လက်ရှိ အချိန် မှာတော့ ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ဇီဒန်း ဟာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါးရတ် ဘေးလ် ရဲ့ အနာဂတ် အပေါ် ပေးခဲ့တဲ့ မှတ်ချက် ဟာ သတင်း ကြီးနေ ခဲ့ ပါတယ် ။ ဒါပေမယ့် ဇီဒန်း ကတော့ သူဟာ ဘယ်သူ့ အပေါ် မှ မလေးမစား မလုပ်ခဲ့ကြောင်း ဖြေရှင်း သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် တို့ ဘိုင်ယန် မြူးနစ် အသင်း ကို 3 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါရတ် ဘေးလ် ဟာ ပွဲကြည့်စင် ပေါ်မှာသာ ရှိနေ ခဲ့ပြီး အသင်း ရဲ့ အရံခုံ ပေါ်တောင် ရှိနေခွင့် မပိုင်ဆိုင် ခဲ့ ပါဘူး ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ နည်းပြ ဇီဒန်း ကိုယ်တိုင် က ကစားသမား ဖြစ်သူ ဟာ အသင်း မှ ထွက်ခွာ သွားတာ ကမှ ပိုကောင်း ဦးမယ် ဆိုတဲ့ မှတ်ချက် ပေး စကား ပြောကြား ခဲ့ပါ သေးတယ် ။ အခုတော့ ဇီဒန်း က သူ ပြောခဲ့တဲ့ စကား အပေါ် ပြန်လည် ဖြေရှင်း သွားခဲ့ ပါတယ် ။

” တစ်ခါတလေ ကျွန်တော် ပြောတဲ့ စပိန် ဘာသာ စကား က အကျိုး မဖြစ်တာ တွေ ရှိနေ တက် ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ရှင်းရှင်းလင်းလင်း ပဲ ပြောချင် သူပါ ”

” ပထမ တစ်ခု အနေ နဲ့ ကျွန်တော် ဟာ ဘယ်သူ့ ကိုမှ မလေး မစား မပြောဆို ခဲ့ ပါဘူး ။ အထူးသဖြင့် ကျွန်တော် တို့ အသင်း ရဲ့ ကစားသမား တစ်ဦး ကို ပိုလို့ တောင် မလေးမစား မလုပ်ဖြစ် ပါဘူး ။ ကျွန်တော် အမြဲတမ်း တူညီ တဲ့ စကား ပဲ ပြောလေ့ ရှိတက် ပါတယ် ။ ကျွန်တော့် အတွက် တော့ ကစားသမား တွေဟာ အရေး အကြီးဆုံး တွေ ဖြစ်ကြ ပြီး ကျွန်တော် သူတို့ ဖက်က အမြဲ ရှိနေ တက် ပါတယ် ”

” ဒုတိယ တစ်ချက် အဖြစ် ပြော ရရင် ကျွန်တော် တို့ အသင်း ဟာ ကစားသမား ကို ရောင်းချ လို နေတယ် ဆိုတဲ့ အကြောင်း ပဲ ပြောကြား ခဲ့တာ ပါ ။ အခြား ဘာမှ မပြောထား ခဲ့ ပါဘူး ”

” တတိယ တစ်ချက် ကတော့ နောက် တစ်ရက် မှာ ဂါးရတ် ဟာ အသင်း အတွက် မကစား ပေးချင် တဲ့ အတွက် မကစား ပဲ နေခဲ့ ပါတယ် ။ သူက အသင်း ဟာ သူ့ကို ရောင်းချ လိုနေတယ် ဆိုတဲ့ အကြောင်း ပဲ ပြောနေ ခဲ့ပြီး ဒါ့ကြောင့် မကစား ပဲ နေခဲ့ တာပါ ”

” ကဲ အစ ကနေ ပြန်ပြော ရအောင် ၊ ဘေးလ် ဟာ ရီးယဲ မက်ဒရစ် ကစားသမား တစ်ဦး ပါ ။ ဘာမှ ပြောင်းလဲ မသွား သေး ပါဘူး ။ သူဟာ အသင်း နဲ့ ပုံမှန် အတိုင်း လေ့ကျင့် သွားမှာ ပါ ။ မနက်ဖြန် ဟာ မနက်ဖြန် ပါ ၊ ဘာဖြစ် မလဲ ဆိုတာ စောင့်ကြည့် ရတာ ပေါ့ဗျာ ”

” ခင်ဗျား တို့ လက်ရှိ အနေအထား အကြောင်း ကောင်းကောင်း သိရှိ ထားသူ တွေ ဖြစ်ကြ ပြီး အသင်း မှာ ဘာဖြစ် နေသလဲ ဆိုတာ လည်း သိရှိ ကြ ပါတယ် ။ ဒါပေမယ့် လက်ရှိ တော့ ဂါးရတ် ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကစားသမား တစ်ဦး ပါပဲ ”

” ဒါဟာ အရေး အကြီးဆုံး အချက် တစ်ခု ပါပဲ ။ ကျွန်တော် က ဂါးရတ် နဲ့ အလုပ် လုပ်နေ ရတာ သက်သောင့် သက်သာ မဖြစ်တဲ့ ပုံစံ မျိုး လုံးဝ မခံစားရ ပါဘူး ။ ကျွန်တော် ကတော့ သူ့ကို ဆက်လက် ထည့်တွက် သွား ဦးမှာပါ ” လို့ ဇီဒန်း က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar