လီဗာပူး ဟာ ယနေ့မနက်က နာပိုလီ ကို အန်ဖီးမှာ သရေကျ သွားခဲ့တာကြောင့် ရှံုးထွက် အဆင့်ကို တက်ရောက် နိုင်ဖို့ အတွက် နောက်ဆုံး ပွဲမှာ သရေတစ်မှတ် ရယူဖို့ လိုအပ် နေပါတယ်။ လီဗာပူးဟာ ပွဲချိန် အများစု မှာ ကာလိုအန်ဆယ်လော့တီရဲ့ အသင်းကို လွှမ်းမိုး နိုု်င်ခဲ့ပေမယ့်လည်း ဒရီးမာတန်စ် ရဲ့ မထင်မှတ်တဲ့ ဂိုးနဲ့ ဦးဆောင် ခံခဲ့ ရပါတယ်။

အိမ်ရှင် အသင်းဟာ နာပိုလီ ရဲ့ ခံစစ် အထိုင်ကျ ကစားဟန် အောက်မှာ ရုန်းကန် ခဲ့ရပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် တိုက်စစ် ကစားဟန်တွေ လိုအပ်ချက်များ နေခဲ့တာကြောင့် အခွင့်အရေးကောင်းတွေ ဖန်တီး နိုင်ခြင်း မရှိ ခဲ့ပါဘူး။ ချေပဂိုး ရဖို့ တောက်လျှောက် အားထုတ် လာခဲ့တဲ့ လီဗာပူး အတွက် ဒုတိယပိုင်း မှာတော့ ဒီဂျန်လော့ဗရန်ဟာ ထောင့်ကန်ဘော ကနေ တဆင့် ချေပဂိုး သွင်းပေး ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးဟာ နောက်တစ်ဂိုးတော့ ထပ်မရ ခဲ့ဘဲ အန်ဖီးမှာ သရေ တစ်မှတ်စီ ခွဲယူ ခဲ့ရပါတယ်။ လီဗာပူးဟာ အုပ်စု E ရဲ့ အဆင့်တစ် နေရာမှာ ဆက်ရှိနေ ပေမယ့် ရှံုးထွက်အဆင့်ကို တက်နိုင်ဖို့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ရက်ဘူးဆဲဘတ် ဆီက အနည်းဆုံး သရေ တစ်မှတ်တော့ လိုအပ် နေပါတယ်။

ယာဂန်ကလော့ က “ကျွန်တော်တို့ ဒီညနဲ့တင် ဆုံးဖြတ်ချင် ခဲ့တာ ရှင်းပါတယ်။ ပွဲမတိုင်မီ ကတည်း ဟိုးအရင် ကတည်းက နာပိုလီ နဲ့ ကစား ရတာ ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ကလည်း ခက်ခဲခဲ့ပြီး အမြဲတမ်းလည်း ခက်ခဲ နေမှာပါ။ သူတို့ဟာ အသင်းကောင်းပါ။ နောက်ဆုံးမှသာ ဖြစ်သွားသင့်တဲ့ အရာ ၂ ခု ရှိပါတယ်။ သူတို့ ၁-၀ ဖြစ်သွားတာနဲ့ ဖာဘင်ညို ဒဏ်ရာ ရသွားတာပါ။ ဒီညအတွက် ပြသနာ ၂ ခု ကို ဂျီနီ နဲ့ ဖြေရှင်းလို့ ရပါတယ်။ သူဒီည အရမ်း အရမ်း ကောင်းအောင် ကစား သွားခဲ့ပါတယ်။ ဒါပေမယ့် အခြား အရာ တစ်ခု ကတော့ ကျွန်တော်တို့ကို ပြသနာ ဖြစ်စေခဲ့ ပါတယ်။ နာပိုလီဟာ တိုက်ပွဲဝင် သွားဖို့ အတွက် အသင်းကို set-up လုပ်ခဲ့ပါတယ်။ နာပိုလီ ကစားတာကို မြင်တွေ့ နေကြ သူတွေ အနေနဲ့ ဒီနေ့မှာ သူတို့ဟာ တစ်မျိုး ချည်းကပ် လာခဲ့တာကို တွေ့မှာပါ။ သူတို့ဟာ ရလဒ် အတွက်ပဲ လာတာ ရှင်းပါတယ်။ ဂိုးတစ်ဂိုး သွင်းပြီး အစွမ်းကုန် ကာကွယ်တာ ပါပဲ။

ကျွန်တော်တို့ ဖိအားတွေ တိုးပေး ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒါကို လုပ်ခဲ့ပါတယ်။ ပထမပိုင်းရဲ့ နောက်ဆုံး ၁၅ မိနစ် ကစားတာ ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အစွမ်းကုန် ခံကစား နေတဲ့ အရည်အသွေးမြင့်တဲ့ အသင်းနဲ့ တွေ့ရင် ဒီလိုပုံစံမျိုး ပါပဲ။ တောင်ပံတွေ ပွင့်နေပြီး ကျွန်တော်တို့ ဒါကို အသုံးချဖို့ ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးကို အကြိမ် တော်တော်များများ အစောကြီး ဖြတ်တင် ပေးခဲ့ကြ ပါတယ်။

ကွင်းဘေးစည်း နားထိ ရောက်အောင် သွားရမှာ ဖြစ်ပြီး ဒါဆိုရင်တော့ ရွေးချယ်စရာတွေ ရလာ ပါလိမ့်မယ်။ အစွန်နားက သူကို ဘောလုံး ပေးနိုုင်တယ် ၊ အသာအယာ မပေးနိုင်တယ် ၊ ဂိုးသမား နဲ့ နောက်တန်း ကြားကနေ ကန်သွင်းမှု လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကြိမ် အများစု မှာ ဘောလုံး ကို အစောကြီး ဖြတ်တင် ခဲ့ကြပါတယ်။ ဒ့ါကြောင့်လည်း သူတို့ ဂိုးသမား ဘောလုံးတွေ အများကြီး ဖမ်းမိ ခဲ့တာပါ။ ကျွန်တော်တို့ နောက်ကနေ လိုက်ကစား ခဲ့ရသလို အနိုင်ဂိုးအတွက်လည်း တောက်လျှောက် ကြိုးပမ်း ခဲ့ပါတယ်။ ဒီညမှာ ကျွန်တော်တို့ အတွက် ဒါဟာ အလုပ် မဖြစ် ခဲ့ပါဘူး။ ဒါဟာ ဘောလုံးမှာ ဖြစ်တက်တဲ့ ပုံစံပါ။ အမြဲတမ်း ကိုယ်လိုချင်တဲ့ ရလဒ် မရတက် ပါဘူး။” လို့ ဆိုသွား ပါတယ်။

ဘယ်အရာတွေက ဒီညမှာ လီဗာပူး အတွက် အကြီးမားဆုံး ပြသနာကို ဖြစ်စေ တာလဲ ဆိုတဲ့ မေးခွန်းကို ကလော့ က “ကျွန်တော်တို့ကို ပြသနာတွေ ကြီးမားစေ ခဲ့တဲ့ အရာတွေ ကတော့ သူတို့ ဂိုးသွင်းသွား ခဲ့တာနဲ့ အစွမ်းကုန် ခံကစား သွားခဲ့တာပါ။ ကျွန်တော့် အထင် နာပိုလီ ဟာ ပုံမှန်အားဖြင့် ဒီလို ကစားတဲ့ အသင်း မဟုတ်ဘဲ တိုက်စစ်ကို ပိုမို အားသန် ပါတယ်။ သူတို့ဟာ ဒီညမှာတော့ ခံစစ်ကို လုံအောင် ကစားပြီး တန်ပြန် တိုက်စစ် ဆင်ဖို့သာ အဓိက လုပ်ခဲ့ပြီး နာပိုလီလို အရည်အသွေးမြင့် အသင်း တစ်သင်း ဒီလို ချည်းကပ်မှု လုပ်ခဲ့တယ် ဆိုရင် ခက်ခဲ သွားစေပါတယ်။ ကျွန်တော်တို့သာ ၁-၀ နဲ့သာ ဦးဆောင် နိုင်မယ်ဆိုရင် သူတို့ ကစားဟန် ပြောင်းလဲ သွားနိုင်ပါတယ်။ အတိအကျတော့ မသိပါဘူး။ ဒါပါပဲ။” လို့ ဖွင့်ဟ ခဲ့ပါတယ်။

SM