နိုင်ငံ ပွဲတွေပြီး လို့ ပြန်လည် စတင် တဲ့ အပတ် မှာ ကလပ် အသင်း ပရိသတ်တွေ အတွက် မေ့မရနိုင် စရာ ပွဲစဉ်တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဖလာမင်ဂို အသင်း ပရိသတ်တွေ ကတော့ အခြား ပရိသတ်တွေ ထက် ပိုပြီး အမှတ် တရတွေ ကျန်ရစ် ခဲ့ မှာပါ ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီ ရက်သတ္တပတ် ဟာ သူတို့ အသင်း အတွက် နှစ်ပေါင်းမျာစွာ စောင့်ဆိုင်း ခဲ့ရတဲ့ အောင်ပွဲတွေ နဲ့ အတူ သမိုင်း တွင်ခဲ့ လို့ပါပဲ ။

ဖလာမင်ဂို ဟာ စနေနေ့ ညတုန်းက ကိုပါ လေဘာဒီတိုးစ် ဖလား ဖိုင်နယ် အဖြစ် အာဂျင်တီးနား ထိပ်သီး ကလပ် ရေးဗား ပလိတ် နဲ့ ယှဉ်ပြိုင် ကစား ခဲ့ရ ပါတယ် ။ ဒီဖလား ဟာ တောင်အမေရိက ကလပ် အသင်း တွေရဲ့ အထွဋ် အမြတ် ဖလား ဖြစ်သလို ဥရောပ ရဲ့ ချန်ပီယံ လိဂ် နဲ့ လည်း အဆင့် အတန်းချင်း တူညီတဲ့ ဖလား ဖြစ်ပါတယ် ။

ဖလာမင်ဂို ဟာ အသင်း တည်ထောင် တဲ့ ၁၂၄ နှစ် သက်တမ်း တစ်လျောက် ကိုပါ လေဘာဒီတိုးစ် ဖလား ကို ၁၉၈၁ ခုနှစ် က တစ်ကြိမ်သာ ရခဲ့ ဖူး ပါတယ် ။ ဖလား နဲ့ လက်တစ်ကမ်း အကွာ အထိ နီးစပ်မှု တွေ ရှိခဲ့ ပေမယ့် ဆယ်စုနှစ် ၄ ခု နီးပါး ဝေးကွာ နေတဲ့ မဟာ အောင်ပွဲကြီး ရဲ့ အရသာ ကိုတော့ မေ့ပျောက်နေ ခဲ့ကြ ပါတယ် ။

ဘရာဇီး နိုင်ငံ မာရာကာနာ ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ခဲ့တဲ့ စနေနေ့ ညက ပွဲမှာ လည်း ရေးဗား ပလိတ် ဟာ ၁၄ မိနစ် ကတည်းက အဖွင့်ဂိုး သွင်းယူ ပြီး အိမ်ရှင် ဘရာဇီး ပရိသတ်တွေ ကို သိမ်ငယ် နေစေခဲ့ ပါတယ် ။ ပွဲချိန် ကြာလာ တာ နဲ့ အမျှ အာဂျင်တီးနား ပရိသတ်တွေ ရဲ့ အော်သံတွေ ဟာ မာရာကာနာ ကွင်းကြီး ကို ဖုံးလွှမ်းလာခဲ့ ပြီး ဘရာဇီးသားတွေ အတွက် ကတော့ ၀မ်းနည်းဖွယ်ကောင်းတဲ့ ညချမ်း ဖြစ်နေခဲ့ ရပါတယ် ။

 

 

ဒါပေမယ့် ၈၉ မိနစ် မှာတော့ ဖလာမင်ဂို အသင်းဆီကို အင်တာ မီလန် ကနေ အငှား လာကစား နေတဲ့ ဘရာဇီး တိုက်စစ်မှုး ဂါဘရီရယ် ဘာဘိုဆာ ဂါဘီဂိုး က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ ပါတယ် ။ မိနစ် ၉၀ နီးပါး အောင့်အီး ထားရတဲ့ ဘရာဇီးသား တို့ရဲ့ အားခဲထားမှု တွေ ဟာ မာရာကာနာ ကွင်းကြီး ပွင့်အံထွက် သွား မတတ် ကျယ်လောင် တုန်ဟီးခဲ့ရ ပါတယ် ။

