လီဗာပူးဟာ ကလပ်အသင်းမှာ ပုံစံကောင်းပြသလျက်ရှိနေတဲ့ တိုက်စစ်မှုးဆာဒီယိုမာနေးကို စာချုပ်သစ် အတွက် ကမ်းလှမ်းသွား၇န် စိတ်အားထက်သန်နေပါတယ်။ လီဗာပူးနဲ့ စာချုပ် ၃ နှစ်ကျန်နေသေးတဲ့ မာနေးကို ရီးရဲယ်မက်ဒရစ် အသင်းက စိတ်ဝင်စားခဲ့ပေမယ့်လည်း ဆီနီဂေါ လက်ရွေးစင်ကတော့ အန်ဖီးမှာ ပျော်ရွှင်နေပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ကယ်ဂလီယာရီ အသင်းအတွက် ၃၅ ပွဲကစားကာ ခြေစွမ်းပြခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အီတလီကြယ်ပွင့် နီကိုလိုဘာရယ်လာ ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။

အီဗီရန်မှာ ပြုလုပ်မယ့် training camp ကနေ ချန်လှပ်ထားခြင်း ခံခဲ့ရတဲ့ လီဗာပူး ကစားသမားနှစ်ဦးဖြစ်တဲ့ ဘန်ဝုဒ်ဘန်း နဲ့ ဆိုင်မွန်မစ်နိုလက် တို့ဟာ လာမည့် သြဂုတ်လ ၉ ရက်နေ့ မတိုင်မီ ကလပ်အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ၀ုဒ်ဘန်းဟာ အက်စတွန်ဗီလာ ဘာမင်ဂမ် တစ်သင်းသင်းကို ၁ ရာသီ အငှားစာချုပ်နဲ့ သွားဖို့ ရှိနေပြီး ဝေးလ်လက်ရွေးစင်ကို ရှက်ဖီးယူနိုက်တက် နဲ့ ၀ီဂန် တို့ကလည်း စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် ဂန္တ၀င်ကစားသမားကြီး ရော်ဘတ်ပီရက်စ် ကတော့ လီယွန်အသင်းခေါင်းဆောင် နာဘေးဖက်ကီယာ ဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်မယ့် ကစားသမား ဖြစ်ပြီး ယာဂန်ကလော့ အတွက် အကောင်းဆုံး ကစားသမားခေါ်ယူမှု ဖြစ်လာမယ်လို့ အကြံပြုသွားခဲ့ပါတယ်။

ယခုနွေရာသီ ရိုးမား ကနေ ပေါင် ၆၆ သန်းနဲ့ ပြောင်းလာခဲ့တဲ့ လီဗာပူးရဲ့ ဂိုးသမားသစ် အလီဆင်ဘက်ကာ နဲ့ ၎င်းရဲ့ ဘရာဇီးလက်ရွေးစင် အသင်းဖော်ဖြစ်သူ ရော်ဘတ်တိုဖာမီနို တို့ဟာ ယခုတစ်ပတ် ပြင်သစ်နိုင်ငံ အီဗီရန်မှာ ပြုလုပ်မယ့် လီဗာပူးရဲ့ လေ့ကျင့်ရေး Camp နဲ့ ပူးပေါင်းမှာ ဖြစ်တယ်လို့ ကလပ်အသင်းဘက်က အတည်ပြုခဲ့ပါတယ်။ အဆိုပါ ကစားသမား နှစ်ဦးစလုံးဟာ သြဂုတ်လ ၄ ရက်နေ့ ဒဗ္ဗလင် မှာ နာပိုလီနဲ့ခြေစမ်းပွဲမှာ ပွဲချိန်အနည်းငယ် ပါဝင်ကစားသွားဖို့ ရှိနေပါတယ်။

ကာရေဂါက “ဒီအချိန်မှာ လီဗာပူးအသင်းဟာ ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်နေပြီး ကျွန်တော် အန်ဖီးမှာ ၁၇ နှစ်ကြာ ကစားခဲ့တဲ့ အသင်းလိုပဲ ကောင်းမွန်လှပါတယ်။ လက်ရှိ လီဗာပူး အသင်း ပိုင်ဆိုင်ထားတဲ့ လူစာရင်း သူတို့ရဲ့ အင်အားဟာ ကျွန်တော် ကစားခဲ့တုန်းက အသင်းလို ကောင်းနေပါတယ်။” လို့ ဆိုသွားပါတယ်။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ခဲ့တဲ့ အင်္ဂလန် အသင်းမှ ပါဝင်ခဲ့တဲ့ အလက်ဇန်းဒါး အာနိုးဟာ သူ့ရဲ့ အားလပ်ရက်ကို လျော့ချလိုက်ကာ အီဗီရန်မှာ ပြုလုပ်မယ့် လီဗာပူး ရဲ့ training camp ယနေ့မှာပူးပေါင်းမှာပဲ ဖြစ်ပါတယ်။

ကလော့က “ကော်တင်ညို နဲ့ ထပ်တူညီတဲ့ ကစားသမားမျိုးကို အစားထိုးသွားလို့ မရပါဘူး။ သူဟာ ဖီးလ်ကော်တင်ညို ပါ။ သူဟာ ကွဲပြားခြားနားတဲ့ ကစားဟန် ရှိနေသူပါ။ နည်းစနစ်ပိုင်းအရ အလွန်ထူးချွန်လှပြီး သူဟာ တောင်ပံမှာသာမက နံပါတ် ၁၀ နံပါတ် ၈ နေရာတွေမှာလည်း အကောင်းဆုံး ကစားနိုင်ပါတယ်။ ကျွန်တော်တို့ ကော်တင်ညိုရဲ့ နေရာကို အစားထိုးဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ လာမည့်နှစ်အတွက် တောင့်တင်းတဲ့အသင်းဖြစ်နေဖို့သာ လိုပါတယ်။ ပြင်ပဈေးကွက်မှာ ကော်တင်ညို မရှိပါဘူး။ ဒါပေမယ့် ကစားသမားကောင်းတွေတော့ ရှိနေပြီး ကျွန်တော်တို့ အဲဒီထဲက အနည်းငယ်ကို ၀ယ်ယူခဲ့ပါတယ်။”

ကာရေဂါက “ လီဗာပူး အသင်းဟာ ဗန်ဒိုက်လို ကစားသမားမျိုးအတွက် ငွေကြေးများစွာ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲပြောသလိုပဲ ကစားသမား တစ်ဦးအတွက် ငွေဘယ်လောက်သုံးစွဲခဲ့သလဲဆိုတာ အရေးမကြီးပါဘူး။ သူအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ရင် ဒါဟာ ထိုက်တန်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း ဗဟိုနောက်ခံလူတွေရဲ့ ပြောင်းရွေ့ကြေးတွေဟာ အလွန်မြင့်မားလာခဲ့ပါတယ်။ ဗန်ဒိုက်ကို လျော့ဈေးနဲ့ ရလိုက်သလိုပါပဲ။” လို့ပြောသွားပါတယ်။