အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ အစောဆုံး ပွဲမှာတော့ စပါး အသင်းက ဝက်စ်ဟမ်း အသင်းကို ၂-၃ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ လန်ဒန်ဒါဘီ ပွဲပီပီ အကြိတ်အနယ်ရှိခဲ့ပြီး သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံး ပရီးမီးယားလိဂ် ၅ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ တဲ့ စပါး အသင်းဟာ နည်းပြ သစ် မော်ရင်ဟိုရဲ့ အဖွင့်ပွဲမှာ နိုင်ပွဲပြန်ရခဲ့တာဖြစ်ပြီး ဒီရာသီပထမဆုံး အဝေးကွင်းနိုင်ပွဲကို လည်း ပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။စပါးတို့ဟာ၃ဂိုးပြတ်အထိဦးဆောင်နိုင်ခဲ့ပြီးမှာ ချေပဂိုး၂ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

စပါးအတွက် ဂိုးတွေကို ပွဲချိန် ၃၆မိနစ်မှာ ဆွန်ဟောင်မင်၊ပွဲချိန် ၄၃ မိနစ်မှာ မော်ရာ နဲ့ ပွဲချိန် ၄၉ မိနစ်တွေမှာ အော်ရီယာ တို့ ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။အိမ်ရှင် ဝက်စ်ဟမ်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ရ၄မိနစ်မှာအန်တိုနီယိုနဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ် မှာ အော့ဂျ်ဘွန်နာ တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။စပါး အသင်းရဲ့ ဒီရာသီ ရလဒ်ဆိုးတွေ မှာ ပြောစရာအဖြစ်ရှိနေခဲ့တာကတော့ ကွင်းလယ်လူဒယ်လီအလီရဲ့ ခြေစွမ်းကျဆင်းနေမှုပဲဖြစ်ပါတယ်။ဒါကြောင့်လည်း နည်းပြမော်ရင်ဟိုကတောင် ဒယ်လီအလီ အစစ်အမှန်ဖြစ်ကြောင်းပြဖို့ အခုပွဲမတိုင်မီမှာ ပြောဆိုထားခဲ့သေးတာဖြစ်ပါတယ်။

ဒီ အင်္ဂလန်သားလေး ဟာ အခုပွဲမှာ ခြေစွမ်းကောင်းပြသသွားခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ အဖွင့်ဂိုးကိုဖန်တီးပေးနိုင် ခဲ့ပါတယ်။ဒါ့အပြင် မော်ရာ ရဲ့ သွင်းဂိုးကလည်း သူ့ရဲ့ အ့ံံမခန်း ဘောလုံးပေးပို့မှုကနေစတင်ခဲ့တာဖြစ်ပါတယ်။အခုလို ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဒယ်လီ အလီ အပေါ် မော်ရင်ဟိုက – ” သူနဲ့ အတူ ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။ကျွန်တော်ဟာ လေ့ကျင့်ရေးကွင်းမှာကော ကွင်းအပြင်ဘက်မှာပါသူနဲ့ မိစန် အနည်းငယ်ကြာအောင် အချိန်ဖြုန်းခဲ့ပါတယ်။အကောင်းဆုံး ဆိုတဲ့ ဒယ်လီအလီ တယောက် ပြန်ရောက်လာဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို လည်း ပြောဆိုထားခဲ့ကြပါတယ်။သူဟာ အကောင်းဆုံးတွေထဲကတဦးမဖြစ်လာစရာမရှိ၊နိုင်ငံအသင်းအတွက်မကစားရတာမျိုး မရှိအောင်ကိုကောင်းလွန်းပါတယ် “လို့ပြောခဲ့တာဖြစ်ပါတယ်။

အလီကိုယ်တိုင်ကလည်း အခုချိန်မှာ အရင်ကထက်ပိုပြီးကောင်အောင်ကြိုးစားဖို့ ရည်မှန်းထားတယ်လို့ ဝန်ခံခဲ့ပါတယ်။ပွဲချိန် ရ၉ မိနစ်မှာ အဲရစ်ဆင်နဲ့ လူစားလဲခဲခဲ့ရတဲ့ ဒယ်လီအလီက – ” ကျွန်တော် ဒီရာသီမှာကောင်းကောင်းကစားနုျင်နေတယ်လို့ထင်ပါတယ်။ဒါပေမယ့်ပိုကောင်းအောင်လုပ်ဖို့လိုပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားရမှဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေခဲ့တဲ့ အပြင် နည်းပြအပြောင်းအလဲတွေပါဖြစ်ပေါ်ခဲ့တဲ့ အခု ရက်သတ္တပတ်တွေအတွင်း ခံစားချက်တွေ အကြောင်းမေးမြန်းရာမှာတော့ အလီက – ” စိတ်ပိုင်းဆိုင်ရာ အရ အတော်လေးကို နေရ ခက်ခဲတဲ့ ရက်သတ္တပတ်မျိုးဖြစ်ခဲ့ပါတယ်။ပိုချက်နဲ့ အချိန်အကြာကြီးနေခဲ့တာဖြစ်လို့ဝမ်းနည်းမိပေမယ့် လုပ်စရာအလုပ်ကတော့ရှိနေပါတယ်။

အတတ်နိုင်ဆုံး အကောင်းတွေဖြစ်အောင် ကြိုးစားနေရမှာဖြစ်ပြီး အသင်းနဲ့ ပရိသတ်တွေအတွက် ကြိုးစားပေးရမှာဖြစ်ပါတယ်။အခုနိုင်ပွဲရဲ့ အဟုန်ကိုဆက်ပြီးသယ်ဆောင်ရမှာဖြစ်ပါတယ်။လုပ်စရာတွေ အများကြီးရှိနေသေးတာဖြစ်ပြီး အခုကစပြီး တိုးတက်အောင်လုပ်ဖို့ လိုနေပါပြီ “လို့ပြောခဲ့ပါတယ်။