* မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ် ပွဲစဉ် (၇)မှာ အာဆင်နယ် အမျိုးသမီး အသင်းဟာ လီဗာပူး အမျိုးသမီး အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ တိုက်စစ်မှူး မီဒမ်မာ က သွင်းယူပေးခဲ့တာပါ ။

 

နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး မီဒမ်မာ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပြီး သွင်းဂိုး ၁၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

* အချက်အလက် မှတ်တမ်းတွေအရ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၃ ) အပြီးမှာ စုစုပေါင်း ဂိုးပေါက် ကန်သွင်းခွင့် ၁၆၂ ကြိမ် အထိ ရရှိခဲ့ပြီး ပြိုင်ဘက်အသင်းတွေထံ ဂိုးပေါက် ကန်သွင်းခွင့် ၂၁၈ ကြိမ် အထိ ခွင့်ပြု ထားရပါတယ် ။ အာဆင်နယ် အသင်းဟာ တစ်ပွဲ ပျှမ်းမျှ ဂိုးပေါက် ကန်သွင်းခွင့် ၁၂.၅ ကြိမ် ရရှိနေပြီး ပြိုင်ဘက်ကို ၁၆.၈ ကြိမ် အထိ ပြန်လည် ခွင့်ပြု နေရတာပါ ။

* Telegraph ရဲ့ ဖော်ပြချက် အရ ဆောက်သမ်တန် အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ကစားသမားတွေဟာ နည်းပြ အမ်မရီ အပေါ် အယုံအကြည် မရှိကြတော့ကြောင်း နဲ့ အမ်မရီ လက်အောက်မှာ ချန်ပီယံလိဂ် ဝင်ခွင့်မရနိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ် ။

* ဘာစီလိုနာ အသင်း နောက်ခံလူ အမ်တီတီ က သူ့စိတ်ကြိုက် ငါးယောက် အသင်းမှာ သူကိုယ်တိုင် အပါအဝင် တာစတီဂျန် ၊ အင်နီယေစတာ ၊ မက်ဆီ တို့နဲ့ အတူ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကို ရွေးချယ် ပေးလိုက်ပါတယ် ။

* ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ရောဘတ်ပီရက်စ် က အာဆင်နယ် အသင်း နည်းပြ အမ်မရီ နဲ့ အသင်းသားတွေ အနေနဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတဲ့ အပေါ် အဖြေရှာသင့်ပြီ ဖြစ်ကြောင်း နဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အရေးကြီးကြောင်း သတိပေးသွားခဲ့ပါတယ် ။

* ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူ တိုနီအဒမ် က နည်းပြ အမ်မရီ ကို ထုတ်ပယ်စေချင်ပေမယ့် မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်း နည်းပြဟောင်း ပိုချက်တီနို ကိုတော့ မခန့်အပ်စေချင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နဲ့ လီဗာပူး အသင်းတို့ဟာ အသက် ၁၈ နှစ် အရွယ် ဝုလ်ဗာဟမ်တန် နောက်ခံလူ အိုတာဆိုဝီ ( Owen Otasowie ) ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတယ်လို့ The Sun က ဖော်ပြ လိုက်ပါတယ် ။

* လွန်ခဲ့တဲ့ ၁၆ နှစ် ၊ ဒီနေ့လို နေ့မျိုးမှာ အာဆင်နယ် အသင်းဟာ အင်တာမီလန် အသင်းကို ငါးဂိုး တစ်ဂိုး နဲ့ အနိုင်ယူပြီး ဆန်စီရို ကွင်းမှာ အနိုင်ရတဲ့ ပထမဆုံး အင်္ဂလန် အသင်း ဖြစ်လာ ခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီးပါက နည်းပြသစ် အဖြစ် အာတီတာ ၊ ရော်ဂျာ ၊ နေးလ်ဂယ်မန်း ၊ ဗီအဲရာ တို့ကို လျာထားတယ်လို့ အင်္ဂလန်​က သတင်းတွေမှာ အခိုင်အမာ ဖော်ပြ နေကြပါတယ် ။

SPORTS MYANMAR