ယူနိုက်တက် အသင်းရဲ့ နည်းပြ ကြီးဆိုးလ်ရှားက သူ့အသင်းဟာဒီရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင် ခွင့်တနေရာစာကို ရရှိနိုင်လိမ့်မယ် လို့ ယုံကြည်နေပုံပါပဲ။ယူနိုက်တက်တို့ ့ဟာ လတ်တလောမှာရလဒ်ပိုင်း မတညိငြိမ်မှုတွေကြုံတွေ့နေရပြီး အဆင့်၄နေရာက ချဲဆီးလ်နဲ့ ၁၀ မှတ်အကွာအနေအထားအထိကိုရောက်ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း အဆင့် ၆နေရာနဲ့ သာပန်းဝင်နိုင်ခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်သာရရှိထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အခုရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ အများအပြားပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိန်းစ် တို့ ၃ဦးအတွက် စုစုပေါင်း ပေါင်သန်း ၁၅၀ ဝန်းကျင် သုံးစွဲထားပေမယ့် ရလဒ်တွေက ထင်သလောက် တိုးတက် ကောင်းမွန်နေခြင်းမရှိထားသေးတာဖြစ်ပါတယ်။ဒါပေမယ့် နည်းပြကြီး ဆိုးလ်ရှားကတော့ သူ့အသင်းဟာ ချဲဆီးလ်၊လက်စတာ တို့လိုTop 4 ပြိုင်ဘက်အသင်းတွေကို အနိုင်ရထားပြီးပြီလို့ဆိုပါတယ်။

ယူနိုက်တက် အသင်းဟာ ယနေ့ ညမှာတော့ တန်းတက် ရှက်ဖီးလ်ယူနိုက်တက် အသင်းကို အဝေးကွင်းမှာသွားရောက် ရင်ဆိုင်ရဖို့ရှိနေပြီးအနိုင်ရခဲ့ပါက အဆင့် ၅နေရာအထိ ကို တက်လှမ်းသွားနိုင်မှာလည်းဖြစ်ပါတယ်။ဒီပွဲအကြို ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာတော့ ဆိုးလ်ရှားက –

” ကျွန်တော်တို့ အသင်း Top 4 ဝင်နိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။ကျွန်တော်တို့ အနေနဲ့ အခုလို ခက်ခဲဲ့ အနေအထား တွေရောက်အောင် ကိုယ့်ဘာသာကိယ် လုပ်ဆောင်ခဲ့မိကြတာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ကစားခဲ့နဲ့ ပွဲတွေကို ပြန်ကြည့်ရင်တော့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာကိုမြင်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီရာသီမှာ ချဲဆီးလ် အသင်းကို အနိုင်ရထားပြီးပါပြီ။လက်စတာ အသင်းကို လည်းအနိုင်ကစားထားပါတယ်။အာဆင်နယ်၊ လီဗာပူး အသင်း တွေနဲ့ ပွဲတွေ မှာလည်း ကျွန်တော်တို့ သရေ ကျအောင် ကစားထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် လည်း ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ စိန်ခေါ်မှု တွေပေးတတ်တဲ့ အသင်းတွေ နဲ့ ပွဲမျိုးမှာ တိုးတက်ဖို့ လိုသေးတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ကျွန်တော်တို့ဟာ လွမ်းမိုးပြီးဖိဖိစီးစီးကစားနိုင်သလို အဖွင့်ဂိုးအရင်သွင်းနိုင်တဲ့ပွဲမျိုးတွေကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော် အခုလောလောဆယ် တွေးနေမိတာကတော့ ဒဏ်ရာကနေ ပြန်လာ နိုင် ခဲ့ပြီဖြစ်တဲ့ မာရှယ်ရဲ့ အခြေအနေအကြောင်းပဲဖြစ်ပါတယ်။အကယ်၍သူ့ကိုသာ ကြံ့ခိုင်မှုရအောင်ထိန်းထားနိုင်ခဲ့ရင် ကျွန်တော်တို့အသင်းရမှတ်တွေပြန်ရဖို့ အတွက် အခွင့်အရေးဖြစ်လာနိုင်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်း ရင်ဆိုင်ရဖို့ရှိနေတဲ့ ရှက်ဖီးလ် အသင်းဟာ တန်းတက်တွေထဲမှာအကောင်းဆုံးအသင်းအဖြစ်ရှိနေပြီး နောက်ဆုံး၅ပွဲဆက် ရှံုးပွဲမရှိသေးတဲ့အသင်းလည်းဖြစ်ပါတယ်။တော်မီနေးလ်၊ ပေါ့ဘာတို့ လို အဓိက ကစား သမား တွေပါဝင်နိုင်ဦးမှာ မဟုတ်သေးပေမယ့်ဒီပွဲကို ဇယားထိပ်ပိုင်းတက်ရောက်ဖို့ အခွင့်အရေးအဖြစ် အသုံးချနိုင်မယ် ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက – ” ဘယ်အသင်းအတွက် မဆို အခုလို ပွဲတွေ အများကြီးကစားရတဲ့ အခိုက်အတန့် မျိုးဟာ တကယ်အရေးကြီး ပါတယ်။ ကျွန်တော်တို့ အသင်းအတွက် လည်း အလားတူပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ကိုယ်ရဲ့ အပေါ်ရောက်နေတဲ့ ရှက်ဖီးလ် နဲ့ မကြာခင်မန်စီးတီးတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မော်ရင်ဟို ရောက်လာတဲ့ စပါး အသင်း၊ အဲဗာတန် တို့နဲ့ ကစားရမယ့် ပွဲတိုင်းကလည်း ခက်ခဲတဲ့ ပွဲတွေ ဖြစ်ပါတယ်။ဗီလာနဲ့ ပွဲကလည်းမလွယ်ပါဘူူ။သူတုု့ိဟာ အသင်းအများစုကို ကောင်းကောင်း ရင်ဆိုင် ကစားထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ကျွန်တော်တို့ အတွက် ကတော့ ပွဲတွေ မှာ ခြေစွမ်းပိုင်း တည်ငြိမ် မှုရအောင် လုပ်ဖို့ လိုပါတယ်။နိုင်ငံတကာ ပွဲတွေ မတိုင်မီ မှာ ကစားထားခဲ့တဲ့ အတိုင်းသာ ဆက်ကစားနိုင်မယ်ဆိုရင်ကျွန်တော်တို့ ဇယားထိပ်ပိုင်းကို ကျိန်းသေရောက်ရှိမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR