ပြီးခဲ့တဲ့ နှစ်တွေအတွင်း နွေရာသီဈေးကွက်တွေဟာ နေမာရဲ့ အပြောင်း အရွှေ့၊ ရော်နယ်ဒို ရဲ့ အပြောင်း အရွှေ့တွေကြောင့် စိတ်လှုပ်ရှားဖို့ အတော်လေးကောင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုနှစ်နွေရာသီအပြောင်း အရွှေ့ မှာလည်း ပရိသတ်တွေအတွက် ပျင်းရိဖို့ အချိန်တောင် မရှိထားခဲ့သေးတာဖြစ်ပါတယ်။ဥရောပ တလွှားကအသင်းတိုင်းကကစားသမား ခေါ်ယူမှု တွေကို ကိုယ့်အထွာ နဲ့ ကိုယ်ပြုလုပ်နေတာကို အချိန် နဲ့ အမျှမြင်တွေ့နေခဲ့ ရလို့ ဖြစ်ပါတယ်။အခု နွေမှာ ပရိသတ်တွေကြား မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ တွေ ကတော့ ဘင်ဖီကာ ကနေ အေတီကိုပြောင်းရွှေ့လာတဲ့ ဂျာအိုဖိလစ်၊ ချဲဆီးလ်ကနေ ရီးရဲလ်ကိုပြောင်းလာတဲ့ ဟာဇက်၊ အေတီကို အသင်းကနေ ဘာစီလိုနာကို ရောက်လာတဲ့ ဂရစ်ဇ်မန်းတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ယမန်နှစ် အေဂျက် အသင်းမှာခြေစွမ်းပြ ခဲ့တဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ဒီလစ်ဂ်ျ နဲ့ဒီ ဂျောင်တို့ ရဲ့ အပြောင်းအရွှေ့တွေဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အပြည့်ရခဲ့ကြတာဖြစ်ပါတယ်။အခုချိန်ဟာ ရာသီသစ်စတင်ဖို့ ရက်ပိုင်းသာလိုတော့သာ ဖြစ်ပြီး ရာသီကြိုခြေစမ်း ပွဲတွေ ဟာအတော်လေးမြိုင်ဆိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်။သက်ဆိုင်ရာအသင်းတွေကို အားပေးသူပရိသတ်တွေကတော့ မိမိအားပေးတဲ့အသင်းကို ရောက်လာတဲ့ကစားသမားတွေ ရဲ့ ခြေစွမ်းကို ကြိုတင်ပြီး အကဲခတ် ခွင့်ရမယ့် ရာသီကြိုပွဲစဉ်တွေကို အတော်လေးကို အားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ဒါကြောင့် လည်း အသင်းသစ်နဲ့ အဖွင့် ပွဲစဉ်တွေ မှာ ဘယ်သူတွေက တောက်
ပခဲ့ကြပြီး ဘယ်သူတွေက အဖွင့်မလှ ပခဲ့ဖူးဆိုတာကို All Football အခုလို ဖော်ပြသွားခဲ့ပါတယ်။

>>>အသင်းသစ်နဲ့ အဖွင့်ပွဲမှာ ရလဒ်ကောင်းနဲ့ အတူတောက်ပခဲ့ကြသူများ

၁။ရိုဒရီ ( မန်စီးတီး )

မန်စီးတီး အသင်းရဲ့ကလပ်စံချိန်တင်ကြေးနဲ့ခေါ်ယူထားသူဖြစ်ပြီး သူ့ရဲ့အဖွင့်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၆၉မိနစ်ပါဝင်ကစားခဲ့ပြီးပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။

၂။ဘစ်ဆာကာ ( ယူနိုက်တက် )

ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးဖြတ်ထုတ်မှု၁၂၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီးပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ခဲ့တဲ့သူ့ကိုယူနိုက်တက် အသင်းက ပေါင်သန်း ၅၀ အထိပေးချေခေါ်ယူခဲ့တာဖြစ်ပါတယ်။အသင်းသစ်နဲ့အဖွင့်ပွဲအဖြစ်တော့ပါ့တ်ဂလိုရီနဲ့ ပွဲမှာပါဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

၃။ ဂရစ်ဇ်မန်း ( ဘာစီလိုနာ )

အေတီကိုထံကနေ စာချုပ်ဖြတ်သိမ်းကြေး ယူရိုသန်း ၁၂၀ အထိပေးချေခေါ်ယူခဲ့တဲ့သူ့ကို ချဲဆီးလ်နဲ့ ခြေစမ်းပွဲစဉ်မှာပွဲထုတ်ခဲ့ပါတယ်။ဘာကာတို့ ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် ဒီပြင်သစ်သားကတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

၎။အန်ဒွန်ဘီလီ ( စပါး )

လိုင်ယွန် အသင်းထံကနေ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ သူဟာဂျူဗီနဲ့ ပွဲမှာ လူစားဝင်ခွင့်ရခဲ့ပါတယ်။သူ့ရဲ့ ပထမဆုံးထိချက်ကနေပဲ ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပြီး ကိုယ်တိုင်ဂိုးသွင်းယူနိုင်လုနီးပါအထိခြေစွမ်းပြခဲ့ပါတယ်။ကိန်းရဲ့ အံ့မခန်းကွင်းလယ်စည်းကနေ ကန်ချက်ကြောင့် စပါးတို့ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

