လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာတုန်းက ၄င်းရဲ့ အချိန် အများစု ကို ချယ်လ်ဆီး အသင်း မှာပဲ ကုန်ဆုံး ခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း က ထွက်ခွာ လာခဲ့ပြီးနောက် အမေရိကန် ကလပ် နယူးယောက် စီးတီး အသင်း ကို ပြောင်းရွှေ့ ခဲ့ပါတယ် ။ အဲ့ဒီနောက် လမ်းပတ် ဟာ မန်စီးတီး အသင်း သို့ တရာသီ အငှား နဲ့ ရောက်ရှိ လာခဲ့ပါတယ် ။

ထိုစဉ် က လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို ပြိုင်ဖက် အနေနဲ့ ထိပ်တိုက် တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ် မှာ မန်စီးတီး အတွက် ဂိုးသွင်း ပေးခဲ့ပြီး ချယ်လ်ဆီး ပရိသတ် တွေ အတွက် ရင်နာ စေခဲ့ပါတယ် ။ သို့ပေမယ့် လည်း လမ်းပတ် ဟာ ၄င်းရဲ့ အသင်းဟောင်း အပေါ် အရမ်း လေးစား တဲ့ အတွက် အောင်ပွဲခံခဲ့ခြင်း မရှိခဲ့ပါဘူး ။ ထိုနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ချွင်းချက် မရှိ ဆွတ်ခူး ခဲ့ပါတယ် ။

အခု အခါမှာ အသင်း ဟောင်း ချယ်လ်ဆီး အသင်း ဆီသို့ နည်းပြ အဖြစ် နဲ့ ရောက်ရှိ လာတဲ့ လမ်းပတ် က မနေ့က Daily Mail နဲ့ အင်တာဗျူး မှာ မန်စီးတီး မှာ အငှား နဲ့ လာရောက် ကစားခဲ့တုန်း က အခိုက်အတန့် အချို့ နဲ့ လက်ရှိ ပတ်ဂွာဒီယိုလာ လက်ထက် က မန်စီးတီး အသင်း ရဲ့ အနေအထား နဲ့ ပတ်သက်ပြီး အခုလို သုံးသပ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် မန်စီးတီး ကို အငှား လာကစား ခဲ့တုန်းက နည်းနည်း မူမမှန် ခဲ့တဲ့ အချိန် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ခဏပဲ လာကစား ခဲ့တယ် ဆိုပေမယ့် ကစား ရတာ အတော်လေး အဆင်ပြေ ခဲ့ပါတယ် ။ ခင်ဗျား အနေနဲ့ ဘောလုံး လောက မှာ ဒီလို အဖြစ်အပျက်မျိုး ဖြစ်လာ လိမ့်မယ် လို့ တခါတလေ ကျရင် ခန့်မှန်း လို့ မရနိုင်ပါဘူး ။ အခုဆို အဲ့ဒီ က အတွေ့အကြုံ တချို့ကြောင့် ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း က ကျွန်တော့ ကို ဘယ်လို ပုံစံ နဲ့ ရှေ့ဆက် စေချင်လဲ ဆိုတာ ကောင်းကောင်း သဘောပေါက် နေပါပြီ ။ ”

” အဲ့ဒီတုန်း က မန်စီးတီး အသင်း ဟာ လူငယ် ကစားသမား ကောင်း တွေနဲ့ မတူညီတဲ့ စီနီယာ ကစားသမား တွေကို အချင်းချင်း ချိတ်ဆက်ပြီး ပရီးမီးယားလိဂ် ကို ထိုးဖောက် နေတဲ့ ကာလ ဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်မို့ မန်စီးတီး မှာ ကစားခဲ့ ရတာ ကျွန်တော့ အတွက် ဘာမှ အဆင်မပြေစရာ မရှိခဲ့ပါဘူး ။ ကစားသမား ဘဝ ပြီးဆုံးချိန် မှာလည်း ကျွန်တော် ဟာ ရှည်လျားပြီး အောင်မြင်မှု တွေ ရရှိ စေခဲ့တဲ့ ချယ်လ်ဆီး အသင်း အပေါ် ကျေးဇူး တင်သလို ၊ အရမ်း လှပတဲ့ ကစားသမား ဘဝ အဆုံးသတ် ကို ပေးခဲ့တဲ့ မန်စီးတီး နဲ့ နယူးယောက် စီးတီး အသင်း တွေကိုလည်း ကျေးဇူး တင်ချင်ပါတယ် ။ ”

