ယနေ့Super Sunday မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တပွဲသာ ကစားသွားမှာဖြစ်ပြီး တန်းတက် ရှက်ဖီးလ်အသင်းနဲ့ နာမည်ကြီး ယူနိုက်တက် အသင်းတို့က မြန်မာစံတော်ချိန်ည ၁၁နာရီမှာ ယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။အခုလာမယ့် ပွဲစဉ်ဟာ လတ်တလော ခြေစွမ်းကောင်းပြသနေပြီး၅ပွဲဆက်ရှုံးပွဲမရှိထားသေးတဲ့ ရှက်ဖီးလ် အသင်းနဲ့ ရလဒ်ကောင်းတွေပြန်ရလာတဲ့ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲကောင်းတပွဲလည်းဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။

 

ပြိုင်ဘက် နှစ်သင်းကြား ခြေစွမ်းကွာဟမှု ကြီးကြီးမားမားမရှိထားပေမယ့်ဘဏ္ဍာရေးအင်အားကွာခြားမှု အတော်လေးကြီးမားနေတာကို Sport mail က အသေးစိတ်ထွက်ချက်ပြီးဖော်ပြခဲ့ပါတယ်။အဆိုပါသတင်းစာအရ အင်တာမီလန် အသင်းကို အငှားထွက်ကစားနေတဲ့ ဆန်းချက်အတွက်ပေးချေနေရတဲ့ လစာငွေပမာဏက ရှက်ဖီးလ်တသင်လုံးရဲ့ လစာထက်တောင်ပိုနေတယ်လို့သိရပါတယ်။

 

-ပွဲထွက်အသင်းတွေရဲ့ကုန်ကျစရိတ်နှိုင်းယှဉ်မှု

အိမ်ရှင်ရှက်ဖီးလ် အသင်းရဲ့ ယနေ့ညမှာ ပွဲထွက်လာဖွယ်ရှိနေတဲ့အသင်းဟာ စုစုပေါင်း ကုန်ကျငွေ ပေါင်၁၇ သန်းခန့်သာရှိမှာဖြစ်ပေမယ့် ယူနိုက်တက် အငင်းကတော့ ပေါင် ၃၀၅သန်းတန်အသင်းမျိုးနဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။ရှက်ဖီးလ်အသင်းရဲ့ကုန်ကျငွေဟာယူနိုက်တက်အသင်းကုန်ကျငွေရဲ့၅.၈ ရာခိုင်နှုန်းသာရှိနေတာလည်းဖြစ်ပါတယ်။

ရှက်ဖီးလ်အသင်းသာ သူတို့အသင်းရဲ့စံချိန်တင်ခေါ်ယူမှုဖြစ်တဲ့ပေါင်၁၇ သန်းတန်တိုက်စစ်မှူး မက်စ်ဘာနီးကို ပွဲထွက်စေပါက ကုန်ကျငွေ၂ဆအထိရှိမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းနဲ့ နှိုင်းယှဉ်ပါကအတော်လေးကွာဟနေသေးတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းမှာဒဏ်ရာရနေတဲ့ပေါ့ဘာ၊ မာတစ်၊ဘိုင်လီ၊ လုခ်ရှော၊ဒါးလော့ဒ်တို့ရဲ့စုစုပေါင်းကုန်ကျငွေကတောင်ပေါင် ၂၁၈သန်းအထိရှိနေပါတယ်။

ယူနိုက်တက် ပွဲထွက်စာရင်းမှာ စျေးအကြီးဆုံးအဖြစ် ပေါင်သန်း ၈၀ တန်မက်ဂွိုင်းယားကဦးဆောင်လာဖို့ရှိနေပေမယ့် ရှက်ဖီးလ်မှာတော့ပေါင်၁ သန်းတန် ၃ဦးလောက်အထိ ပွဲထွက်လာဖို့ရှိနေပါတယ်။ယူနိုက်တက်အသင်းကနေ အငှားလာကစားပေးနေတဲ့ ဂိုးသမားဟန်ဒါဆန်ကတော့ဒီပွဲကိုပါဝင်ခွင့်ရှိမှာမဟုတ်ပါဘူး။

-လစာငွေနှိုင်းယှဉ်မှု

ပြီးခဲ့တဲ့ ရာသီကုန်မှာ အဆင့် ၆၊ လတ်တလောမှာ အလယ်အလတ် နေရာမှာ ရောက်နေတဲ့ ယူနိုက်တက်အသင်းဟာ လစာငွေပေးချေရမှုမှာတော့ အများဆုံးအဖြစ်ပေါင် ၁၇၁ သန်းနဲ့ ရပ်တည်နေပါတယ်။ရှက်ဖီးလ်အသင်းကတော့ ပေါင် ၁၄သန်းသာပေးချေနေရလို့ အနည်းဆုံးအသင်းအဖြစ်လည်းရပ်တည်နေပါတယ်။

ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ဆန်းချက်ကို အင်တာအသင်းထံအငှားချထားပေမယ့် ဒီချီလီသားရဲ့ တနှစ်လုပ်ခ ပေါင် ၂၁ သန်းမှာ အင်တာအသင်းက ၄.၅ သန်းဝန်းကျင်သာပေးချေနေတာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ယူနိုက်တက်အသင်းက၁၆.၅ သန်းအထိပေးချေနေရလို့ ရှက်ဖီးလ်တသင်းလုံးစားထက်တောင်ပိုများနေတာဖြစ်ပါတယ်။

 

– နည်းပြတွေရဲ့ လုပ်ခလစာနှိုင်းယှဉ်မှု

၁၉၉၉ ချန်ပီယံလိဂ်ဖိုုင်နယ်မှာဂိုးသွင်းနိုင်ခဲ့တဲ့ ဆိုးလ်ရှားက ကမ္ဘာ့ဘောလုံးလောက မှာကျော်ကြားပေမယ့် အယ်ဖရက်တန်၊ ဟာလီဖစ်၊ အောက်စ်ဖို့ဒ်တို့လို Non-League ပြိုင်ပွဲဝင်အသင်းတွေနဲ့ နည်းပြဘဝစခဲ့ရတဲ့ ခရစ်ဝိုင်ဒါကိုသိတဲ့သူအတော်လေးရှားပါတယ်။ဝိုင်ဒါဟာ ၂၀၁၀ ပြည့်နှစ်မှာ အောက်စဖို့ဒ်နဲ့ ၂၀၁၆ မှာနော့သန်တန်တို့ကို တန်းတက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ နည်းပြအတွေ့အကြံုနုနယ်သေးတာဖြစ်ပြီး ကာဒစ် အသင်း နဲ့ အခြေအနေမကောင်းခဲ့ပဲ မိုလ်ဒီီ အသင်းကိုတော့နော်ဝေမှာ ကောင်းကောင်းဦးဆောင်ပေးနိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းကိုကိုင်တွယ်နေချိန်မှာတော့ပြိုင် ပွဲစုံ၄၇ ပွဲအပြီးရှံုးပွဲ ၁၃ပွဲကြုံတွေ့ထားပြီးပြီဖြစ်ပါတယ်။ဆိုးလ်ရှားက တနှစ်လျင်လုပ်ခလစာ ပေါင် ရ.၅သန်းရရှိနေပြီး ဝိုင် ဒါကတော့ တနှစ်လုပ်ခပေါင်၁ သန်း သာရရှိနေတာဖြစ်ပါတယ်။

– သမိုင်းကြောင်းနဲ့လတ်တလောအလြေအနေနှိုင်းယှဉ်မှု

ဒီနှစ်သင်းဟာ ၂၀၀၆ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအဖြစ်ဆုံတွေ့ နေတာဖြစ်ပါတယ်။၁၉၉၂ နောက်ပိုင်းမှာတာ့ လိဂ်ပွဲ၆ပွဲအဖြစ်ရင်ဆိုင်ထားဖူးပြီး ယူနိုက်တက် က ရာနှုန်းပြည့်အနိုင်ရထားပါတယ်။ဒီနှစ်သင်းနောက်ဆုံးဆုံတွေ့ထားတာကတော့၂၀၁၆ ခုနှစ်FA ဖလားမှာဖြစ်ပြီး ယူနိုက်တက်ကပဲ အနိုငရထားပါတယ်။

ဘဏ္ဍာရေး အင်အားနဲ့ သမိုင်းကြောင်း အစဉ်အလာ ကွာဟချက်ကြီးမားနေပေမယ့် လည်းလတ်တလောမှာ ရှက်ဖီးလ်က ယူနိုက်တက်တက် ပုံစံကောင်းရနေသလို အမှတ်ပေးဇယားမှာလည်းအပေါ်မှာရှိနေပါတယ်။သူတို့ဟာအိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ရထားပြီး ယူနိုက်တက်ကိုလည်း ဒုက္ခပေးဖို့ကြိုးစားကြဦးမှာဖြစ်ပါတယ်။

SPORTS MYANMAR