ဒီတစ်ပါတ် ပွဲစဉ် ရလဒ်များ

လီဂါနက်စ် 1 – 2 ဘာစီလိုနာ
ဂရာနာဒါ 1 – 1 အေတီကို
ရီးယဲ မက်ဒရစ် 3 – 1 ရီးယဲ ဆိုဆီဒက်

အမှတ်ပေး ဇယား ရပ်တည်မှု

(1) ဘာစီလိုနာ – 28 မှတ် ( 13 ပွဲ )
(2) ရီးယဲ မက်ဒရစ် – 28 မှတ် ( 13 ပွဲ )
(3) အေတီကို – 25 မှတ် ( 14 ပွဲ )

ဘာစီလိုနာ အသင်း ဟာ အမှတ်ပေး ဇယား အောက်ဆုံး က လီဂါနက်စ် အသင်း ကို အနိုင် ယူပြီး နောက် အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဘာကာ တို့ ဂိုးသွင်း ပိုကောင်း ဖို့ လိုအပ် ခဲ့ကြောင်း တွေ့ရှိ ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဘာကာ တို့ ဦးဆောင်ဂိုး ပေးခဲ့ ရပေမယ့် ဆွာရက်ဇ် ရဲ့ ခြေပဂိုး ၊ ဗီဒယ် ရဲ့ အနိုင်ဂိုး ကြောင့် ဒုတိယပိုင်း သွင်းဂိုး တွေနဲ့ နိုင်ပွဲ ရရှိ ခဲ့ရ ပါတယ် ။ ဆွာရက်ဇ် ရဲ့ ခြေပဂိုး ကို ဖန်တီး ခဲ့တဲ့ မက်ဆီ ကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်ခဲ့ ပါတယ် ။

 

ဒီ ရာသီ လာလီဂါ မှာ အသင်း အတွက် 9 ပွဲ ပါဝင် ကစား ပေးထား ခဲ့တဲ့ ဗီဒယ် ဟာ 4 ဂိုး သွင်းယူ နိုင်ခဲ့ ပါပြီ ။ ဒါဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက 33 ပွဲ ကစား ပေးခဲ့ တာထက် 1 ဂိုး ပိုမို သွင်းယူ နိုင်ခြင်း ဖြစ်ခဲ့ ပါတယ် ။

ပရိသတ် တွေ ကတော့ ဗီဒယ် ဟာ ဝေဖန် မှုတွေ အောက် ကျရောက် နေတဲ့ နည်းပြ ဗယ်လ်ဗာဒီ ကို ကယ်တင် ခဲ့တယ် လို့ မှတ်ချက် တွေ ကိုယ်စီ ပေးနေ ခဲ့ကြ ပါတယ် ။

ပွဲစဉ် အပြီး မှာတော့ အနိုင် ဂိုးရှင် ဗီဒယ် က ဘာစီလိုနာ အသင်း ဟာ ကောင်းမွန် တဲ့ ခံစားချက် တွေကို ပိုင်ဆိုင် ထားခြင်း မရှိခဲ့ကြောင်း ၊ သူတို့ ဒီထက် တိုးတက် ဖို့ လိုအပ် သေးကြောင်း ဝန်ခံ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဗယ်လ်ဗာဒီ ကလည်း အသင်း ဟာ အကောင်းဆုံး အနေအထား မှာ မရှိ ခဲ့ကြောင်း ၊ ဒါဟာ သေချာပေါက် အနိုင် ကစား ရမယ့် ပွဲမျိုး ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာ အဝါကဒ် ပြသ ခံခဲ့ ရတဲ့ ဘာကာ ကွင်းလယ်လူ ဘက်စ်ကွက် ဟာ အဝါကဒ် 5 ကဒ် ပြည့်မြောက် ခဲ့ပြီ ဖြစ်တာ ကြောင့် အေတီကို နဲ့ အရေးကြီး ပွဲစဉ် ကို ကစား ခွင့် လွဲချော် ရပါ တော့မယ် ။

ဘာစီလိုနာ ပရိသတ် တွေ ကတော့ ပြင်သစ် လက်ရွေးစင် အသင်း မှာ ခြေစွမ်း ပြနိုင် သလောက် ဘာစီလိုနာ မှာ ရုန်းကန် နေခဲ့ ရတဲ့ ဂရစ်ဇ်မန်း အပေါ် စိတ်ပျက် နေကြ ပါတယ် ။

မန်ဒို ဒီပိုတီဗို့ ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်း ဟာ ချဲလ်ဆီး အသင်း နောက်ခံလူ ခရစ္စတန်ဆန် ကို စိတ်ဝင်စား နေတယ် လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ကစားသမား ဟောင်း မာရှေ့ယာနို ကတော့ အာဂျင်တီးနား ကလပ် အက်စတူဒီယန်တက်စ် အသင်း နဲ့ တရားဝင် စာချုပ် ချုပ်ဆို လိုက်ပြီ လို့ သိရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ နိုင်ပွဲ နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 2 နေရာ မှာ ရပ်တည် နေဆဲ ပါပဲ ။ ဘာကာ အတွက် ဂိုးတွေ ကိုတော့ ဘန်ဇီးမား ၊ ဗယ်လ်ဗာဒီ နဲ့ မိုဒရစ် တို့က သွင်းယူ ပေးခဲ့ ကြ ပါတယ် ။

 

