မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ်ဟာ မနေ့ ညက ရှက်ဖီး ယူနိုက်တက် အသင်း နဲ့ ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစား သမား တွေရဲ့ စွမ်းဆောင်ရည် အပေါ် သက်ညှာစွာ ဝေဖန် လိုစိတ် မရှိ ခဲ့ပဲ သူ့ရဲ့ အမြင်ကို ထုတ်ဖော် သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက် ဟာ 2 ဂိုး ရှုံးနိမ့်ရာ ကနေ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ ပြီး ဘရာမော လိန်းမှာ ရှက်ဖီး နဲ့ 3 – 3 ဆိုတဲ့ ရလဒ် ထွက်ပေါ် သွားခဲ့ ပေမယ့် ပွဲချိန် မိနစ် 70 အထိ ယူနိုက်တက် ဖက်မှ ပရိသတ် တွေကို ရင်ခုန်မှုတွေ လုံလောက်စွာ မပေးနိုင် ခဲ့ကြ ပဲ ဂိုး ရရှိ ဖို့ ရုန်းကန် ခဲ့ကြ ရ ပါတယ် ။

 

အဆိုပါ ပွဲစဉ် မှာ အန်သိုနီ မာရှယ် ဟာ တိုက်စစ်မှူး အဖြစ် ပါဝင် ကစား ခဲ့ပြီး မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့က တောင်ပံ တိုက်စစ် နေရာ ကနေ သူ့ကို ပံ့ပိုး ပေးနိုင် ဖို့ ကြိုးစား ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူတို့ သုံးဦးလုံးဟာ ပြိုင်ဖက် ဂိုးပေါက် ကို ခြိမ်းခြောက် ဒုက္ခ ပေးနိုင်ဖို့ ရုန်းကန် ခဲ့ကြ ရ ပါတယ် ။

ဒါ့ကြောင့် Sky Sports ရဲ့ သတင်း သုံးသပ်သူ အဖြစ် ရှိနေ ခဲ့တဲ့ ဂယ်ရီ နဗီးလ် က သုံးဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ ကြ ပေမယ့် အသင်း ဟောင်းမှ တိုက်စစ် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တွေဟာ ‘ ဟာသ တစ်ခု ‘ လိုပဲ ဖြစ်ခဲ့ ရကြောင်း ဝေဖန် ထိုးနှက် သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ဂျိမ်းစ် တို့ရဲ့ ကွင်းအတွင်း လှုပ်ရှား မှုတွေ ကင်းမဲ့ နေခဲ့ ခြင်းက တစ်ကယ့် ကို ဟာသ ဖြစ်ခဲ့ ရ ပါတယ် ။ ပွဲစဉ် တစ်လျောက်လုံး ပါပဲ ၊ ယူနိုက်တက် ဖက်မှ ဘာမှ ထူးတာ မလုပ်ပြ နိုင်ခဲ့ ကြ ပါဘူး ။ ယူနိုက်တက် ကွင်းလယ် က ညံ့ခဲ့ ပါတယ် ။ ဒါပေမယ့် တိုက်စစ် သုံးယောက် ဆီက ဒီထက် ပိုပြီး မျှော်လင့် လို့ ရပါတယ် ” လို့ ဂယ်ရီ နဗီးလ် က တိုက်စစ် ကစား သမား တွေ အပေါ် ပေါက်ကွဲ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ကလည်း လီဗာပူး ဂန္ဓဝင် ဂရေမီ ဆောင်းနက်စ် ကလည်း မာရှယ် ၊ ရပ်ရှ်ဖို့ နဲ့ ဂျိမ်းစ် တို့ရဲ့ စွမ်းဆောင်ရည် တွေ အပေါ် မှတ်ချက် ပေးခဲ့ ပါ သေးတယ် ။ ဆောင်းနက်စ် က ယူနိုက်တက် တိုက်စစ် ကစားသမား သုံးဦးဟာ အရည်အသွေး ကောင်းသူ တွေ ဖြစ်ကြ ပေမယ့် ခြေစွမ်းပိုင်း အရ တည်ငြိမ်မှု ကင်းမဲ့ နေသူ တွေ ဖြစ်ကြောင်း ပြောခဲ့ တာပဲ ဖြစ်ပါတယ် ။

” ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင် ရတဲ့ နေ့မှာ သူတို့ တွေက ခင်ဗျား ကို ဖျက်ဆီး ပစ်နိုင် ပါတယ် ။ သူတို့ အားလုံး က လျင်မြန် သူတွေ ဖြစ်ကြ ပြီး ဂိုးတွေ ရယူ ပေးနိုင် စွမ်း ရှိနေ ကြ ပါတယ် ။ ဒါပေမယ့် သူတို့ ဂိုးသွင်း နိုင်ကြ သလို လွဲချော် မှုတွေ လည်း များပြား ကြ ပါတယ် ”

” တစ်ခါတလေ ခင်ဗျားဟာ မာရှယ် ကို ကြည့်လိုက်မယ် ဆိုရင် ဘယ်လောက်တောင် အံ့ဖွယ် ကောင်းတဲ့ ကစားသမား လဲ ဆိုပြီး တွေးနေ ပါ လိမ့်မယ် ။ ဂျိမ်းစ် က လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး ဒီ အဆင့် မှာ အတွေ့အကြံု မရှိ သေးတဲ့ ကောင်လေး တစ်ယောက် ပါ ။ သူ ကောင်းသလို တစ်ခါတလေ မကောင်း တာက နားလည် ပေးလို့ ရနိုင် ပါတယ် ”

” ပြီးတော့ မားကပ်စ် ရပ်ရှ်ဖို့ ၊ အသက် 22 နှစ် အရွယ် ကောင်လေး က သူတို့ ရဲ့ အဓိက တိုက်စစ် ကစားသမား ပါ ။ သူဟာ ဂိုးတွေ ရယူ ပေးစွမ်း ရှိနေ သူ ပါပဲ ။ ဒါ့ကြောင့် ပွဲကောင်း တစ်ပွဲ ပိုင်ဆိုင် နေမယ် ဆိုရင် သူတို့ တွေဟာ ခင်ဗျား တို့ကို ဖျက်ဆီး ပစ်နိုင် ကြ ပါတယ် ။ တစ်ကယ် ဖျက်ဆီး ကြမှာ ပါ ”

” သူတို့ တွေနဲ့ ယှဉ်ပြိုင် ပြေး ကစား နေမယ် ဆိုရင် သူတို့ တွေရဲ့ အရိပ် တွေကို လိုက် နေရင်း အချိန် ကုန်ဆုံး သွားမှာ ပါ ။ ခင်ဗျား ဟာ သူတို့ တွေကို လိုက် မီဖို့ အတွက် ကိုယ့်ဂိုး ဖက်ပဲ အမြဲ ပြောင်းပြန် ပြေးနေ ရပါ လိမ့်မယ် ” လို့ ဂရေမီ ဆောင်းနက်စ် က ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar