စနေ နေ့ ညရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်စီးတီး အသင်းက ချဲဆီးလ် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အီတီဟတ် မှာ ကစားခဲ့တဲ့ ဒီ ပွဲမှာ ဧည့်သည် ချဲဆီးလ် အသင်း ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် မန်စီးတီးအသင်းက ချေပဂိုးကော အနိုင်ဂိုးပါ လိုက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေ မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင် ခဲ့တဲ့ ချဲဆီးလ်တို့ဟာ အခုပွဲမှာလည်း ပွဲချိန် ၂၁ မိနစ်မှာသွင်းယူခဲ့တဲ့ ကန်တေရဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒီဘရိုင်းနဲ့ မာရက်ဇ် တို့က ဆက်တိုက်ဆိုသိလို ဂိုးတွေပြန်သွင်းပေးခဲ့လို့ ပထမပိုင်းမှာပဲ အနိုင်ပြန်ရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လူစား လဲ မှုတွေ အသီးသီး ပြုလုပ်သွား ခဲ့ပြီး ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ကြပေမယ့် အခွင့်အရေးအချို့ကို အသုံးမချနိုင်ခဲ့လို့ ၂-၁ ဂိုးရလဒ်နဲ့ပဲပွဲပြီးခဲ့ရတာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာပွဲကျပ်တပွဲကို အနိုင်ရခဲ့တာဖြစ်ပေမယ့် အစောပိုင်းမှာ လီဗာပူးအသင်းက လည်းပဲလေ့စ်ကို အနိုင်ရခဲ့ လို့ ၉မှတ်ကွာဟနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းကို ကျော်ပြီး အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ရွိုင်ကိန်းကတော့လက်ရှိချန်ပီယံမန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း ချန်ပီယံဆုအတွက် အဆုံးစွန်အထိ တိုက်ပွဲဝင်သွားဖို့ရှိနေတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Sky Sports ရဲ့ အစီအစဉ် တခုမှာ ရွိုင်ကိန်းက -” မန်စီးတီး အသင်းရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ဒီနေ့ မှာ မြင်တွေ့လိုက်ရပါတယ်။ချဲဆီးလ်အသင်း ရဲ့ အမှားတွေကနေ သူတို့က ပြန်ပြီး အပြစ်ပေးခဲ့ကြတာဖြစ်ပြီး ဒါဟာ အသင်းကောင်းတွေ လုပ်နေကြ လုပ်ရပ်မျိုးဖြစ်ပါတယ်။ကျွန််တော်တို့ဟာ မန်စီးတီးအသင်းရဲ့ ခံစစ် ပြသနာတွေ အကြောင်းကိုဒီပွဲ မတိုင်မီမှာပြောဆိုသုံးသပ်ခဲ့ကြပေမယ့် သူတို့ ကတော့ ချန်ပီယံတွေလိုတုန့်ပြန်သွားခဲ့ကြပါတယ်။သူတို့ဟာ ဒီပွဲကို အနိုင်ရဖို့ အတွက် လည်း ထိုက်တန် ခဲ့ကြပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာနဲ့ ပတ်သက်ပြီး လည်း ရွိုင်ကိန်းက – ” ကျွန်တော့်အနေနဲ့ ဂွာဒီယိုလာတို့ လို လူတွေရဲ့ စကားတွေကို နားထောင်ရတာနှစ်သက်ပါတယ်။သူတို့ဟာ နည်းပြဘဝမှာအောင်မြင်မှုတွေ အများကြီးရထားပြီး အောင်မြင်မှုတွေရယူဖို့ဘယ်လောက်အထိခက်ခဲတယ်ဆိုတာကို အခြားသူတွေထက် ပိုပြီးကောင်းကောင်းသိပါတယ်။

ဒီရာသီမှာ မန်စီးတီး အသင်း ချန်ပီယံ မဖြစ်ခဲ့ရင်လည်း ကမ္ဘာကြီးက အဆုံးသတ် မသွားသေးပါဘူးဗျာ။ဒါကိုရဖို့ဘယ်လောက်အထိ မလွယ်ကူဘူးဆိုတာသူတို့က အသိအမှတ်ပြုလေးစားသမှုရှိပါတယ်။ဒါပေမယ့်သူတို့ ဟာအရှုံးပေးသွားကြမှာတော့မဟုတ်ပါဘူး။အဆုံးစွန်အထိကို တိုက်ပွဲဝင်နေကြပါလိမ့်မယ် ” ိလို့ပြောခဲ့ပါတယ်။

မန်စီးတီးနည်းပြ ကြီးဂွာဒီီယိုလာကတော့ လမ်းပတ်ရဲ့ ချဲဆီးလ်ဟာ အတော်လေးကောင်းတဲ့ အသင်းတသင်းဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာ ဂွာဒီယိုလာက-

” သူတို့ ( ချဲဆီးလ်) အသင်းဟာ အရမ်းကောင်းပြီး အံံ့မခန်းအသင်းတသင်းဖြစ်ပါတယ်။နောက်ပိုင်း နှစ်၂၀ လောက်အတင်းမှာဆိုရင် ဒီအသင်းကအခြေအနေ မဆိုးတာကို မြင်ရမှာဖြစ်ပါတယ်။နောက်ပိုင်း ၆နှစ် ရနှစ်လောက်အတွင်းမန်စီးတီးကဆုလားပိုရခဲ့ပေမယ့် အဲ့ဒီမတိုင်မီမှာတော့ ယူနိုက်တက်နဲ့ ချဲဆီးလ်တို့ကအကောင်းဆုံးအသင်းတွေပါပဲ။

အခုဆိုရင်အသင်းတိုင်းက လူငယ်လေးတွေကို သတ္တိရှိရှိနေရာပေးလာကြပါပြီ။သူတို့ဟာ ဘာကို မှအဆုံးအရှံုးမခံတတ်ပဲ ဘောလုံးကိုတိုက်စစ်ကိုဆွဲယူပြီးကစားတတ်တဲ့သူတွေရှိထားပါတယ်။ဒီရာသီမှာ လက်စတာ၊လီဗာပူး၊ချဲဆီးလ်၊ကျွန်တော်တို့ အသင်းအပါအဝင်ထိပ်သီးအသင်းတိုင်းက ကောင်းကောင်းကစားနိုင်နေကြပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR