မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ဘရာမော လိန်းမှာ ပရီးမီးယား လိဂ်ရဲ့ ဒုတိယမြောက် ပေးဂိုး အနည်းဆုံး အသင်း ဖြစ်တဲ့ ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ခဲ့ ရပြီး 3 – 3 ဆိုတဲ့ ရလဒ် နဲ့ သရေ တစ်မှတ်သာ ရယူ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အိမ်ရှင် အသင်း ဖက်မှ ပထမပိုင်း အတွင်း တစ်ဂိုး သွင်းယူ နိုင်ခဲ့ သလို ကောင်းမွန် တဲ့ ဂိုးပေါက် ကန်ချက် တွေနဲ့ ဒီဂီယာ ကိုလည်း ဖိအားတွေ ပေးနိုင် ခဲ့ကြ ပါတယ် ။ ဒါ့အပြင် ဒုတိယပိုင်း မှာလည်း နောက်ထပ် ဦးဆောင်ဂိုး တစ်ဂိုး သွင်းယူ ခဲ့ပြီး ယူနိုက်တက် ပရိသတ် တွေကို စိတ်ပျက် စေခဲ့ ကြ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ဟာ ပွဲချိန် 72 မိနစ် နဲ့ 79 မိနစ် အကြား မှာ လူငယ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဘရန်ဒန် ဝီလီယံ ၊ မာဆွန် ဂရင်းဝုဒ် ၊ မားကပ်စ် ရပ်ရှ်ဖို့ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ တိုက်ပွဲဝင် စိတ်ဓါတ် တွေကို ပြသ နိုင်ခဲ့ ကြ ပါတယ် ။ ပွဲချိန် မိနစ် 90 မှာတော့ မက် ဘာနီ က ခြေပ ဂိုး ပြန်လည် သွင်းယူ သွား ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ သရေ တစ်မှတ် နဲ့သာ အိမ်ပြန် ခဲ့ကြရ ပါတယ် ။

အဆိုပါ ရလဒ် ထွက်ပေါ် ခဲ့ခြင်း နဲ့ ပတ်သက်လို့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက နှစ်ဂိုးပြတ် ရှုံးနိမ့် ခဲ့ချိန် အသင်းသား တွေရဲ့ တိုက်ပွဲဝင် စိတ်ဓါတ် မြင်တွေ့ ခဲ့ရခြင်း နဲ့ လူငယ် ကစားသမားတွေ ကြိုးစား ခဲ့ခြင်း က ကြီးမား လွန်းတဲ့ တိုးတက် ပြောင်းလဲမှု တစ်ရပ် ဖြစ်ခဲ့ ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” တစ်ခါတရံ မှာ ဘောလုံး အားကစား ဆိုတာ က နည်းစနစ်ပိုင်း ဆိုတာ ထက်ကို ပိုလွန်း ပါတယ် ။ ကျွန်တော် တို့ ပထမပိုင်း အတွင်း နဲ့ ဂိုး စတင် ရရှိ ခဲ့တဲ့ အချိန် အထိ လုပ်ဆောင်ချက် တွေကို ကြည့်ရှု လိုက်မယ် ဆိုရင် ကျွန်တော် တို့ ယုံကြည်ချက် တွေ စတင် မြင့်တက် လာခဲ့ ကြတာကို တွေ့မြင် ရပါ လိမ့်မယ် ”

” ဒီနှစ် နဲ့ မနှစ် တုန်းက အနေအထား တွေကို ထောက်ရှု လိုက်မယ် ဆိုရင် ခြားနားချက် တွေ ကြီးမား သွားခဲ့ တာကို မြင်တွေ့ ရပါ လိမ့်မယ် ။ သူတို့ အရှံုး မပေးပဲ တိုက်ပွဲ ဝင်ခဲ့ ကြ ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ တုန်းက ကျွန်တော် တို့ အကောင်းဆုံး ပြန်မလာ နိုင်ခဲ့ရင် လေး ၊ ငါးပွဲ လောက် ရှံုးနိမ့် နိုင်ခဲ့ ပါ လိမ့်မယ် ။ ကျွန်တော် တို့ အကောင်းဆုံး ပြန်လာ နိုင်မှာ မဟုတ် ပါဘူး ”

” ကျွန်တော် တို့ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် နေတဲ့ အချိန် မျိုးမှာ ဒီလို လုပ်ပြ နိုုင်ရ ပါ့မယ် ။ ကြောက်စိတ် ကင်းမဲ့စွာ နဲ့ ဒီလို လုပ်ပြ နိုင်ရ ပါ့မယ် ။ ကျွန်တော် တို့ သွင်းဂိုး ရဲ့ ပျမ်းမျှ အသက် က 20 ထက်တောင် ငယ်ရွယ် ခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော် တို့ အတွက် ဂုဏ်ယူ စရာ တစ်ခု ပါပဲ ”

” ဒါဟာ ကျွန်တော် တို့ အသင်း ရဲ့ လူငယ် ကစားသမား လေး တွေ အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အတွေ့ အကြံု တစ်ရပ် ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုရင် ဒီလို ကွင်း မျိုးမှာ အကောင်းဆုံး ပြန်လာ နိုင်ဖို့ ဆိုတာ လွယ်ကူ လှတဲ့ အရာ တစ်ခု မဟုတ်ဘူး လေ ” လို့ ဆိုးလ်ရှား က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ဘယ်လို ခံစား ရလဲ လို့ အမေး ခံလိုက် ရတဲ့ အချိန် …

” ခံစာချက် တွေ ရောထွေး နေခဲ့ ပါတယ် ။ ကျွန်တော် တို့ မပျော်နိုင် ပါဘူး ။ ပွဲစဉ် အတွက် အရေး အကြီးဆုံး အရာ ကို ကျွန်တော် တို့ မလုပ် နိုင်ခဲ့ ကြ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ ရလဒ် ကို ပြောင်းပြန် လှန်နိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ဘာ လုပ်နိုင် သလဲ ဆိုတာ ပြသ ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့ ဒါကို တစ်ပွဲလုံး လုပ်ပြ နိုင်ကြ ရ ပါ့မယ် ။ ကျွန်တော် တို့ လုပ်ဆောင် နိုင်တယ် ဆိုတာ သိကြ ပါတယ် ။ ဒါပေမယ့် အဲ့တာ ကို သက်သေ ပြဖို့ လိုအပ် နေ ပါတယ် ။ ရှက်ဖီး ယူနိုက်တက် က သူတို့ ဒါကို လိုအပ် နေတယ် ဆိုတာ ကျွန်တော် တို့ထက် ပိုပြီး ပြသ ခဲ့ကြ ပါတယ် ”

” သူတို့ တွေဟာ Game Plan အပေါ် ကျွန်တော် တို့ထက် ပိုပြီး ယုံကြည် သက်ဝင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ပထမပိုင်း အတွင်း ဂိုးပေါက် ခြိမ်းခြောက်မှု တောင် မပိုင် နိုင်ခဲ့ ကြ ပါဘူး ။ ဒါဟာ လက်မခံ နိုင်စရာ ပါပဲ ” လို့ ဆိုးလ်ရှား က ပြောသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar