုင်ခဲ့တဲ့ အတွက် အီမာဆင် ရဲ့ ကျော်တက်ခြင်း ကို ခံခဲ့ ရပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ခါနီး မှာလည်း အလွန်ဆို ဟာ အက်သလက်တီကို အသင်း ရဲ့ ချိတ်ဆက်မှု တချို့ ကို ရရှိ ခဲ့ပြီး သူ ကိုယ်တိုင် လည်း ပုံမှန် ပွဲကစားခွင့် မရပါက အသင်း ပြောင်းနိုင်တယ် လို့ အရိပ်အမြွက် ဖွင့်ဆို ခဲ့ဖူးပါတယ် ။ မနေ့ က အင်တာဗျူး တခု မှာတော့ အလွန်ဆို က ၄င်းဟာ အသင်း ရဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား နဲ့ မတွေ့ဆုံ ရသေးပေမယ့် စာချုပ် သက်တမ်း ၄နှစ် ကျန်ရှိ နေသေးတာကြောင့် ချယ်လ်ဆီး အသင်း အတွက်ပဲ ဆက်လက် ကစား ပေးသွားမှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ် ။

အလွန်ဆို က ” ဟုတ်ပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း မှာ ပျော်ရွှင် နေပါတယ် ။ မနှစ် ကမှ ကျွန်တော် ဟာ အသင်း နဲ့ အတူ စာချုပ် သက်တမ်း ထပ်တိုး နိုင်ခဲ့တဲ့ အတွက် ကျွန်တော် ချယ်လ်ဆီး အသင်း မှာပဲ ဆက် ကစားသွား ချင်ပါတယ် ။ အနာဂတ် နဲ့ ပတ်သက်ပြီး တော့ ဘာမှ သေသေချာချာ မသိသေးပါဘူး ။ ”

” အကယ်၍ ကျွန်တော့ ကို ခေါ်ယူချင်တဲ့ အသင်း တွေ ရှိနေရင် အသင်း ရဲ့ ဒါရိုက်တာ မာရီနာ က ကျွန်တော့ ကို ဆက်သွယ် ပါလိမ့်မယ် ။ ချယ်လ်ဆီး အသင်း နဲ့ အတူ ဖြတ်သန်း ခဲ့တဲ့ ဘောလုံး ရာသီ ၃ခု လုံးက ကျွန်တော့ အတွက် အရမ်း အံ့သြဖို့ ကောင်းပါတယ် ။ ဒီထက် ပိုပြီး အောင်မြင်မှု တွေ ဆွတ်ခူး နိုင်ဖို့ လည်း ရည်မှန်း ထားပါတယ် ။ ”

“နောက်ထပ် ပွဲကစားခွင့် တွေ အများကြီး ရချင် သလို ၊ ချယ်လ်ဆီး အသင်း နဲ့ အတူ ပိုပြီး ကြီးမားတဲ့ အောင်မြင်မှု တွေကို ရယူ သွားချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး အလွန်ဆို က ချယ်လ်ဆီး နည်းပြသစ် ဖရန့် လမ်းပတ် ရဲ့ လက်အောက် မှာ ပွဲထွက်ခွင့် အတွက် ပိုပြီး ကြိုးစား သွားမယ် လို့လည်း ဆိုခဲ့ပါတယ် ။

အလွန်ဆို က ” အခု အချိန် ဟာ ကျွန်တော် အပါအဝင် ကစားသမားတိုင်း အတွက် ဘောလုံး ရာသီသစ် မတိုင်မီ စတင်မှုသစ် တခု ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဆိုတာ အတိတ် က အကြောင်းအရာ ဖြစ်ခဲ့ပါပြီ ။ ဒါကြောင့် အခု အခါမှာ ကျွန်တော့ အနေနဲ့ ပွဲထွက်ခွင့် အတွက် ပိုပြီး ကြိုးစား သွားရမှာ ဖြစ်သလို ၊ အသင်း နိုင်ပွဲ တွေ ရရှိဖို့ အတွက်လည်း အကောင်းဆုံး ကူညီ ပေးရမှာ ဖြစ်ပါတယ် ။ ”

” ဟုတ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း ပွဲစဉ် တွေရဲ့ မိနစ် တိုင်းမှာ ပါဝင် ကစားချင်စိတ် တော့ ရှိပါတယ် ။ ပြီးခဲ့တဲ့ ရာသီ က ခြေစွမ်း ကျခဲ့တဲ့ အနေအထား မျိုး ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စ တခုပါ ။ အခုတော့ ကျွန်တော် တို့ဟာ ဘောလုံး ရာသီသစ် တခု ကို ပြောင်းလဲ ဝင်ရောက် နေပါပြီ ။ ဒါကြောင့်မို့ စိတ်သစ်ကိုယ်သစ် နဲ့ ဘောလုံး ရာသီသစ် တခု ကို ကောင်းကောင်း စတင် နိုင်ဖို့ မျှော်မှန်း ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR