အာဆင်နယ် အသင်း ဟာ ခရစ္စတယ် ပဲလေ့စ် အသင်း မှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဝီလ်ဖရိုင်း ဇာဟာ ကို အရ ခေါ်ယူ လိုနေ ခဲ့ ပေမယ့် ကစားသမား ရဲ့ ပြောင်းရွှေ့ ကြေးဟာ အရမ်း ကို မြင့်မား နေတဲ့ အတွက် အခက် တွေ့နေ ခဲ့ရ ပါတယ် ။

အခုတော့ ထွက်ပေါ် လာတဲ့ သတင်း တွေ အရ အာဆင်နယ် တို့ အခုလို အခက် တွေ့ ရခြင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ သွယ်ဝိုက်တဲ့ နည်းလမ်း တစ်ရပ် နဲ့ သက်ဆိုင် မှု ရှိနေ တယ်လို့ သိရှိ လိုက်ရ ပါတယ် ။

အာဆင်နယ် အသင်း ဟာ ဒီနွေ မှာ ဇာဟာ ကို အဓိက ပစ်မှတ် ထား ခေါ်ယူ လိုနေ ခဲ့တာ ကြောင့် ပထမဆုံး အကြိမ် ပေါင် သန်း 40 နဲ့ ကမ်းလှမ်း ခဲ့ ပေမယ့် ပယ်ချ ခံခဲ့ ရ ပါတယ် ။ ခရစ္စတယ် ပဲလေ့စ် အသင်း ဖက်က တော့ ကစားသမား အတွက် ပေါင် သန်း 80 အထိ အလိုရှိ နေခဲ့ ပါတယ် ။

ဒါပေမယ့် အာဆင်နယ် နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ဟာ လက်ရှိ အပြောင်း အရွှေ့ အတွက် အသင်း မှ ဘက်ဂျက် ပေါင် 45 သန်းသာ ရရှိ ထားခဲ့ တဲ့ အတွက် ဇာဟာ ကို ခေါ်ယူ ရေးမှာ အခက်တွေ့ ခဲ့ရ ပြီး စိတ်ပျက်ဖွယ် အနေအထား ကိုသာ ပိုင်ဆိုင် နေခဲ့ ရ ပါတယ် ။

ကစားသမား ဖြစ်သူ ဖက်ကတော့ အာဆင်နယ် ဆီ ပြောင်းရွှေ့ ဖို့ စိတ်အား ထက်သန် နေခဲ့ ပေမယ့် လက်ရှိ အချိန် မှာတော့ သူ့ကို ခေါ်ယူ ဖို့ အတွက် အာဆင်နယ် အသင်း ထက် အဲဗာတန် အသင်းက ပိုမို လက်သွက် နေခဲ့ တာကြောင့် ဇာဟာ ရဲ့ ဆန္ဒ တွေ ပြည့်ဝ ဖို့ မလွယ်ကူ တဲ့ အနေအထား ကို ရောက်ရှိ နေခဲ့ ပါတယ် ။

နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်း အရ အဲဗာတန် အသင်း ဟာ ဇာဟာ ကို ခေါ်ယူ ရေးမှာ အာဆင်နယ် အသင်း ကို နောက်ကောက် ချနိုင် ဖို့ အတွက် ပေါင် 55 သန်း အထိ ပေးချေ ဒီ တစ်ပါတ် အတွင်း စတင် ဆွေးနွေး သွားဖို့ အသင့်ရှိ နေပြီ လို့ သိရှိ လိုက်ရ ပါတယ် ။

ပဲလေ့စ် ဟာ 2015 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ကစားသမား ကို ခေါ်ယူ ခဲ့ရာ မှာ အခြား အသင်း ဆီ ရောင်းချ ဖြစ် ပါက ပြောင်းရွှေ့ ကြေးရဲ့ 20 ရာခိုင်နှုန်း ကို ယူနိုက်တက် ဆီ ပေးချေ သွားဖို့ သဘော တူညီ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ဒါ့ကြောင့် ကစားသမား ကို ရောင်းချ ရေးမှာ အကျိုး အမြတ် များများ ဖြစ်ထွန်း နိုင်ဖို့ ၊ အစားထိုး ကစားသမား သစ် ခေါ်ယူ ရေးမှာ ငွေကြေး လုံလောက်စွာ သုံးစွဲ နိုင်ဖို့ အတွက် ခရစ္စတယ် ပဲလေ့စ် အသင်း ဟာ ဇာဟာ ရဲ့ ပြောင်းရွှေ့ ကြေးကို ပေါင် 80 သန်း အထိ တိုးမြှင့် ထားခဲ့ တာပဲ ဖြစ် ပါတယ် ။

အကယ်လို့ ပဲလေ့စ် အသင်း မှသာ ဇာဟာ ကို ပေါင် 80 သန်း နဲ့ ရောင်းထုတ် နိုင်မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကြားထဲ ကနေ ပေါင် 15 သန်း ဝန်းကျင် ခန့် အကျိုး အမြတ် ရရှိ လိမ့်မယ် လို့ မန်ချက်စတာ ညနေခင်း သတင်း မှ ဖော်ပြ သွားခဲ့ ပါတယ် ။

ပဲလေ့စ် ဟာ ဘစ်ဆာကာ ကို ယူနိုက်တက် ဆီ ရောင်းချ ခဲ့စဉ် တုန်းက အဆိုပါ သဘော တူညီမှု ကို ပယ်ဖျက် ဖို့ ဆွေးနွေး ခဲ့သေး ပေမယ့် ယူနိုက်တက် ဖက်မှ တန်ကြေး မြင့် လာတဲ့ ဇာဟာ ရဲ့ အပြောင်းအရွှေ့ မှ ငွေတွေ ရရှိ နိုင်ဖို့ လမ်းမြင် နေခဲ့တာ ကြောင့် ငြင်းဆန် ခဲ့တယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

အကယ်လို့ ယူနိုက်တက် ဖက်က သာ အဆိုပါ ဆွေးနွေး ညှိနှိုင်မှု ကို လက်ခံ သဘောတူ ခဲ့ရင် ခရစ္စတယ် ပဲလေ့စ် အသင်း ဖက်မှ ဇာဟာ ရဲ့ ပြောင်းရွှေ့ကြေး နဲ့ ပတ်သက် လို့ အလျော့အတင်း လုပ်သွား နိုင်ဖွယ် ရှိလာ နိုင် ပါတယ် ။ အခုတော့ ယူနိုက်တက် မှ အလျော့ မပေးခဲ့ ခြင်းက ဇာဟာ ရဲ့ အပြောင်း အရွှေ့ မှာ အာဆင်နယ် ကို ဆက်လက် အခက် တွေ့စေ နိုင် ပါတယ် ။

#Sports_Myanmar