ဖလာမင်ဂို ပရိသတ်တွေ ရဲ့ အပျော်ဟာ ဒီနေရာမှာ တင်ပြီးဆုံး မသွားခဲ့ ပါဘူး ။ နောက်ထပ် ၃ မိနစ် အကြာ မှာပဲ ဂါဘီဂိုး က ဘရာဇီး ကလပ် အတွက် ၃၈ နှစ် ကြာ ဝေးကွာ နေတဲ့ တောင်အမေရိက ချန်ပီယံ ဆု ကြီး ကို ရယူ ကိုင်မြှောက် စေမယ့် အနိုင်ဂိုး ကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။ ပွဲအပြီး မှာတော့ ဖလာမင်ဂို တို့ ၂၀၁၉ ခုနှစ် ကိုပါ လေဘာဒီတိုးစ် ချန်ပီယံ ဖြစ်လာ ခဲ့ပြီး ဒီဇင်ဘာ ထဲ မှာ ကစားမယ့် ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရရှိ သွားခဲ့ ပါတယ် ။

အင်တာ ၊ ဘင်ဖီကာ တို့ မှာ အဆင်မပြေ ဖြစ်ခဲ့တဲ့ ဂါဘီဂိုး ကတော့ အမိမြေ ပေါ်မှာ သူရဲကောင်း ဖြစ်လာခဲ့ရ ပါတယ် ။ ယောက်ဖလောင်းကြီး နေမာ ကတော့ ဂါဘီဂိုး ရဲ့ သွင်းဂိုး အတွက် အကြီး အကျယ် အောင်ပွဲခံ ခဲ့ကြောင်း ဆိုရှယ် မီဒီယာ တွေက တဆင့် ပြန်သိခဲ့ရ ပါတယ် ။

ဖလာမင်ဂို ရဲ့ ပျော်ပွဲရွှင်ပွဲကြီး ဟာ ဒီမှာတင် ရပ်တန့် မနေခဲ့ ပြန် ပါဘူး ။ ကိုပါ လေဘာဒီတိုးစ် ဖိုင်နယ် အပြီး ၂၄ နာရီ မပြည့်ခင် မှာ ပဲ ဖလာမင်ဂို ဟာ ပြည်တွင်း အမှတ်ပေး ချန်ပီယံ ဆု ကို ပွဲ မကစားဘဲ ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

ဖလာမင်ဂို ဟာ ဘရာဇီး စီးရီးအေ ရဲ့ အဆင့် ၁ နေရာ မှာ ရပ်တည် နေပြီး ယမန်နေ့ ညက ကစား ခဲ့တဲ့ ပွဲစဉ် မှာ ပါမေးရပ်စ် အသင်း ဟာ ဂရီမီယို အသင်း ကို ရှုံးနိမ့် ခဲ့တာ ကြောင့် ဖလာမင်ဂို နဲ့ ၁၃ မှတ် ကွာဟ သွားခဲ့ရ ပါတယ် ။ ဒါကြောင့် ဖလာမင်ဂို ဟာ ရာသီကုန် ဖို့ ၄ ပွဲ အလိုမှာ တင် အမှတ်ပေး ချန်ပီယံ ဆု ကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

ဒီ ပြည်တွင်း အမှတ်ပေး ဖလား ဟာ လည်း ဖလာမင်ဂို အတွက် ဝေးကွာ နေတဲ့ အောင်ပွဲ တစ်ခု ဖြစ်ပြီး ၂၀၀၉ ခုနှစ် တုန်းက နောက်ဆုံး ရရှိခဲ့ တာ ဖြစ် ပါတယ် ။ ဒါကြောင့် ၃၈ နှစ် ကြာ ဝေးကွာ နေတဲ့ အောင်ပွဲ တစ်ခု နဲ့ ၁၀ စုနှစ် တစ်ခုပြည့်အောင် ကွဲကွာ နေခဲ့တဲ့ အောင်ပွဲ တစ်ခု တို့ကို တစ်ညသာ ခြားပြီး ရရှိ ခဲ့တာ ကြောင့် ဖလာမင်ဂို အတွက် ဒီ ၂၄ နာရီ ဟာ ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရ တစ်ခု ဖြစ်စေခဲ့ ပါတယ် ။

SPORTS MYANMAR