” အခုလို ချယ်လ်ဆီး အသင်း နည်းပြ တယောက် ဖြစ်လာဖို့ အတွက် အဲ့ဒီ နှစ်က အတွေ့အကြုံ တွေက ကျွန်တော့ ကို အများကြီး အထောက်အကူ ပေးခဲ့ပါတယ် ။ မန်စီးတီး ဟာ မတူညီတဲ့ အိုင်ဒီယာ တွေ ၊ မတူညီတဲ့ အစီအစဉ် တွေ ၊ ဘယ်လို ပုံစံ နဲ့ အသင်း ကို ထိန်းကျောင်း စေချင်တဲ့ အကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး ကျွန်တော့ ကို သင်ခန်းစာ အများကြီး ပေးခဲ့ပါတယ် ။ နောက်ပြီး ၂၀၀၃ – ၂၀၀၄ ကာလ တုန်းက ချယ်လ်ဆီး အသင်း နဲ့ အခု မန်စီးတီး အသင်း အကြားမှာ ဆက်စပ်မှု တွေ ရှိနေတယ် လို့ ကျွန်တော် မြင်မိပါတယ် ။ ”

” မန်စီးတီး အသင်း ဟာ ချယ်လ်ဆီး အသင်း ကို အေဘရာမိုဗစ်ခ်ျ ပြောင်းလဲ ခဲ့သလို အစအဆုံး ပြောင်းလဲမှု တွေ တောက်လျှောက် လုပ်ဆောင် ခဲ့ပါတယ် ။ ချယ်လ်ဆီး နဲ့ မတူညီတဲ့ လမ်းကြောင်း တွေ ဆိုလို့ နည်းနည်း ပဲ ကွဲပြားမှု ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒါက ပြဿနာ မရှိပါဘူး ။ အခု အချိန်မှာတော့ မန်စီးတီး ၊ ချယ်လ်ဆီး ၂သင်းလုံး ဟာ အောင်မြင် နေကြတဲ့ အသင်း တွေ အဖြစ် ရပ်တည် နေပါပြီ ။ ”

” ဆုဖလား တွေ အတွက် အမြဲတမ်း တိုက်ပွဲ ဝင်နေကြသလို ၊ ကိုယ့်ရဲ့ အဆင့်အတန်း ၊ စံနှုန်း တွေကိုလည်း အကောင်းဆုံး သတ်မှတ် ထားနိုင် ကြပါတယ် ။ ကျွန်တော် မန်စီးတီး ကနေ ထွက်ခွာ ခဲ့တော့ ပတ် ဂွာဒီယိုလာ က မန်စီးတီး ကို ကိုင်တွယ် ခဲ့ပါတယ် ။ သူဟာ အလုပ် အရမ်း ကြိုးစားသူ ဖြစ်ပြီး အချက်အလက် ကျကျ လုပ်ဆောင် လမ်းညွှန် နိုင်သူ ဖြစ်ပါတယ် ။ သူတို့ရဲ့ ကစားပုံ ၊ စွမ်းဆောင်ရည် တွေဟာ တခြား ဘယ် ခေတ်အခါ က ထိပ်တန်း အသင်းကြီး ရဲ့ စွမ်းဆောင်ရည် တွေမဆို ကောင်းကောင်း ယှဉ်နိုင်စွမ်း ရှိပါတယ် ။ ”

” မန်စီးတီး ဟာလည်း အဆင့်အတန်း မြင့်မား နေတဲ့ အသင်း တသင်း ဆိုတာ ကျွန်တော် တို့ မြင်နိုင်ဖို့ လိုပါတယ် ။ သူတို့မှ မဟုတ်ပါဘူး ၊ အခုဆို လီဗာပူး ရဲ့ ကစားပုံ ဟာလည်း အတော်လေး လှပ လာပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် တို့ အနေနဲ့ အခုအချိန်မှာ စိတ်ကူးယဉ် နေလို့ မရတော့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR