အင်တာ မီလန် အသင်း ဟာ ယနေ့ ညနေ ပိုင်းက ကစား ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်း နဲ့ ပွဲ မတိုင် မီ မှာ ယူနိုက်တက် တိုက်စစ်မှုး လူကာကူ ကို ပေါင် ၅၄ သန်း + အပိုဆု ကြေး နဲ့ ကမ်းလှမ်း ခဲ့ ပေမယ့ ယူနိုက်တက် ဘက် ကနေ ပယ်ချ သွားခဲ့ ပါတယ် ။ အင်တာ နည်းပြ ကွန်တီ ကတော့ ပွဲ အပြီး သတင်းစာ ရှင်းလင်း ပွဲမှာ လူကာကူ ဟာ အင်တာ မီလန် ကို ပိုပြီး ကောင်းမွန် စေနိုင်တဲ့ ကစား သမားမျိုး ဖြစ်ပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ လူငယ် နောက်ခံလူ တွမ်ဇီဘီ ကို ချီးကျုး စကား ဆိုသွား ခဲ့ပြီး သူ့ရဲ့ အနာဂါတ် ဟာ ကလပ် မှာ ရှိ နေပါတယ် လို့ ပြောဆို သွားခဲ့ တာ ကြောင့် တွမ်ဇီဘီ ကို အငှား စေလွှတ် ဖွယ် မရှိ နိုင်ဘူး လို့ သုံးသပ်မှု တွေ ရှိလာခဲ့ ပါတယ် ။

ဂျူဗင်တပ် တိုက်စစ်မှုး ပေါ်လို ဒိုင်ဘားလား ကို မန်ချက် စတာ ယူနိုက်တက် ၊ အင်တာ မီလန် ၊ ဘိုင်ယန် မြုးနစ် နဲ့ PSG အသင်း တို့ က စိတ်ဝင် စား နေတယ် လို့ သိရ ပါတယ် ။ ဂျူဗင်တပ် ကတော့ ဒိုင်ဘားလား အတွက် ယူရို သန်း ၈၀ နဲ့ ဆုကြေးငွေ ကို တောင်းဆို သွားမယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် လူငယ် ကစား သမား ရီနာတို ဆန်းချက် ကတော့ သူ ဟာ ဘိုင်ယန် မှာ ပဲ ဆက်ရှိ နေမယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

ပဲလေ့စ် အသင်း ဟာ ယူနိုက်တက် ကို ပြောင်းရွှေ့ သွားတဲ့ ဘစ်ဆာကာ ရဲ့ နေရာ အတွက် လီဗာပူး နောက်ခံလူ ကလိုင်း ကို ချိတ်ဆက် ဖို့ လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဒါရိုက်တာ အဘီဒယ် ကတော့ အသစ် ရောက်ရှိ လာတဲ့ တိုက်စစ်မှုး ဂရစ်ဇ်မန်း ဟာ့ အသင်းကြီး တွေ နဲ့ ရင်ဆိုင် ရတဲ့ ပွဲတွေ မှာ ခြားနားမှု တွေ ကို ဖြစ်စေ လိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး နောက်ခံလူ ဘင်ဂျမင် မန်ဒီ ကတော့ ဒဏ်ရာ ကြောင့် တစ်လ ခန့် အနားရ ဖို့ ရှိ နေပြီး ပရီးမီးယားလိဂ် အဖွင့် ပွဲတွေ ကို လွဲချော် မယ် လို့ သိရ ပါတယ် ။

ဂျုဗင်တပ် အသင်း ရဲ့ နည်းပြ ဆာရီ ကတော့ သူ ဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ကို နှစ်သက် သူ ဖြစ် ပေမယ့် အပြောင်း အရွှေ့ ကိစ္စ ကိုတော့ သေချာ ပေါက် မပြောဆို နိုင် ပါဘူး လို့ သတင်းစာ ရှင်းလင်း ပွဲမှာ ဖြေကြား သွားခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ အပြောင်း အရွှေ့ မပိတ်သိမ်း ခင် မှာ ဆီဘယ်လော့ နဲ့ တိုင်ယာနီ တို့ ကို အရ ခေါ်ယူ နိုင်မယ် လို့ ယုံကြည် နေကြောင်း သိရ ပါတယ် ။

နာပိုလီ အသင်း ဟာ နီကိုလပ်စ် ပီပီ နဲ့ မော်ရို အီကာဒီ တို့ ကို စောင့်ကြည့် နေပေမယ့် နည်းပြ ကားလိုစ့် အန်ဆယ်လော့တီ ကတော့ ရီးရဲ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကို သာ နံပါတ် တစ် ဦးစားပေး အဖြစ် သတ်မှတ် ထားပြီး ခေါ်ယူ နိုင်ဖို့ ကြိုးပမ်း နေဆဲ ဖြစ်တယ် လို့ သိရှိ ရ ပါတယ် ။

ရိုးမား အသင်း ကတော့ ဖီအိုရင်တီးနား ကစား သမား ဂျော်ဒန် ဗာရီတွတ် ကို ယူရို ၁၇ သန်း ဖြင့် ခေါ်ယူ လိုက်နိုင်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ကတော့ လာမယ့် ရာသီ မှာ အသုံးပြု မယ့် VAR စနစ် တွေ ကို အသင်းတွေ ရဲ့ ကွင်းတွေ မှာ တပ်ဆင် ဖို့ စတင် လုပ်ဆောင် နေပြီ လို့ ကြားသိရ ပါတယ် ခင်ဗျာ . . .

SPORTS MYANMAR