ဘာစီလိုနာအသင်းရဲ့ အားထားရတဲ့ ကစားသမား မက်ဆီဟာ ဒီကနေ့မှာပဲ အသင်းထံ ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပြီး၊ အီနီယေစတာ ထွက်ခွာသွားတာကြောင့် အသင်းခေါင်းဆောင်ရာထူးကိုလဲ တရားဝင် ရယူသွားမှာ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ကိုးနှစ်အတွင်း စပိန်မှာ မဟာပြိုင်ဘက်ကြီး ရို်လ်နာဒို မရှိတော့တဲ့ ဘောလုံးရာသီက ပထမဆုံးအကြိမ် ကစားသွားရတော့မှာ ဖြစ်ပါတယ်။

* တစ်ချိန်တည်းမှာပဲ အသင်းရဲ့ နောက်တန်းလူတွေဖြစ်တဲ့ ပီကေး၊ ဂျော်ဒီအယ်ဘာတို့လဲ အသင်းထံ ပြန်လည်ရောက်ရှိ လာကြပြီ ဖြစ်သလို၊ လိုအပ်တဲ့ ဆေစစ်မှုတွေ ပြုလုပ်သွားခဲ့ကြပါတယ်။ တာစတီဂျန်ကတော့ အသင်းနဲ့အတူ ဒါးလက်မှာ ပူးပေါင်းသွားနိုင်ခဲ့ပါပြီ။

* လူးကပ် ဒစ်နေး ထွက်ခွားသွားတဲ့ အရံဘယ်နောက်ခံလူ နေရာအတွက်တော့ ဘာစီလိုနာဟာ ဈေးကွက်မှာ ကစားသမားသစ်တွေ ရှာဖွေမှာ မဟုတ်တော့ပဲ၊ အသက် 20 အရွယ် လူငယ်ကစားသမားလေးဖြစ်တဲ့ ကူကူရီရယ်လာ၊ အသက် 18 နှစ်အရွယ် ကစားသမားလေးဖြစ်တဲ့ ဂျူအန်မီရန်ဒါ တို့ကို အသုံးပြုသွားဖွယ် ရှိနေပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ စပါးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့သလို၊ မီရန်ဒါက ပွဲထွက်ကစားခဲ့တာ ဖြစ်ပြီး၊ ကူကူရယ်လာကတော့ ဒုတိယပိုင်းမှာ ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

* သတင်းကောင်းတစ်ခုကတော့ ဂိုးမက်ဇ်ရဲ့ ဒဏ်ရာဟာ ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာတော့ 4-5 ပတ်သာ အနားယူရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်း သတင်းတွေမှာတော့ ပေါ်တူဂီ ကွင်းလယ်လူဟာ 3 လ နီးပါး အနားယူရမှာ ဖြစ်တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့တာပါ။

* လက်ရှိ ဘာစီလိုနာအသင်းနဲ့အတူ ရာသီအကြို ခြေစမ်းပွဲတွေမှာ ပါဝင် ပူးပေါင်း ကစားနေတဲ့ ရာဖင်ဟာကတော့ သူ့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြကစားပေးနိုင်ခဲ့တဲ့ အင်တာမီလန် အသင်းထံ ပြန်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး၊ သူ့ရဲ့ အနာဂတ် ကိစ္စတွေအားလုံးကိုတော့ သူ့ရဲ့ ကိုယ်စားလှယ်တွေကပဲ ဆောင်ရွက်ကြလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

* ဘာစီလိုနာအသင်းရဲ့ နောက်တန်းကစားသမား ဆာဂီ ရော်ဘတ်တိုကတော့ သူ့အနေနဲ့ စပိန်နဲ့အတူ ကမ္ဘာ့ဖလား ပါဝင်ဆင်နွဲခွင့် မရခဲ့တဲ့အတွက် စိတ်ပျက်မိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲဒီအချိန်က လိုပက်တီဂူဟာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ ကာဗာဟယ်ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

* အသင်းရဲ့ ကစားသမားဟောင်း ဇာဗီရဲ့ ဖခင်ဖြစ်သူ ဂျိုအာကွင်းကတော့ ဘာစီလိုနာ ကစားသမားသစ် အာသာဟာ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်တာ မှန်သော်လဲပဲ အသင်းမှာ အံဝင်အောင် အလုပ်တွေ အများကြီး ကြိုးစားဖို့လိုသလို၊ ဘာစီလိုနာ DNA မျိုး စိတ်ထဲမှာ မွေးဖွားနေမှသာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့သား ဇာဗီဟာ ဘာစီလိုနာ နည်းပြဖြစ်လာဖို့ အိပ်မက် မက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

* “ ရာသီသစ် စတင်ပြီဆိုတာနဲ့ မျှော်လင့်ချက်တွေကတော့ အများကြီးပါပဲ၊ ပြီးတော့ ကစားသမားသစ် 3 ယောက် ရောက်ရှိလာခဲ့သလို၊ အဲဒီထဲက နှစ်ယောက်ဟာ ဘရာဇီးသားတွေလေ။ သူတို့အားလုံးဟာ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို အကောင်ထည်ပေါ်လာဖို့ ကူညီပေးကြပါလိမ့်မယ်။ ကျနော်တို့ကလဲ ဆုဖလားတွေအားလုံးကို သိမ်းပိုက်ချင်တာပါ။ ချန်ပီယံလိဂ် ဖလားကြီးကိုလဲ တစ်နေ့နေ့မှာ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်” ကော်တင်ဟို

* အလက်ဆစ် ဗီဒယ်နဲ့ ဆီဗီလာတို့ရဲ့အကြားက အပြောင်းအရွှေ့တွေဟာ မကြာခင်မှာ တရားဝင်ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဆီဗီလာဘက်က ကစားသမားကို ပြန်လည်ခေါ်ယူချင်သည့်တိုင်အောင်၊ ကော်ရီရာကို လာဇီယိုထံ အရင်ရောင်းချပြီးမှသာ ဗီဒယ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို လုပ်ဆောင်မယ့်အကြောင့် အသိပေးထားခဲ့တာပါ။ လက်ရှိမှာတော့ ဆီဗီလာကစားသမား ကော်ရီရာဟာ လာဇီယိုကို ပြောင်းရွှေ့ဖို့ အလွန်ကို နီးစပ်နေပြီ ဖြစ်ပါတယ်။