ချယ်လ်ဆီး အသင်း ရဲ့ အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ဗြိတိန် နဲ့ ရုရှား နိုင်ငံ တို့ အကြား နိုင်ငံကူးခွင့် မရရှိနေတာကြောင့် ၊ ၎င်း ပိုင်ဆိုင် ထားတဲ့ ချယ်လ်ဆီး အသင်း ကိုပင် အင်္ဂလန် နိုင်ငံ သို့ လာရောက်ပြီး တရားဝင် လေ့လာ ကြည့်ရှုခွင့် မရှိနေတာ ဖြစ်ပါတယ် ။ ထို့ အတွက်ကြောင့် ချယ်လ်ဆီး အသင်း အပေါ် ထားရှိတဲ့ အေဘရာမိုဗစ်ချ် ရဲ့ သံယောဇဉ် တွေ လျော့ကျ လာပြီလား ဆိုတဲ့ မေးခွန်း ထုတ်မှု တွေလည်း ရှိခဲ့ပါတယ် ။

ဗြိတိန် သန်းကြွယ် သူဋ္ဌေး ဆာ ဂျင်မ် ရက်ဒ်ကလစ်ဖ် ဟာ ချယ်လ်ဆီး အသင်း ကို အေဘရာမိုဗစ်ချ် ဆီကနေ ဝယ်ယူဖို့ အတွက် စိတ်ဝင်စားတယ် လို့ သတင်း အတော်များများ က အရင် က ဖော်ပြ ခဲ့ဖူးကြပါတယ် ။ တကယ်တမ်း မှာတော့ ၎င်းရဲ့ ချယ်လ်ဆီး အသင်း ကို ဝယ်ယူဖို့ အစီအစဉ် က ဘယ်လိုမှ မဖြစ်မြောက် နေတာ ကို တွေ့ရပါတယ် ။

အေဘရာမိုဗစ်ချ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က စပြီး ချယ်လ်ဆီး အသင်း ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ် က ပွဲစဉ် တွေကို လာရောက် ကြည့်ရှုခွင့် မရတော့ပေမယ့် နောက်ကွယ် ကနေ ငွေကြေး အင်အား နဲ့ အပြည့်အဝ ပံ့ပိုး ပေးခဲ့ပါတယ် ။ မော်ရစ်ဇီယို ဆာရီ အလိုရှိတဲ့ ကစားသမား တွေကို လက်မတွန့် ပဲ ငွေကြေး ထောက်ပံ့မှု အပြည့် နဲ့ ဝယ်ယူ ပေးခဲ့ပါတယ် ။ ဒါ့အပြင် ချယ်လ်ဆီး အသင်း ရဲ့ အခုလို တိုးတက်လာတဲ့ အကယ်ဒမီ ကိုလည်း အေဘရာမိုဗစ်ချ် ကိုယ်တိုင် က အားပေးအားမြှောက် ပြုလုပ်ပြီး တည်ဆောက် ခဲ့တာ ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အတွက် အကယ်ဒမီ မှ အရည်အသွေးမြင့် လူငယ် ကစားသမား တွေကို နေရာ ပေးခွင့် ရှိလာကာ ၊ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ရဲ့ ဦးဆောင်မှု နဲ့ အတူ တဟုန်ထိုး တိုးတက် လာပြီ ဖြစ်ပါတယ် ။ အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီး အသင်း ကို စတင် ဝယ်ယူခဲ့ ကတည်းက အခု အချိန် အထိ အသင်း အပေါ် အမြတ်တနိုး တန်ဖိုး ထားတယ် ဆိုတာ ချယ်လ်ဆီး ပရိသတ် တွေထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး ။

မနေ့က The Guardians သတင်း နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဘရုစ်ဘက်ခ် ကတော့ ရိုမန် ဟာ ချယ်လ်ဆီး အသင်း ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု မှန်သမျှ ဖို့ ပယ်ချဖို့ အသင့် ရှိနေကြောင်း ၊ အခု အချိန် ထိ ချယ်လ်ဆီး အသင်း အတွက် အပြည့်အဝ အာရုံစိုက် ထားသလို ၊ အသင်း တိုးတက်ရေး အတွက် ရှေးရှု စောင့်ကြည့်ပေးနေဆဲ ဖြစ်ကြောင်း အတည်ပြု ပြောဆို ခဲ့ပါတယ် ။

ဘရုစ်ဘက်ခ် က ” ချယ်လ်ဆီး အသင်း ကို ရောင်းချဖို့ အသင့်ပြင်ထားကြတော့ ၊ ဒါမှမဟုတ် အသင်း နဲ့ ပတ်သက်ပြီး စိတ်ကုန်လာတဲ့ စကားသံ တွေကို ရိုမန် ဆီကနေ ကျွန်တော် တခါ မှ မကြားခဲ့ရပါဘူး ။ လက်ရှိ နိုင်ငံရေး အခြေအနေ အရ အင်္ဂလန် က လူ တချို့ ဟာ ချယ်လ်ဆီး အသင်း ကို ပေါချောင်ကောင်း စျေး နဲ့ ရိုမန် ရဲ့ လက်ထဲကနေ ဝယ်ယူလို့ ရနိုင်မယ် လို့ ထင်နေကြပါတယ် ။ ”

” ကျွန်တော် တို့ဟာ လိုချင်တဲ့ တုန့်ပြန်မှု တွေ ၊ သတင်း အချက်အလက် တွေ ရရှိထားတာကြောင့် ဒီလို အဓိပ္ပာယ် မရှိတဲ့ စကား တွေ ထွက်ဆိုနေတဲ့ လူတွေ အပေါ် တစုံတရာ ပြန်ပြော နေမှာ မဟုတ်ပါဘူး ။ ချယ်လ်ဆီး အသင်း ရဲ့ အကြောင်း တွေကို ထဲထဲဝင်ဝင် ပါဝင် နေတယ် ဆိုတဲ့ အထဲ ၊ ချယ်လ်ဆီး အသင်း ရဲ့ ကစားသမားသစ် ခေါ်ယူမှု ၊ စာချုပ် သက်တမ်း တိုးတဲ့ ကိစ္စ တွေမှာ ရိုမန် ဟာ ချယ်လ်ဆီး အသင်း ကို စတင် ဝယ်ယူခဲ့တဲ့ ပထမဆုံး နေ့ကနေ အခု အချိန် အထိ ဂရုတစိုက် နဲ့ အမြဲ စောင့်ကြည့် နေတတ်ပါတယ် ။ ”

” အခု လက်ရှိ Transfer ban ဟာ လူငယ် ကစားသမား တွေ အတွက် ကိုယ့်ရဲ့ အရည်အသွေး တွေကို ပြသဖို့ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ပါတယ် ။ အကယ်၍ Transfer ban သာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော် တို့ အနေနဲ့ တကယ် လိုအပ်တဲ့ နေရာ တွေမှာ ထိပ်တန်း ကစားသမား ၂ယောက် ၊ ၃ယောက် လောက် ထပ်ဖြည့် နိုင်မှာပဲ ဆိုတဲ့ အချက် ကို ကျွန်တော် မငြင်းချင်ပါဘူး ။ ဒါပေမယ့် အခု လက်ရှိ အသင်း ရဲ့ စွမ်းဆောင်ရည်ကောင်း တွေ အတွက် ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီး အတွက် ကစားပေးဖို့ အမြဲ အသင့်ရှိနေတဲ့ လူငယ် ကစားသမား တွေကို ချီးကျူး ရမှာပါ ။ ”

” ဒီလို လူငယ် တွေ နေရာ ရလာတာ ရိုမန် ကို အတော်လေး စိတ်ကျေနပ် ပျော်ရွှင် စေပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ရိုမန် ဟာ အမြဲတမ်း အကယ်ဒမီ အကြောင်း စိတ်ဝင်စား တတ်လို့ပါ ။ နောက်ပြီး သူဟာ အကယ်ဒမီ အသင်း ရဲ့ ပွဲစဉ် တွေကို လိုက် အားပေး ဖြစ်တဲ့ ၊ ရှားပါး တဲ့ အသင်း ပိုင်ရှင် တွေထဲက တယောက် ဖြစ်တယ် ဆိုတာ ကျွန်တော် ကြိမ်းသေ ပြောရဲပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR