မန်စီးတီး ဟာ ဒီနေ့ နံနက် အမှတ်ပေး ဇယား ထိပ်ပိုင်း မှ ပြိုင်ဖက် ချဲလ်ဆီး အသင်း ကို အနိုင် ကစား နိုင်ခဲ့ ပေမယ့် အဓိက တိုက်စစ် ကစားသမား ဖြစ်သူ ဆာဂျီယို အဂူရို ဒဏ်ရာ ရရှိ ခဲ့ခြင်း က ပက် ဂွာဒီယိုလာ အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်ခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အတွင်း ပွဲချိန် 76 မိနစ် မှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ အဂူရို ရဲ့ အနေအထား ဟာ စိုးရိမ် ရဖွယ် ရှိနိုင် မလား လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ အမေး ခံလိုက် ရတဲ့ အခါ ဂွာဒီယိုလာ က …

” ဆာဂျီယို ရဲ့ ဒဏ်ရာ အနေအထား က ဆိုးရွား လှတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူ့ရဲ့ ပုံစံ ကို ကြည့် ရတာ အဲ့လို ဖြစ်နေ ခဲ့တယ် လေ ။ ဒဏ်ရာ အတိမ်အနက် အတိအကျ ကိုတော့ ကျွန်တော် တို့ မနက်ဖြန် သိကြ ရမှာ ပါ ”

” မနက်ဖြန် စောင့်ကြည့် ရတာ ပေါ့ ။ သူဟာ ကြွက်သား ဒဏ်ရာ ခံစား နေခဲ့ ရပုံ ပါပဲ ။ သူ့ရဲ့ ဒဏ်ရာ ကတော့ အဲ့ဒီလို ပါပဲ ။ ကျွန်တော် တို့ အသင်း မှာ လူငယ် ကစားသမား လေးတွေ ရှိနေကြ ပါတယ် ။ ကျွန်တော် တို့ ဒီ နေရာ ကို ဖြည့်စွက် နိုင်ဖို့ ကြိုးစား သွား ကြမှာ ပါ ” လို့ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်ကြ တဲ့ ရိုဒရီ နဲ့ ဆေးလ်ဗား တို့ဟာ မောပမ်း နွမ်းနယ် နေခဲ့ ကြကြောင်း ဂွာဒီယိုလာ က သူ့ရဲ့ ကစားသမား တွေရဲ့ အနေအထား ကို ရှင်းပြ သွားခဲ့ လိုက် ပါတယ် ။

” ရုုိဒရီ နဲ့ ဆေးလ်ဗား တို့ ကတော့ မောပန်း နေခဲ့ ကြတာ ပါ ။ သူတို့ တွေဟာ ကြွက်သား တွေ နာကျင် နေခဲ့ ကြ ပါတယ် ။ ရိုဒရီ ဟာ ဒဏ်တွေ ပိုပြီး ခံခဲ့ ရ ပါတယ် ။ ဒီနေ့ လို ပွဲစဉ် တွေဟာ ကစားသမား တွေ အတွက် တောင်းဆို မှု များလှ ပါတယ် ” လို့ ဂွာဒီယိုလာ က ပြောကြား သွားခဲ့ ပါတယ် ။

မန်စီးတီး အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မတိုင်မီ ချဲလ်ဆီး အသင်း ဟာ ပရီးမီးယား လိဂ်မှာ 6 ပွဲဆက် အနိုင် ရရှိ ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ဒီနေ့ နိုင်ပွဲ အပြီး မှာတော့ ဂွာဒီယိုလာ က ဦးဆောင် ဂိုး ပေးခဲ့ ရတဲ့ အချိန် က သူတို့ အတွက် ခက်ခဲ ခဲ့ကြောင်း လမ်းပတ် ရဲ့ လူငယ် ကစားသမားတွေ ပွဲကို ဖတ်ရှု နိုင်တဲ့ အပေါ် ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဦးဆောင် ဂိုး ပေးလိုက် ရတဲ့ အချိန် မှာ ကျွန်တော် တို့ အတော်လေး ခံစား ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ အတွက် အကောင်းဆုံး အခိုက်အတန့် က ကယ်ဗင် ဂိုးသွင်း လိုက်တဲ့ အချိန် ပါပဲ ။ အဲ့တာ ပြီးတော့ ကျွန်တော် တို့ဟာ အခွင့်အရေး တွေ များစွာ လွဲချော် ခဲ့ကြ သလို ဘောလုံး ပိုင်ဆိုင် မှု တွေကို လည်း ဆုံးရှုံး ခဲ့ကြ ပါတယ် ”

” ဒုတိယ ပိုင်း မှာတော့ ကျွန်တော် တို့ အဲ့တာ ကို ထိန်းချုပ် နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ခက်ခဲ တဲ့ အခိုက်အတန့် တွေမှာ ဘောလုံး ဆုံးရှံုး ခဲ့ကြ ပါတယ် ။ သူတို့ တွေက ကျွန်တော် တို့ရဲ့ ဘောလုံး ပေးပို့ မှု တွေကို ခန့်မှန်းရာ မှာ ဆရာ ကျခဲ့ ကြ ပါတယ် ။ ချဲလ်ဆီး ဟာ တစ်ကယ့် ပြိုင်ဖက် ကောင်းပါ ၊ ဒါပေမယ့် ကျွန်တော် တို့ တိုက်ပွဲ ဝင်နိုင် ခဲ့ကြ ပါတယ် ” လို့ ဂွာဒီယိုလာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar