လေဗာကူဆင် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ကိုင် ဟဗာ့ဇ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း အတွက် ကစား ပေး ခဲ့တဲ့ ပွဲစဉ် 33 ပွဲမှာ ကိုယ်တိုင် 17 ဂိုး သွင်းယူ နိုင်ခဲ့ ပြီး အသင်းဖော် တွေ အတွက် 3 ဂိုး ဖန်တီး ပေးနိုင် ခဲ့ပါ သေးတယ် ။

ဒါ့ကြောင့်လည်း ဥရောပ ထိပ်သီး ကလပ် တွေက သူ့ကို စိတ်ဝင်စား နေခဲ့ ကြ သလို လူငယ် ကစားသမား တွေနဲ့ အသင်းကို ပြန်လည် တည်ဆောက် လိုနေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း သူ့ကို စောင့်ကြည့် နေခဲ့ တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် လက်ရှိ ဘောလုံး ရာသီ မှာတော့ သူဟာ လေဗာကူဆင် အသင်း မှာ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ဖို့ ၊ ဂိုးတွေ သွင်းယူ နိုင်ဖို့ ရုန်ကန် နေခဲ့ ရပြီး လိဂ်ပွဲ 10 ပွဲ ကစား ခဲ့ရာ မှာ 2 ဂိုးသွင်း ၊ 1 ဂိုးသာ ဖန်တီး ပေးထား နိုင် ခဲ့တာ ကြောင့် ဝေဖန် မှုတွေ အောက် ကျရောက် နေခဲ့ ပါတယ် ။

ဒီ ကြားထဲ ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် က လေဗာကူဆင် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား လေး ကိုင် ဟဗာ့ဇ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လာမယ့် စီမံကိန်း တွေ အတွက် စိတ်လုှပ်ရှား နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

နာမည်ကြီး သတင်းစာ တစ်ခု ဖြစ်တဲ့ Bild ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကျဆင်း နေတဲ့ အသင်းကြီးလို့ မှတ်ချက် ပေးခဲ့ ပေမယ့် ဟဗာ့ဇ် ကတော့ ဒီ တစ်ကြိမ် မှာ ယူနိုက်တက် နဲ့ အပြောင်း အရွှေ့ သတင်း တွေ အကြောင်း မပြော ခဲ့ပဲ သူ့ရဲ့ ခြေစွမ်း ကျဆင်း နေမှု အကြောင်း ကိုပဲ အဓိက ထား ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လို ဂိုးသွင်း စွမ်းရည် တွေနဲ့ ခြေစွမ်း ကောင်း တွေကို ပြန်လည် ပိုင်ဆိုင် နိုင်ဖို့ အတွက် ဆက်လက် ကြိုးစား ဖို့ ရှိနေ ကြောင်း ၊ သူ့ရဲ့ ခြေစွမ်း နဲ့ ပတ်သက်လို့ သက်သေ ပြသွား ဖို့ အားထုတ် သွားမှာ ဖြစ်တဲ့ အကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဟာ ကျွန်တော့် အတွက် တော့ တစ်ကယ့် မှတ်တမ်း ကောင်း အချို့ ပိုင်ဆိုင် ခဲ့တဲ့ အချိန် တွေ ဖြစ်ခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် အဲ့ဒီ အတိုင်း ရှေ့ဆက် ပြ နိုင်ဖို့ ဆိုတာ တစ်ကယ် ပဲ ခက်ခဲ တဲ့ အရာ တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ”

” အဲ့ဒီ အတိုင်း ဆက်လက် တိုးတက် ကောင်းမွန် သွားနိုင် ဖို့ ဆိုတာ ကျွန်တော့် ရဲ့ ရည်မှန်းချက် တစ်ခု ပါ ။ ကျွန်တော် ဟာ ဒီ ရာသီ အစ ပွဲစဉ် နှစ်ပွဲ မှာလည်း 2 ဂိုး သွင်းယူ နိုင်ခဲ့ ပြီး တာထွက် ကောင်းခဲ့ ပါ သေးတယ် ”

” ကျွန်တော် တို့လို လူငယ် ကစားသမား လေးတွေ အတွက် အသေး အဖွဲ့ အရာ တွေကို အရင်ဆုံး ကြုံတွေ့ ခံစား ရတာ က သဘာဝ ကျတဲ့ အရာ တစ်ခု ပါပဲ ။ အဲ့တာ တွေ ကပဲ ကျွန်တော် တို့ကို ကစားသမား တစ်ဦး အနေ နဲ့ရော လူသား တစ်ဦး အနေနဲ့ ပါ ပုံစံ တစ်ခု ရရှိ စေ ပါတယ် ”

” ကျွန်တော် တို့ဟာ ဒီလို အခိုက်အတန့် လေးတွေ ကနေ ပဲ လေ့လာ သင်ကြား မှုတွေ အများကြီး လုပ်ဆောင် ရတာ ပါ ။ ဒါဟာ ကျွန်တော့် ဘဝ မှာတော့ ပထမဆုံး အကြိမ် ချီးကျူး ခံရ မှုတွေ အဆက်မပြတ် မရ နိုင် ခဲ့တဲ့ အချိန် တစ်ခု ပဲလို့ ခံစား နေရ ပါတယ် ”

” သတင်း တွေမှာ ကျွန်တော် နဲ့ ပတ်သက် လို့ ရေးသား ထားတဲ့ အရာ တိုင်းက အပေါင်း လက္ခဏာ မဆောင် နိုင်ခဲ့ ပါဘူး ။ ဒီလို သတင်း တွေက ကျွန်တော့် ကို ဆွဲထား နိုင်မှာ တော့ မဟုတ် ပါဘူး ။ ကျွန်တော် ဘာလဲ ဆိုတာ ကို နောက် တစ်ကြိမ် သက်သေ ပြဖို့ ကြိုးစား အားထုတ် သွားမှာ ပါ ” လို့ ဟဗာ့ဇ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar