* အာဆင်နယ် အသင်းဟာ ရာသီကြို တတိယမြောက် ခြေစမ်းပွဲစဉ် အဖြစ် မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၄:၃၀ မှာ စီရီးအေ ကလပ် ဖီအိုရစ်တီးနား အသင်း နဲ့ ယှဉ်ပြိုင် ကစားသွားမှာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း ကွင်းလယ်လူ အိုဇေးလ် က ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ လူငယ် ကစားသမားလေး ဝီးလော့ ဟာ ရာသီသစ်မှာလည်း အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ ချီးကျူး စကားဆို သွားခဲ့ပါတယ် ။

* 90 mins ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ အိုလံပီယာကောစ့် အသင်း ရဲ့ ဗဟို နောက်ခံလူ ဆစ်စီ ကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိနေတ်လို့ သိရပါတယ် ။ ဆီနီဂေါ လက်ရွေးစင် နောက်ခံလူ ဆစ်စီဟာ အရပ် ၆ ပေ ၆ လက်မ အထိ မြင့်မားပြီး အသက်ကလည်း ၂၃ နှစ်သာ ရှိပါသေးတယ် ။

* အိုဇေးလ် က ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာ ပြဿနာတွေ အပြင် နည်းပြသစ် ရဲ့ နည်းစနစ် နဲ့ အသားကျဖို့ အတော်လေး ခက်ခဲခဲ့ကြောင်း ဝန်ခံ ပြောကြား လိုက်ပြီး ၊ သူနဲ့ အမ်မရီ ကြားမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

Mesut Ozil

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ က ယခုလက်ရှိ အသင်းခေါင်းဆောင် ကော့စီရယ်နီ ဟာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေကြောင်း အတည်ပြု ပြောကြားလိုက်ပြီး အသင်းခေါင်းဆောင် အဖြစ် ရှာကာ ၊ အိုဇေးလ် ၊ မွန်ရီရဲလ် တို့အပြင် အင်္ဂလိပ် ကစားသမား တစ်ဦးကိုလည်း ခန့်အပ်သွားမယ်လို့ ဆိုပါတယ် ။

* အိုဇေးလ် ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ လူငယ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အထူး သဘောကျ နှစ်သက်နေပြီး ဂျိုးဝီးလော့ ၊ အန်ကီတီးယား ၊ ရိုင်းစ်နယ်လ်ဆင် ၊ စမစ်ရို တို့ဟာ အသင်းကြီးမှာ နေရာ ရလာနိုင်သူတွေ ဖြစ်ကြောင်း ချီးကျူး ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ ပိုလန် လူငယ် နောက်ခံလူ ဘီလစ် ကို စာချုပ် သက်တမ်း မတိုးတော့ဖို့ ဆုံးဖြတ်ထားတယ်လို့ The Sun က ဖော်ပြလိုက်ပါတယ် ။ ဘီလစ် ဟာ ပြီးခဲ့တဲ့ ရာသီက ချာလ်တန် အသင်းမှာ အငှား သွားရောက် ကစားခဲ့ပြီး သူ့ရဲ့ အသက်အရွယ် အရ လူငယ် အသင်းမှာ မကစားချင်တော့ကြောင်း နဲ့ အာဆင်နယ် အသင်းကြီးမှာ ပွဲထွက်ခွင့် ရဖို့ မျှော်လင့်ထား ကြောင်း ထုတ်ဖော် ပြောကြား ထားဖူးပါတယ် ။

* အာဆင်နယ် အသင်း နဲ့ သတင်းကြီးနေတဲ့ ဘရာဇီး တောင်ပံ ကစားသမား အဲဗာတန် ဟာ အင်္ဂလိဂ် ဘာသာစကားကို လေ့လာ သင်ယူ နေတာကြောင့် ပရီးမီးယားလိဂ် အသင်း တစ်သင်းကို ပြောင်းရွှေ့ လာဖွယ် ရှိနေတယ်လို့ Metro က ဖော်ပြ လိုက်ပါတယ် ။

* ဂန်းနား တောင်ပံ ကစားသမားဟောင်း အလက်ဇန္ဒား လှပ်ဘ် က နည်းပြကြီး အာဆင်ဝင်းဂါး တားနေတဲ့ ကြားက အာဆင်နယ် အသင်း ကနေ ထွက်ခွာခဲ့မိတဲ့ အတွက် နောင်တ ရမိကြောင်း အင်တာဗျူး တစ်ခုမှာ ဝန်ခံ သွားခဲ့ပါတယ် ။

Arsene Wenger

* အာဆင်နယ် အသင်းဟာ ဂျူဗင်တပ်စ် အသင်း ရဲ့ တိုက်စစ်မှူး မွိုက်စ်ကိန်း ကို ခေါ်ယူဖို့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ ကို ဆက်သွယ်မှုတွေ ပြုလုပ် နေတယ်လို့ Daily Mail က ဖော်ပြ လိုက်ပါတယ် ။

* အာဆင်နယ် အသင်းဟာ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဆီဘယ်လော့ကို ခေါ်ယူ နိုင်မယ်လို့ ယုံကြည်နေကြောင်း Sky Sportsက ဆိုပါတယ် ။ အာဆင်နယ် အသင်း ဟာ တီယာနေး အတွက် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပြီး ဆီဘယ်လော့ကိုတော့ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်း နေတာပါ ။

* ဂန်းနားတို့ရဲ့ အပြောင်းအရွှေ့ ဂုရုဟောင်းကြီး မစ်စလင်တက် က အာဆင်နယ် အသင်းဟာ သူ့ကို နည်းစနစ် ဒါရိုက်တာ ခန့်အပ်မယ်ဆိုတဲ့ ဆိုပြီး ကတိ ပေးခဲ့ပေမယ့် အသင်းရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားချိန်မှာ အသင်းသားဟောင်းကိုသာ ခန့်အပ်ဖို့ စီစဉ်နေတာကြောင့် အမ်းမရိတ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ် ။

* ဖီအိုရစ်တီးနား နဲ့ ပွဲအတွက် အာဆင်နယ် အသင်း ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
———————————————————-
ဂိုး – မာတီနက်ဇ် ။
နောက်တန်း – ဂျက်ကင်ဆန် ၊ ချိန်ဘာ ၊ မူစတာဖီ ၊ ကိုလာစီနက် ။
အလယ်တန်း – မိတ်လန်နိုင်းလ်စ် ၊ ဝီးလော့ ၊ နယ်လ်ဆင် ၊ အိုဇေးလ် ။
ရှေ့ တန်း – အူဘာမီယန်း ၊ အန်ကီတီးယား ။

SPORTS MYANMAR