ဒီပွဲ မှာတော့ ဘန်ဇီးမား က တစ်ဂိုး သွင်း တစ်ဂိုး ဖန်တီး ပြီး လာလီဂါ ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ဆက်လက် ရပ်တည် နိုင်ခဲ့ သလို တစ်ဂိုး သွင်း နှစ်ဂိုး ဖန်တီး ခဲ့တဲ့ မိုဒရစ် ကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ပွဲချိန်ပြည့် ပါဝင် ကစား ခဲ့ ရတဲ့ ဟာဇက် ကတော့ အသင်း ရဲ့ သွင်းဂိုး တွေနဲ့ ပါဝင် ပတ်သက် နိုင်ခြင်း မရှိ ခဲ့ပဲ ရုန်းကန် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အသင်းဖော် တွေကို အထောက်အပံ့ ကောင်းတွေ ပေးနိုင် ခဲ့ ပါတယ် ။

ဝေးလ် အတွက် ကစားပေး ခဲ့စဉ် တုန်းက ဝေးလ် – ဂေါက်သီး – ရီးယဲ မက်ဒရစ် ဆိုတဲ့ အလံကိုင် ခဲ့တဲ့ ဘေးလ် ကို ပရိသတ် တွေက ရိုဒရီဂို – ဗီနီရှပ် – လူးကပ်စ် – ဘေးလ် ဆိုပြီး ပြန်လည် လှောင်ပြောင် ခဲ့ကြ ပါတယ် ။

ဆိုဆီဒက် ကို အနိုင် ရရှိ ခဲ့တဲ့ အဆိုပါ ပွဲစဉ် မှာ တစ်ကွင်းလုံး လိုက်လံ ကစား ခဲ့တဲ့ ဖက်ဒရီကို ဗယ်လ်ဗာဒီ ကို ပရိသတ် တွေက အထူး ချီးကျူး ခဲ့ကြ ပါတယ် ။

ဇီဒန်း ကတော့ ဘေးလ် အပေါ် လှောင်ပြောင် မှုတွေ ကို ဒီ ရာသီ အတွင်း ထပ်မံ မမြင်တွေ့ ရဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ထို့အတူ ရီးယဲ မက်ဒရစ် ဒါရိုက်တာ ကလည်း ဘေးလ် အပေါ် ထပ်မံ လှောင်ပြောင်ခြင်း တွေ မပြုလုပ် ပဲ စုစုစည်းစည်း ရှိနေ ဖို့ ပရိသတ် တွေကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

သတင်းသမား တွေ ကတော့ ဇီဒန်း ဟာ ရုန်းကန် နေတဲ့ ရီးယဲ မက်ဒရစ် အသင်း ကို လမ်းကြောင်း အမှန် အပေါ် ပြန်လည် ဆွဲတင် နေပြီ ဖြစ်ကြောင်း ချီးကျူး ခဲ့ကြ ပါတယ် ။

အေတီကို ကတော့ ဂရာနာဒါ နဲ့ ပွဲစဉ် မှာ ဦးဆောင် ဂိုး သွင်းယူ နိုင်ခဲ့ ပေမယ့် မကြာမီ ပြန်လည် ပေးခဲ့လိုက် ရတဲ့ ခြေပ ဂိုးကြောင့် အဝေးကွင်း မှာ သရေ တစ်မှတ်သာ ရယူ နိုင်ခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာလည်း နောက်ခံလူ လိုဒီ က ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ပြီး ဦးဆောင် ဂိုး သွင်းပေး နိုင်ခဲ့ကာ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ အခွင့်အရေး ကောင်းကို ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ပဲ မိုးပေါ် ထောင်ကန် သလို ဖြစ်သွား ခဲ့တဲ့ တိုက်စစ်မှူး မိုရာတာ ကို ပရိသတ် တွေက ‘ မိုရာတာ ဟာ မိုရာတာ ပါပဲ ‘ လို့ စိတ်ပျက်ဖွယ် မှတ်ချက် ပေးခဲ့ ကြ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ လူငယ် ကစားသမား လေး ဂျွာအို ဖဲလစ် ဟာ အသင်း အတွက် ပြန်လည် လူစားဝင် ကစား ပေးနိုင် ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ပွဲချိန် ပြီးဆုံး ကာနီး မှာ အေတီကို တို့ ပင်နယ်တီ ရရှိ ခဲ့သင့် သလား ဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။ အေတီကို အသင်း ရဲ့ လူငယ် တိုက်စစ် ကစား သမား လေး ဒါရီိယို ပိုဗီဒါ ဟာ ဧရိယာ ထဲ ဘောလုံး ကန်ဖို့ လုပ်ခဲ့တဲ့ အချိန် ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရ ပေမယ့် ကွင်းလယ်ဒိုင် က ပင်နယ်တီ မပေးခဲ့ သလို VAR နဲ့လည်း မစစ်ဆေးခဲ့ ပါဘူး ။
အေတီကို အသင်း ရဲ့ နည်းပြ ဆီမြွန်နီ ကတော့ ဒါဟာ ဒီ ရာသီ အတွက် အသင်း ရဲ့ အကောင်းဆုံး အဝေးကွင်း စွမ်းဆောင်ရည် ဖြစ်ခဲ့တယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

အေတီကို ပရိသတ် တွေ ကတော့ ကွင်းလယ်လူ ဟတ်တာ ဟာရဲရား ရဲ့ လုပ်အားနှုန်း ဟာ အရမ်းပဲ ကောင်းမွန် ခဲ့တယ် လို့ ဝိုင်းဝန်း ချီးကျူး ခဲ့ကြ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ ဟာရဲရား ဟာ လိုဒီ ရဲ့ ဂိုးကို ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။

#Sports_Myanmar