မော်ဒန်ဘောလုံး လောကမှ အမြဲတမ်း ငြင်းခုန်နေရဆဲ ကိစ္စ တခု ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသ မားက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ဘောလုံး ဂြိုဟ်သား ၂ဦးရဲ့ ခေတ်မှာ မွေးဖွားလူတဲ့ လူတိုင်းအတွက်တော့ ဒီကိစ္စ ကို မလွဲမသွေကြုံနေရသေးတာဖြစ်ပါတယ်။ သာမန် လူတွေအပြင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာအောင်မြင်ကျော်ကြားသူတွေကလည်း သူတို့နှစ်ဦးရဲ့ပရိသတ်တွေအဖြစ်ထက်ဝက်ခန့်စီရှိနေတာဖြစ်ပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲ ဆိုတဲ့ အငြင်းအခုံ အတွင်းနောက်ဆုံးဝင်ရောက်လာသူကတော့ အင်တာမီလန် အသင်းရဲ့ တိုက်စစ် မှူးဟောင်း ရီကိုဘာပဲဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ် ဒိုတို့ဟာ အသက် ၃၀ အရွယ် ကျော်လွန်လာကြပြီဖြစ်ပေမယ့် အံ့မခန်း ခြေစွမ်းမျိုးပြသနေဆဲ ဖြစ်ပြီး သူတို့ရဲ့ ပွဲတွေကို ပရိသတ်တွေက စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။အကယ်၍သူတို့ ၂ဦလုံး ရဲ့ ပွဲချိန်တွေသာ တူညီနေပါက မက်ဆီပါတဲ့ပွဲကိုပဲကြည့်မှာ ဖြစ်တယ်လို့ ရီကိုဘာက ဆိုလိုက်တာဖြစ်ပါတယ်။ Perform နဲ့ အင်တာဗျူးမှာ ရီကိုဘာ က – ” မက်ဆီဟာ ထိပ်တန်း အဆင့်မှာ ရှိနေခဲ့တာ ၁၅ နှစ်လောက်ကြာနေခဲ့ ပြီဖြစ်ပါတယ်။

ါဟာ ဘာစီလိုနာ အသင်းကနေ မပြောင်း တာကြောင့်လို့တော့ လူတွေက ပြောကြပါလိမ့်မယ်။ဒါပေမယ့် လည်း အသင်းဖော်တွေက ပြောင်း လဲ နေတာဖြစ်ပြီး သူပဲ ဒီမှာ ဆက်ရှိနေတာဖြစ်ပါတယ်။ကျွန်တော့်အတွက်ကတော့ သူဟာ အမြဲတမ်းအချိန်ပြည့်အကောင်းဆုံးကစားသမား တဦးဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။ ရီကိုဘာ အတွက်တော့ အဆိုပါ ကစား သမား ၂ဦးစလုံး ပွဲတွေ တချိန်တည်းမ ကစားနေ၍ အကောင်းဆုံးက ဘယ်သူ လဲဆိုတာကို စကားအချေအတင်ဖြစ်မှာ မဟုတ်ပါဘူး။ဒါပေမယ့် သူတို့ရဲ့ ပွဲချိန်တွေတိုက်နေရင်တော့ မက်ဆီပါတဲ့ ပွဲကို ပဲ ကြည့်ဖြစ်မယ်လို့ ရီကိုဘာကဆိုပါတယ်။

ဒီဥရုဂွေးသားကြီးကဆက်လက်ပြီး – ” ရော်နယ်ဒို အကြောင်းပြောရရင်တော့ သူတို့၂ယောက်သာ မတူညီတဲ့ ခေတ်တွေမှာမွေးဖွားလာဖြစ်ခဲ့ကြရင် ကွဲပြားတဲ့ ပုံပြင်တခုလိုဖြစ်သွားပါလိမ့်မယ်။ဒါပေမယ့် တခေတ်တည်းမှာ သူတို့ ၂ဦးလုံးစတင်ကစားခဲ့ကြတဲ့ အချိန်ကတည်းစတင်ပြီး နှိုင်းယှဉ်မှုတွေရှိလာတာဖြစ်ပါတယ်။ ဒါဟာ သာမန် ဖြစ်ရိုး ဖြစ်စဉ် တခုဖြစ်ပါတယ်။တကယ်လို့ သူတို့ ၂ဦးစလုံးက ပွဲ တွေ တချိန်တည်းကစားနေရင်တော့ ကျွန်တော့်အနေနဲ့ တပွဲကို ရွေးရတော့ မှာဖြစ်ပါတယ်။ကျွန်တော်ကတော့မက်ဆီရဲ့ ပွဲကိုပဲ ရွေးမိမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM