ပြီး ခဲ့တဲ့ နှစ် က ဘာ အောင်မြင်မှု မှ မရရှိ ခဲ့ ပေမယ့် မက်ဒရစ် က လပ် ရဲ့ အရှိန် အ၀ါ ကတော့ ကြီးမား နေဆဲ ဖြစ် ပါတယ် ။ နွေရာသီ မှာ ကစား သမား ကောင်းတွေ ကို ခေါ်ယူ အင်အား ဖြည့် ခဲ့တဲ့ ရီးရဲ မက်ဒရစ် ဟာ နာမည်ကျော် Forbes Magazine က ထုတ်ပြန် တဲ့ ၂၀၁၉ ခုနှစ် အတွက် တန်ဖိုး အမြင့်ဆုံး ဘောလုံး ကလပ် အသင်း စာရင်း မှာ နံပါတ် ၁ နေရာ ကို ရယူ သွားနိုင် ခဲ့ တယ် လို့ သိရ ပါတယ် ။

ရီးရဲ ဟာ မနှစ် တုန်းက ဒီ စာရင်း ရဲ့ အဆင့် ၂ နေရာ မှာ ရပ်တည် နေခဲ့တာ ဖြစ်ပြီး ဒီနှစ် မှာတော့ အဆင့် ၁ ကို တက်လှမ်း နိုင် ခဲ့တာပဲ ဖြစ် ပါတယ် ။ ပြီးခဲ့တဲ့ နှစ် ရဲ့ အဆင့် ၁ ကို ရယူ ထားနိုင် ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် အသင်း ကတော့ ပြီးခဲ့တဲ့ ရာသီ က ကျရှုံးမှုတွေ ၊ နည်းပြ အပြောင်း အလဲ တွေ ကြောင့် ဈေးကွက် တန်ဖိုးတွေ များစွာ ကျဆင်း ကာ အဆင့် ၃ အထိ ဆင်းပေး ခဲ့ ရ ပါတယ် ။

ရီးရဲ မက်ဒရစ် ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာ အသင်း ကလည်း ယမန်နှစ် က ထက် အဆင့် ၁ ဆင့် တက်လာ ခဲ့ပြီး အဆင့် ၂ နေရာ ကို ရောက်ရှိ လာခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ အဆင့် ၂ ဆင့် ကျပြီး အဆင့် ၃ နေရာကို ရောက်ရှိ သွားခဲ့ တယ် ဆိုပေမယ့် အဆင့် ၄ က အသင်း နဲ့ ဈေးကွက် တန်ဖိုးချင်း များစွာ ကွာဟ နေဆဲ ဖြစ် ပါတယ် ။

Forbes Magazine က ထုတ်ပြန် ခဲ့တဲ့ ၂၀၁၉ အတွက် ကမ္ဘာ့ တန်ဖိုး အရှိ ဆုံး ဘောလုံး ကလပ် အသင်း စာရင်း ရဲ့ ထိပ်ဆုံး ၁၀ သင်း မှာ တော့ အင်္ဂလိပ် ကလပ် တွေ က မင်းမူ ကြီးစိုး နေခဲ့ ပါတယ် ။ ရုပ်သံ ကနေ ၀င်ငွေ များစွာ ရရှိ နေတဲ့ အပြင် ပြီးခဲ့တဲ့ ရာသီ တုန်းက ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ် ဖိုင်နယ် တွေ မှာ All-English Finals တွေ ဖြစ်ခဲ့တာ က ပရီးမီးယားလိဂ် ကလပ် တွေ ရဲ့ တန်ဖိုး တွေ ကို မြင့်တက် စေခဲ့ ပါတယ် ။

ယူနိုက်တက် အပြီး ဈေးကွက် တန်ဖိုး အမြင့်ဆုံး အင်္ဂလိပ် ကလပ် ကတော့ မန်ချက် စတာ စီးတီး ပဲ ဖြစ် ပါတယ် ။ ပက်ဂွာဒီယိုလာ ရဲ့ လမ်းညွှန် မှု တွေ နဲ့ အတူ ပြည်တွင်း ဖလား အားလုံး ကို သိမ်းပိုက် နိုင် ခဲ့တဲ့ စီးတီး ဟာ ဈေးကွက် ထဲ မှာ ပေါင် ၂.၁၆ ဘီလီယံ တန်တဲ့ ကလပ် အသင်း တစ်သင်း ဖြစ်လာ ခဲ့ ပါတယ် ။ စီးတီး ဟာ စာရင်းရဲ့ အဆင့် ၅ နေရာ မှာ ရှိ နေခဲ့ပြီး မနှစ် က အဆင့် နဲ့ အတူတူ ဖြစ်ခဲ့ ပါတယ် ။

အင်္ဂလန် ကလိပ် တွေ ထဲ မှာ အဆင့် တက် ခဲ့တဲ့ အသင်း က ချဲလ်ဆိး ဖြစ်ပြီး ၁ ဆင့် တက်ကာ အာဆင်နယ် က ၁ ဆင့် ကျသွားခဲ့ ပါတယ် ။ လီဗာပူး ၊ စပါး တို့ ဟာ လည်း ထိပ်ဆုံး ၁၀ သင်း အတွင်း ကို ၀င်ရောက် နိုင် ခဲ့ကာ ပရီးမီးယားလိဂ် ကြီး ၆ ကြီး စလုံး ပါဝင် နေခဲ့တယ် လို့ ဆိုလို့ ရနိုင် ပါတယ် ။ သူတို့ ၆ သင်း ရဲ့ စုစုပေါင်း တန် ကြေး ဟာ ပေါင် ၁၂.၉၁ ဘီလီယံ အထိ ရှိ နေပြီပဲ ဖြစ် ပါတယ် ။

Forbes Magazine က ထုတ်ပြန် ခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွက် ဈေးကွက် တန်ဖိုး အရှိဆုံး ဘောလုံး အသင်း ၁၀ သင်း –

Real Madrid’s players celebrate after defeating Arsenal during their International Champions Cup football match at FedExField in Landover, Maryland, on July 23, 2019. (Photo by Jim WATSON / AFP)

၁ ။ ရီးရဲ မက်ဒရစ် – ပေါင် ၃.၄ ဘီလီယံ
၂ ။ ဘာစီလိုနာ – ပေါင် ၃.၂၃ ဘီလီယံ
၃ ။ မန်ချက်စတာ ယူနိုက်တက် – ပေါင် ၃.၀၇ ဘီလီယံ

၎ ။ ဘိုင်ယန်မြုးနစ် – ပေါင် ၂. ၄ ဘီလီယံ
၅ ။ မန်ချက်စတာ စီးတီး – ပေါင် ၂.၁၆ ဘီလီယံ
၆ ။ ချဲလ်ဆီး – ပေါင် ၂.၀၈ ဘီလီယံ

၇ ။ အာဆင်နယ် – ပေါင် ၁.၈၃ ဘီလီယံ
၈ ။ လီဗာပူး – ပေါင် ၁.၇၅ ဘီလီယံ
၉ ။ စပါး – ပေါင် ၁.၃ ဘီလီယံ
၁၀ ။ ယူဗင်တပ် – ပေါင် ၁.၂၁ ဘီလီယံ

SPORTS MYANMAR