၅။ ဒီဂျောင် ( ဘာစီလိုနာ )

ချဲဆီးလ်နဲ့ ပွဲမှာ ဂရစ်ဇ်မန်း နဲ့ အတူပွဲထွက်ခွင့်ရခဲ့ပြီး ကွင်းလယ်မှာ ပုံစံကောင်းပြသသွားနိုင်ခဲ့ပါတယ်။အသင်းက ရှုံးပွဲကြုံ ခဲ့ပေမယ့် ဒီ ဟော်လန်သားလေးရဲ့ အဖွင့်ပွဲ ခြေစွမ်းကမဆိုးဘူးလို့ဆိုရမှာဖြစ်ပါတယ်။

၆။ ဟာဇက် ( ရီးရဲလ် မက်ဒရစ် )

ရီးရဲလ် တို့ဟာသူတို့ ရဲ့ ကွင်းလယ်ကြယ်ပွင့် အသစ်စက်စက်ကို ပထမဆုံးရာသီကြိုပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်နဲ့ပွဲမှာပဲ ထုတ်သုံးခဲ့ပါတယ်။ကျောနံပါတ် ၅၀ ဝတ်ဆင်သွားခဲ့တဲ့ ဒီဘယ်ဂျီယံသားဟာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့လို့ ရီးရဲလ်ဖန်တွေစိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

၇။ ဂျာအိုဖိလစ် ( အေတီကို )

အေတီကို အသင်းဟာ သူတို့ အသင်းရဲ့ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူထားတဲ့ ဒီကြယ်ပွင့်တိုက်စစ်ကစားသမားလေးကို နူမန်စီယာနဲ့ ခြေစမ်းပွဲမှာထုတ်သုံးခဲ့ပါတယ်။သူဟာ ဒဏ်ရာကြုံတွေ့ခဲ့လို့ ပွဲချိန် ၂၆ မိနစ် သာပါဝင်ခဲ့ရပေမယ့်အေတီကို ဖန်တွေ ကျေနပ်စရာပါရမီမျိုးကိုပြသနိုင်ခဲ့ပါတယ်။စနေနေ့မှာကစားမယ့် မက်ဒရစ်ဒါဘီမှာ သူပါဝင်နိုင်မှာလား ဘယ်လောက်အထိစွမ်းဆောင်ပြနိုင်မလဲ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

>>>အသင်းသစ်နဲ့ အဖွင့်ပွဲမှာ ခြေစွမ်းအဆင့်အတန်းမှေးမှိန်ခဲ့ကြသူများ

၁။ ဒီလစ်ဂ်ျ ( ဂျူဗင်တပ် )

စပါး အသင်းနဲ့ ပွဲချိန် ၆၃ မိနစ်မှာ ဝင်ရောက်ခွင့် ရခဲ့တဲ့ ဒီလစ်ဂ်ျဟာ မကြာခင်မှာပဲ ချန်ပီယံလိဂ်မှာ ဒုက္ခပေးခဲ့ဖူးတဲ့ စပါးတိုက်စစ်မှုး မော်ရာရဲ့ နောက်ထပ် သွင်းဂိုးကို မြင်တွေ့ခဲ့ရပါတယ်။သူဟာ နောက်ထပ်ပွဲတပွဲဖြစ်တဲ့ အင်တာမီလန် အသင်းနဲ့ ပွဲမှာလည်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါသေးတယ်။ဒါကြောင့် လည်း သူ့ရဲ့ ခြေစွမ်းကို အများက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြပြီဖြစ်ပါတယ်။

၂။ ဂျိုဗစ် ( ရီးရဲလ် မက်ဒရစ် )

ဘိုင်ယန် အသင်းနဲ့ ပွဲစဉ် ပထမပိုင်းမှာ ဘန်ဇီမာ ခြေစွမ်း မပြသနိုင်ခဲ့ လို့ ဒုတိယပိုင်းမှာ လူစားဝင်ရောက်လာခဲ့တဲ့ ဂျိုဗစ်ရဲ့ ခြေစွမ်းကို အားလုံးကစောင့်ကြည့်ခဲ့ကြပါတယ်။ဒါပေမယ့် ဘောလုံး ထိချက် ၁၃ကြိမ် နဲ့ ဂိုးပေါက် ကန်သွင်းမှု ၁ကြိမ်သာရှိတဲ့ အထိ သူ့ရဲ့ ခြေစွမ်းက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရတာဖြစ်ပါတယ်။ရိုဒီရီဂို ရဲ့ နှစ်သိမ့်ချေပဂိုးတဂိုးပြန်ရခဲ့လို့ သာ ရီးရဲလ်တို့အခုထက်ပိုပြီးအရှက်မကွဲခဲ့ရတာဖြစ်ပါတယ်။

SM