လီဗာပူး အသင်းဟာ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အတွက် လူငယ် အသင်းကို စေလွှတ် သွားမှာ ဖြစ်ပြီး မာဆေးဆိုက် ကလပ်ဟာ ၂၄ နာရီ အတွင်း ၂ ပွဲ ကစား သွားရမှာ ဖြစ်တာကြောင့် ယခုလို အသင်း ၂ သင်း ခွဲပစ် ခဲ့ရပါတယ်။ နည်းပြ ယာဂန်ကလော့ဟာ လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားကစား ရမယ့် လီဗာပူး ရဲ့ ကာရာဘောင်ဖလား ပွဲစဉ် ကို ယူ ၂၃ နည်းပြ ဖြစ်သူ နေးလ်ခရစ်ချလေ ကို တာဝန်ယူ ကိုင်တွယ် စေဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နောက်ထပ် ၂၄ နာရီ အကြာမှာတော့ ကလော့ ကိုယ်တိုင် ဦးဆောင် သွားမယ့် စီနီယာ အသင်းဟာ ကာတာမှာ ကျင်းပမယ့် ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် ကစား သွားရမှာ ဖြစ်ပါတယ်။ ကလော့ဟာ အဆိုပါ ပွဲစဉ် နှစ်ပွဲ အတွက် သူ့စီနီယာ ကစားသမား အချို့ကို ခွဲပေး သွားရမလား ဆိုတာနဲ့ သူ့ရဲ့ လက်ထောက် နည်းပြ ပက်လင်ဒါ ကိုလည်း ပြည်တွင်း ဖလား ပြိုင်ပွဲကို တာဝန်ယူ ကိုင်တွယ် စေရင် ကောင်းမလား ဆိုပြီး စဉ်းစား ခဲ့ပါသေးတယ်။

ဒါပေမယ့် နောက်ဆုံး မှာတော့ ကလော့ဟာ ခရစ်ချလေ ကို ဒီပြိုင်ပွဲရဲ့ နောက်ပိုင်း အဆင့် တွေကို တက်ရောက် နိုင်အောင် လုပ်ခဲ့ကြတဲ့ လူငယ် ကစားသမား အများအပြား ပါဝင် နေတဲ့ အသင်းကို တာဝန်ယူ စေတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ယှဉ်ပြိုင်မယ့် အသင်းကို ကစားသမား ၂၃ ဦးထက် လျော့နည်းကာ ခေါ်ယူ သွားဖို့ များသွား ခဲ့ပြီး ရိုင်အန်ဘရူးစတား ၊ ကယ်လီဟာ ၊ ဆက်ဗန်ဒန်ဘက်ချ် ၊ ကာတစ်ဂျုံး နဲ့ ဟာဗေး အယ်လီယော့ တို့လို ကစားသမားတွေ ကတော့ ဗီလာပက် က ပွဲစဉ် အတွက် တာဝန်ကျ ကြမှာ ဖြစ်ပါတယ်။

ဒါဟာ ကလော့ အတွက် စိတ်ပျက်စရာ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပေမယ့်လည်း သူ့ရဲ့ အသင်းဟာ ၂၄ နာရီ အတွင်း မတူညီတဲ့ တိုက်ကြီး ၂ ခုမှာ ပွဲ ၂ ပွဲဆက် ကစား သွားရမှာ ဖြစ်တာကြောင့် ဒါဟာ ဘယ်လိုမှ ရှောင်လွှဲလို့ မရဘဲ မဖြစ်မနေ ဆုံးဖြတ် ရတဲ့ အရာ ဖြစ်ပါတယ်။ ကလော့ ဟာ သူ့ရဲ့ စီနီယာ ကစားသမား အချို့ကို ကာရာဘောင် ဖလား ပွဲစဉ် အတွက် ချန်ထား ခဲ့ဖို့ စဉ်းစားမှု လုပ်ခဲ့ ပေမယ့် ကစားသမားတွေ ကိုယ်တိုင်က ပိုမို ကြီးကြယ်တဲ့ ဆုဖလား အတွက် ကာတာမှာ အတူတကွ တိုက်ပွဲဝင် လိုကြောင့် ဆန္ဒပြု ထားခဲ့ ကြပါတယ်။

ဒါ့အပြင် ဗီလာ နဲ့ ကွာတားဖိုင်နယ် ပွဲစဉ် အပြီးမှာ ကာတာ ကို ကစားသမား အချို့ စေလွှတ် သွားဖို့ အတွေးလည်း တစ်ချက် ဝင်ခဲ့ပေမယ့် ဒါဟာ လက်တွေ့ မကျတာကြောင့် ပယ်ဖျက် ခဲ့ပါတယ်။ အခုဆိုရင် လီဗာပူး ယူ ၂၃ အသင်းဟာ ပြည်တွင်း ဖလား ပြိုင်ပွဲကို ဆင်နွှဲ ရတော့မှာ ဖြစ်ပေမယ့် ဒီအသင်းဟာ ပွဲမတိုင်မီ ဟိုတယ်မှာ တစ်ညတည်း ကြရမယ့် အပြင် ခရစ်ချလေ ကလည်း first team coach တာဝန် အတိုင်း ထမ်းဆောင် ရမှာ ဖြစ်ပါတယ်။

ခရစ်ချလေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ ကတည်းက ယာဂန်ကလော့ နဲ့ ပထမ အသင်းကြီးရဲ့ လုပ်ပုံ ကိုင်ပုံတွေကို လိုက်လံ လေ့လာ ထားခဲ့ပြီး ဗီလာ နဲ့ ပွဲစဉ် အတွက် ပုံမှန် စည်းမျဉ်းတွေ အတိုင် လုပ်သွားမှာ ဖြစ်ကာ လီဗာပူး အသင်း ဟာ ဒီပွဲစဉ် အတွက် အတောင့်တင်းဆုံး အသင်းကို ထုတ်သုံးဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။

SM