ဘာစီလိုနာ အသင်း ဟာ ဒီနေ့ နံနက် နူးကမ့် ကွင်းထဲ ဒေါ့မွန် အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး အဓိက တိုက်စစ် ကစားသမား သုံးဦး ဖြစ်တဲ့ မက်ဆီ ၊ ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်း တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ 3 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ဘာကာ တို့ နောက် တစ်ဆင့် တက်ရောက် နိုင်ခဲ့ ပြီး ဒေါ့မွန် တို့ ကတော့ နောက်ဆုံး ပွဲစဉ် အထိ ဆက်လက် ကြိုးစား ရပါ တော့မယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဟီးရိုး ဖြစ်သွား ခဲ့သူ က မက်ဆီ ပဲ ဖြစ်နေ ခဲ့ပြန် ပါတယ် ။ မက်ဆီ ဟာ ကိုယ်တိုင် တစ်ဂိုး သွင်းယူ နိုင်ခဲ့ သလို အသင်းဖော် ဆွာရက်ဇ် နဲ့ ဂရစ်ဇ်မန်း တို့ရဲ့ သွင်းဂိုး တွေကို လည်း ဖန်တီး ပေးသွား နိုင်ခဲ့ တာကြောင့် ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ ရ ပါတယ် ။

ဒါ့ကြောင့်လည်း ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ပြိုင်ဖက် အသင်း နည်းပြ ဖက်ဗ်ရီ ကိုယ်တိုင် က မက်ဆီ ကို အထူး ချီးကျူး သွားခဲ့ တာ ဖြစ်ပြီး ထိပ်တန်း ခြေစွမ်း ပိုင်ဆိုင် နေတဲ့ အချိန် တွေမှာ အာဂျင် တိုင်းသား ကို ရပ်တန့် လိုက်ဖို့ မလွယ်ကူ ၊ ဒီလို လုပ်ဆောင် လို့ ရနိုင်ခြေ အနည်းငယ် သာ ရှိကြောင်း ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” သူ ( မက်ဆီ ) ဟာ false 9 ကစားသမား တစ်ဦး လိုပဲ ကစားပြ သွားခဲ့ ပါတယ် ။ ဂိုးပေါက် တစ်ဝိုက် မှာ သူ့ရဲ့ လုှပ်ရှား မှု တွေက တစ်ကယ် ပဲ ကောင်းမွန် ခဲ့ တာပါ ။ သူ ဘောလုံး ရရှိ ခဲ့တဲ့ အချိန် တွေမှာ ဆိုရင် တစ်ကယ့် ကို ရပ်တန့် လို့ မရ နိုင်သူ ဖြစ်နေ ခဲ့တယ် လေ ”

” သူဟာ တစ်ကယ့် ကို အရှိန် မြန်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် သူ့ကို ဟန့်တား နိုင်ဖို့ ဆိုရင် ခင်ဗျား ပစ်ဒဏ် ကျူးလွန် ဖို့ပဲ ရှိနေ ပါ တော့တယ် ။ သူ့ရဲ့ ဖိုင်နယ် ဘောလုံး ထိချက် တွေက တစ်ကယ့် ကို အန္တရာယ် များလွန်း လှ ပါတယ် ” လို့ ဖက်ဗ်ရီ က ပြိုင်ဖက် ကစားသမား ကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ထွက်ပေါ် နေ ခဲ့တဲ့ သတင်း တွေ ကတော့ ဒေါ့မွန် နည်းပြ ဖက်ဗ်ရီ နဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမားလေး ဂျေဒန် ဆန်ချို တို့ အကြား အဆင်မပြေ မှုတွေ ရှိနေ တယ်လို့ သိရှိ ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒေါ့မွန် အတွက် ဆန်ချို ရဲ့ အရေးပါ ပုံက အဆိုပါ ပွဲစဉ် မှာ သိသာ ထင်ရှား ခဲ့ ပါတယ် ။

ဒီပွဲ မှာလည်း ဆန်ချို ဟာ အရန် ကစားသမား အဖြစ်သာ ပါဝင် ခဲ့ ရပြီး ကွင်းထဲ ဝင်ရောက် ကစား ပေးတဲ့ အချိန် မှာတော့ ဒေါ့မွန် အသင်း ရဲ့ တိုက်စစ် ကစားဟန် ဟာ သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။ ဒါ့အပြင် ဆန်ချို ဟာ အသင်း အတွက် တစ်ဂိုး သွင်းယူ ပေးနိုင် ခဲ့သလို တာစတီဂျန်မှ အတော်လေး ကြိုးစား ကာကွယ် လိုက် ရတဲ့ ဂိုးပေါက် ကန်ချက် တစ်ခု ကိုလည်း ပြုလုပ် နိုင်ခဲ့ ပါ သေးတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆန်ချို ကို အရန်ခုံ ပေါ်မှာ ထားခဲ့ခြင်း အကြောင်း အမေး ခံလိုက် ရတဲ့ အချိန် ဖက်ဗ်ရီ က …

” ပွဲစဉ် မစတင်ခင် ကတည်းက ဒါဟာ တစ်ကယ့် ကို ပြင်းထန် တဲ့ ပွဲစဉ် ဖြစ်တာ ကြောင့် ကျွန်တော် တို့ အာရုံစိုက် ကစား ပေး ကြမယ့် ကစားသမား တွေကို လိုအပ် နေတယ် ဆိုတဲ့ အကြောင်း ကျွန်တော် ရှင်းပြ ခဲ့ပါ သေးတယ် ။ ဒါ့ကြောင့် ကျွန်တော် တို့ တွေဟာ ဆန်ချို ကို အရန်ခုံ ပေါ်မှာ ထားဖို့ ဆုံးဖြတ် ခဲ့ ကြတာ ပါ ” လို့ ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar