ချန်ပီယံလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ အာဆင်နယ် ၊ မန်ယူနိုက်တက် ၊ ၀ုဖ် တို့ ပါ၀င်နေတဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ရောက်ရှိ လာခဲ့ပါပြီ။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်ဟာ အကုန်လုံး နောက်တဆင့် တက်ဖို့ အခြေအနေ ကောင်းနေတဲ့ ဗြိတိန် ကလပ် တွေရဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကို ခန့်မှန်း သုံးသပ် ပေးသွား ခဲ့ပါတယ်။

၁~ စပို့တင်းဘရာဂါ Vs ၀ုဖ်
၀ုဖ်အသင်း အနေနဲ့ နောက်ဆုံး ၃၂ သင်း အဆင့် ကို တက်ရောက် နိုင်ဖို့ အတွက် ပေါ်တူဂီ မှာ သရေတစ်မှတ်တော့ လိုအပ် ပါတယ်။ ပထမပွဲစဉ်က အင်္ဂလန်မှာ ၁-၀ နဲ့ အနိုင် ရရှိ ထားခဲ့တဲ့ အိမ်ရှင် အသင်း အနေနဲ့ ၀ုဖ် ကိုသာ နောက်တစ်ကြိမ် ထပ်နိုင် ခဲ့မယ် ဆိုရင် အုပ်စုဗိုလ်နဲ့ နောက်တဆင့် တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။ သရေရလဒ် သာ ဆိုရင် ၂ နှစ်သင်း စလုံး ရှုံးထွက် အဆင့်ကို တက်ရောက် သွားတာကို မြင်ရနိုင် ပါတယ်။

၀ုဖ်အသင်းဟာ ဒီရာသီ PL မှာ အထနှေးခဲ့ ပေမယ့်လည်း နောက်ပိုင်း ရက်သတ္တပတ်တွေမှာ ပုံစံကောင်း ပြသလျက် ရှိနေပြီး ဘရာဂါ အသင်း ကတော့ ပေါ်တူဂီ လိဂ်ရဲ့ အမှတ်ပေးဇယားလယ်မှာ ရောက်ရှိ နေပါတယ်။ နည်းပြ နူနိုဆန်တိုနဲ့ သူ့ရဲ့ ပေါ်တူဂီ ကစားသမား တွေနဲ့ ဖွဲ့စည်း ထားတဲ့ အသင်းသာ ရှံုးထွက် အဆင့်ကို တက်ရောက်ဖို့ လိုအပ်တဲ့ သရေရလဒ်သာ မရယူ နိုင်ခဲ့ဘူး ဆိုရင် ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ််မိ မှာပါ။

အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ … စပို့တင်းဘရာဂါ ၁ – ၁ ၀ုဖ်

၂~ အက်တာနာ Vs မန်ယူနိုက်တက်

ယူနိုက်တက် ရဲ့ လူငယ်ကြယ်ပွင့် မေဆင်ဂရင်းဝုဒ်ဟာ ပထမအကျော့ အိုးထရပ်ဖို့ဒ် မှာ ကစား ခဲ့တဲ့ ပွဲစဉ်မှာ အဆိုပါ ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ်။ အက်တာနာ အသင်းဟာ ယူရိုပါလိဂ်မှာ နောက်ဆုံး ကစား ခဲ့တဲ့ အိမ်ကွင်း ၃ ပွဲစလုံး ရှံုးနိမ့် ထားခဲ့ပေမယ့် ကျွန်တော် ကတော့ အိုလီဂန်နာ ဆိုးရှားရဲ့ အသင်းဟာ ကာဇက်စတန် မှာ သရေ တစ်မှတ် နဲ့ ကျေနပ် ရလိမ့်မယ်လို့ ခံစားမိ ပါတယ်။

ယူနိုက်တက်ဟာ ဒီပြိုင်ပွဲရဲ့ ရှံုးထွက် အဆင့် ကို တက်ရောက် ခဲ့ပြီး ဖြစ်ပေမယ့် ထိပ်ဆုံး နေရာ အတွက်သာ အာမခံချက် မရှိသေးတာ ဖြစ်ပါတယ်။ အက်တာနာ ဟာ ဒီရာသီ အုပ်စု အဆင့်မှာ ရမှတ် ၁ မှတ်မှ ရယူ နိုင်ခဲ့ခြင်း မရှိသေးပေမယ့် ကျွန်တော် ကတော့ ယူနိုက်တက်ဟာ အက်တာနာ ကွင်းမှာ သရေ တစ်မှတ်သာ ရယူ နိုင်မယ်လို့ ထင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ … အက်တာနာ ၁ – ၁ မန်ယူနိုက်တက်

၃~ ဆဲတစ် Vs ရင်းနက်

ဆဲတစ်အသင်းဟာ ရှံုးထွက် အဆင့်ကို တက်ရောက် ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဆဲတစ် အနေနဲ့ ဒီတစ်ပတ် လီဂူးဝမ်းမှာ ဒီဂျွန် ကို ၂-၁ နဲ့ ရှံုးနိမ့် ခဲ့တဲ့ ပြင်သစ် ကလပ်ကို အနိုင်ယူကာ ရမှတ် ၃ မှတ် ရယူ သွားနိုင်မယ်လို့ ထင်ပါတယ်။ နေးလ်လန်နွန်ရဲ့ အသင်းဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြ နေပြီး အုပ်စု ပွဲစဉ် ၄ မှာ လာဇီယို ကို Rome မှာ နိုင်ခဲ့တဲ့ ပွဲကတော့ ဆဲတစ်ရဲ့ အကောင်းဆုံး ဥရောပ ညတွေထဲက တစ်ခု ဖြစ်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ … ဆဲတစ် ၂ – ၀ ရင်းနက်

၄~ အာဆင်နယ် Vs ဖရန့်ဖတ်
အာဆင်နယ် အနေနဲ့ နောက်ဆုံး ၃၂ သင်း အဆင့် ကို တက်ရောက် နိုင်ဖို့ အတွက် သရေ တစ်မှတ်သာ လိုပါတော့တယ်။ ဒါပေမယ့် အူနိုင်းအမ်မရီမှာ ကျရောက်နေတဲ့ ဖိအားတွေ လျော့ပါး သွားစေဖို့ ဂန်းနား တို့ အနေနဲ့ အနိုင် ၃ မှတ် ရယူနိုင်ဖို့ လိုအပ် ပါတယ်။ ဒါ့အပြင် ဂန်းနား တို့ဟာ ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက ဆောက်သမ်တန် နဲ့ ပွဲမှာ သရေ တစ်မှတ် ရယူ နိုင်ခဲ့တာ ကလည်း အတော့်ကို ကံကောင်းမှု ရှိပါတယ်။

ဖရန့်ဖတ် ကတော့ ယခုလ အစောပိုင်းက ၁၀ယောက်ကျန် ဘိုင်ယန် ကို ၅-၁ နဲ့ နိုင်ခဲ့ပြီး ကတည်းက နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့် ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ဒုတိယ ရခဲ့တဲ့ အာဆင်နယ် ဟာ ပရီးမီးယားလိဂ် ရဲ့ အဆင့်လေး နေရာမှာ ရပ်တည် နေတဲ့ အသင်းနဲ့ ၈ မှတ် အထိ ကွာဟနေတာကြောင့် ယူရိုပါလိဂ် ပြိုင်ပွဲ ကသာ ချန်ပီယံလိဂ် ကို ပြန်ရောက်ဖို့ အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ … အာဆင်နယ် ၃ – ၁ ဖရန့်ဖတ်

၅~ ဖီယင်နော့ Vs ရိိန်းဂျား
ရိန်းဂျား အသင်း အနေနဲ့ ရော့တာဒမ်မှာ အနိုင် ရခဲ့မယ် ဆိုရင် နောက်ဆုံး ၃၂ သင်း အဆင့်ကို တက်ရောက် နို်င်မှာပါ။ ဖီယင်နော့ဟာ လက်ရှိ နယ်သာလန်လိဂ်မှာ အဆင့် ၁၀ နေရာမှာ ရပ်တည် နေပေမယ့် သရေတစ်မှတ် ကလည်း စတီဗင်ဂျာရတ် ရဲ့ အသင်း အတွက် ရလဒ်ဆိုး မဟုတ်ပါဘူး။ ရိန်းဂျား ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် အနိုင် ရရှိ ထားခဲ့တဲ့ အထိ ပုံစံကောင်း ပြသနေကာ ဒီကာလမှာ ပေးဂိုး ၂ ဂိုးသာ ရှိခဲ့ပြီး နယ်သာလန် ကိုလည်း အဝေးကွင်း ပရိတ်သတ် များစွာ လိုက်လံ အားပေး ကြအုံးမှာပါ။ ကျွန်တော် ကတော့ ဂိုးနည်းနည်း နဲ့ သရေ ကျသွားမယ်လို့ ထင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ … ဖီယင်နော့ ၁ – ၁ ရိိန်းဂျား

SPORTS MYANMAR