၂၀၁၉ ခုနှစ် အတွက် ရွှေဘောလုံး ဆု ( Ballon D’or ) ကို မကြာ ခင် ပေးအပ် ချီးမြှင့် တော့မှာ ဖြစ် ပါတယ် ။ ဒီ ဆု အတွက် ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ နဲ့ လီဗာပူး နောက်ခံလူ ဗာဂျယ် ဗန်ဒိုက် တို့ အပြိုင် ဖြစ်နေ ကြပြီး ပရိသတ် ကိုယ်စီ နဲ့ ငြင်းခုန် ဆွေးနွေး နေကြ ဆဲဖြစ် ပါတယ် ။ အခု ဒီ ဆွေးနွေး ပွဲ ထဲ ကို ဝင်ပါ လာခဲ့ ကြ သူတွေ ကတော့ ရီးရဲတောင်ပံ ကစား သမား အီဒင် ဟာဇက် နဲ့ PSG တိုက်စစ်မှုးလေး ကိုင်လီယန် အမ်ဘာပေ တို့ ပါပဲ ။

PSG နဲ့ ရီးရဲမက်ဒရစ် တို့ ဟာ ယခု အပတ် ချန်ပီယံ လိဂ် မှာ ထိပ်တိုက် တွေ့ဆုံ ကြမှာ ဖြစ်ပြီး အဆိုပါ ပွဲ မတိုင် ခင် အင်တာဗျုး မှာ နှစ်ဖက် အသင်း က ဘောလုံး စတားတွေ ဟာ ၂၀၁၉ ခုနှစ် ရဲ့ ရွှေဘောလုံး ရှင် ဘယ်သူ ဖြစ်သင့်တယ် ဆိုတာ ကို ပြောဆို ထောက်ခံ သွားခဲ့ ကြပါတယ် ။

ဘာပေ ကတော့ ဘာစီလိုနာ စတား လီယွန်နယ် မက်ဆီ ဟာ ၂၀၁၉ ခုနှစ် အတွင်း တစ်ဦးချင်း စွမ်းဆောင် ရည် အမြင့်ဆုံး ကစား သမား ဖြစ်တယ်လို့ ဆိုခဲ့ကာ ရွှေဘောလုံး အတွက် မက်ဆီ ကို မဲပေးခဲ့ ပါတယ် ။ မက်ဆီ ဟာ ၂၀၁၉ ခုနှစ် အတွင်း ရွှေဖိနပ်များစွာ ကို ရယူနိုင် ခဲ့ သလို ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆု မှာလည်း ဗန်ဒိုက် ကို ကျော်ဖြတ် နိုင်ခဲ့ ပါတယ် ။

messi

ရီးရဲ နဲ့ ပွဲ ကြို အင်တာဗျုး မှာ တော့ ဘာပေ က “တစ်ဦးချင်း စွမ်းရည် အကြောင်း ကို ပြောမယ် ဆိုရင် မက်ဆီ က ၂၀၁၉ အတွက် အကောင်းဆုံး ပါပဲ ။ သူ့ အတွက် ၂၀၁၉ ဟာ တကယ် ကောင်းမွန်တဲ့ နှစ် ဖြစ်ခဲ့ ပါတယ်” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

ရီးရဲ တောင်ပံ ကစား သမား အီဒင် ဟာဇက် ကတော့ ယမန်နှစ် ချန်ပီယံ လိဂ် ကို ရခဲ့ကြ တဲ့ လီဗာပူး အသင်းသား တွေ ထဲ က မာနေး ၊ ဆာလာ ၊ ဗန်ဒိုက် တို့ ကို ရွေးချယ် ခဲ့ပြီး ဘယ်သူ ရရ ထိုက်တန် တယ် လို့ ထင်မိ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ကတော့ ရွှေဘောလုံး ကို လီဗာပူး ကစား သမား တစ်ယောက် ကို ပေးချင် ပါတယ် ။ မာနေး ဖြစ်ဖြစ် ဆာလာ ဖြစ်ဖြစ် ဗန်ဒိုက် ဖြစ်ဖြစ် ပါ ။ ဘယ်သူ ရရ ထိုက်တန် ပါတယ် ။ တကယ်လို့ ဆာဒီယို မာနေး သာ ဆီနီဂေါ နဲ့ အာဖရိက ဖလား ကို ရခဲ့မယ် ဆိုရင် အခုလို ငြင်းခုန်နေ စရာတောင် ဖြစ်လာ မှာ မဟုတ်ပါဘူး”

Sadio Mane

“သူ ပဲရရ မိုမို ( မိုဟာမက် ဆာလာ ) ပဲရရ တကယ် ကောင်းတဲ့ ကိစ္စ ဖြစ်လာမှာပါ ။ ဒါဟာ အင်္ဂလိပ် ဘောလုံး လောက အတွက် ရော အာဖရိက အတွက်ပါ ကောင်းကျိုး ဖြစ်စေ မှာပါ” လို့ အီဒင် ဟာဇက် က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဟာဇက် က သူ ဟာ ဘာပေ ရဲ့ အရည် အသွေးတွေ ကို အလွန် နှစ်သက် မိပြီး ဘောလုံး သမိုင်း တစ်လျောက် အကောင်းဆုံး တွေထဲ က တစ်ဦး ဖြစ်လာ နိုင်ကြောင်း ပြောဆို ခဲ့ သလို ရီးရဲ မက်ဒရစ် ကို လာရောက် ကစားဖို့ လည်း ဖိတ်ခေါ် စကား ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR