* အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၂ နာရီခွဲမှာ ဖရန့်ဖတ် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာပါ ။ အာဆင်နယ် အသင်းဟာ ဖရန့်ဖတ် အသင်းကို အနိုင်ရရင် နောက်တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပြီး ပထမအကျော့တုန်းကတော့ အဝေးကွင်းမှာ သုံးဂိုးပြတ် အနိုင်ရထားပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ဆောက်သမ်တန် အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကုစားနိုင်ဖို့ အတွက် နှစ်ရက်တာ အနားပေးခဲ့တယ်လို့ သိရပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီ က ကလပ် အသင်းတာဝန်ရှိသူတွေ နဲ့ အသင်းသားတွေဟာ သူ့ကို အပြည့်အဝ ယုံကြည် ထောက်ခံ အားပေးကြကြောင်း ထုတ်ဖော်ပြောကြား လိုက်ပါတယ် ။ ဒါ့အပြင် အမ်မရီ က သူ့ရဲ့ နည်းပြ ရာထူးထက် လာမယ့် သောကြာနေ့မှာ ကစားမယ့် ဖရန့်ဖတ် အသင်းနဲ့ ယူရိုပါလိဂ် အုပ်စု ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် ကစားသမားဟောင်း ပီးနန့် က ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာဟာ နည်းပြ အူနိုင်း အမ်မရီ တစ်ယောက်တည်းမှာ တာဝန် ရှိတာ မဟုတ်ကြောင်း ပြောကြားလိုက်ပြီးကစားသမားတွေရဲ့ ပေါ့ဆမှု၊ အမှားတွေနဲ့လည်း သက်ဆိုင်ကြောင်း ဝေဖန် လိုက်ပါတယ် ။

* လက်စတာ အသင်း နောက်ခံလူ ဆိုယွန်ကူ ရဲ့ အေးဂျင့် ဖြစ်သူက အာဆင်နယ် အသင်းနဲ့ သတင်းတွေ ထွက်နေတာဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပြီး သူ့ရဲ့ ကစားသမားဟာ လက်စတာမှာပဲ ဆက်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

* နည်းပြ အူနိုင်း အမ်မရီ က ဖရန့်ဖတ် အသင်းနဲ့ ပွဲမှာ ကွင်းလယ်လူ ရှာကာ ပြန်လည် ပါဝင်နိုင်ချေ ရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပြီး ပရိသတ်တွေ အနေနဲ့ သူ့ကို အားပေး ကြဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

* ဂျာမနီ နောက်ခံလူ မူစတာဖီ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာသာ မှန်ကန် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိပါက အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပြီး လက်ရှိ အချိန်မှာတော့ အသင်းနိုင်ပွဲတွေ ရဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုလိုက်ပါတယ် ။

* ဝုလ်ဗာဟမ်တန် အသင်း နည်းပြ နူနို ဆန်းတိုစ့် က အူနိုင်း အမ်မရီ ထုတ်ပယ် ခံရပါက အာဆင်နယ် အသင်း နည်းပြသစ် ​အဖြစ် ရေပန်းစားနေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း နဲ့ အခုလို ပြောဆိုနေကြတာတွေဟာ လက်ရှိ နည်းပြ အဖြစ် ရှိနေသေးတဲ့ အူနိုင်း အမ်မရီ အပေါ် မလေးစားရာ ကျကြောင်း ဖြေကြား သွားခဲ့ပါတယ် ။

* မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နိုင်ငံတကာ ဖလားပွဲမှာ အာဆင်နယ် ယူ-၂၃ အသင်း ဟာ ဗီလာရီးရဲလ် ယူ-၂၃ အသင်းကို သုံးဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အဆိုပါ ပွဲမှာ အာဆင်နယ် ယူ-၂၃ အသင်းအတွက် ဂိုးတွေကိုတော့ နသန်တော်မီ ၊ စမစ်ရို ၊ ကွိုင်လီ တို့က သွင်းယူ ပေးခဲ့တာပါ ။

* ဖရန့်ဖတ် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
—————————————-
ဂိုး – မာတီနက်ဇ် ။
နောက်တန်း – ချန်ဘာ ၊ မာဗရိုပါနိုစ့် ၊ မူစတာဖီ ၊ တီယာနေး ။
အလယ်တန်း – ဝီးလောခ့် ၊ မိတ်လန်နိုင်းလ်စ် ၊ တော်ရီးယား ။
ရှေ့တန်း – ဆာကာ ၊ မာတီနယ်လီ ၊ နယ်လ်ဆင် ။

SPORTS MYANMAR