ဟိုဆေး မော်ရင်ဟို ဟာ တော့တင်ဟမ် ဟော့စပါး ကို ၂ ပွဲသာ ကိုင်တွယ် ရပါ သေးတယ် ။ ဒါပေမယ့် ၂ ပွဲ စလုံး အနိုင် ရရှိမှု နဲ့ အတူ ပရိသတ် တွေ ရော အသင်းသား တွေ ပါ ပျော်ရွှင်မှု တွေ ၊ မျှော်လင့်ချက် အိပ်မက် တွေ နဲ့ စိတ်ဓါတ် တွေ တက်ကြွ လို့ နေကြ ပါပြီ ။ ဒီ အထဲ မှာ အပျော်ရွှင် ရဆုံး လူသား ကတော့ ဘရာဇီး တောင်ပံ ကစား သမား လူးကပ် မော်ရာ ပဲ ဖြစ် မှာပါ ။

လူးကပ် မော်ရာ ဟာ နည်းပြ ဟောင်း ပိုချက်တီနို လက်ထက် မှာ ကစားခွင့် အကန့် အသတ် နဲ့ သာ ရှိ နေခဲ့ပြီး အထောင် တိုက်စစ်မှုး နေရာ မှာ False 9 ပုံစံ ကစား ရမှု တွေ ကြောင့် ခြေစွမ်း မပြနိုင် တဲ့ ပွဲတွေ ရှိခဲ့ ရ ပါတယ် ။

မော်ရင်ဟို ရောက်လာ အပြီး မှာတော့ မော်ရာ ဟာ စပါး ရဲ့ ညာ တောင်ပံ မှာ ပုံမှန် ပွဲထွက်သူ အဖြစ် ဆက်တိုက် ပါ၀င် ခဲ့ရပြီး ခြေစွမ်း လည်းပြသ နိုင်ခဲ့ ပါတယ် ။ မော်ရာ ဟာ ၀က်စ်ဟမ်း ကို ၃ – ၂ နဲ့ အနိုင် ရတဲ့ ပွဲမှာ စပါး အတွက် ဒုတိယ ဂိုး ကို သွင်းယူ ခဲ့သလို အိုလံ ပီယာကော့စ် ကို ၄ – ၂ နဲ့ အနိုင် ရတဲ့ ပွဲမှာ ဒုတိယ မြောက် ချေပဂိုး ကို ဖန်တီးပေး နိုင်ခဲ့ ပါတယ် ။

မော်ရာ ကတော့ ဒီလို ခြေစွမ်း ပြသ နိုင်မှု တွေ ဟာ လူမှန် နေရာမှန် ကစား ခွင့် ရရှိ ခြင်း ရဲ့ အကျိုး ဆက်ဖြစ် တယ် လို့ ဆိုသွား ပြီး ဒီ လို ပုံစံ ကောင်းတွေ ရရှိမှု အတွက် မော်ရင်ဟို ကို အထူး ကျေးဇူး တင်ပါကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော့ ကို သူ သဘောကျ တဲ့ အတွက် ပျော်ရွှင် မိပါတယ် ။ ဒါဟာ ကျွန်တော့ အတွက် အရမ်း ကို အရေးကြီး ခဲ့ပြီး ယုံကြည်မှုတွေ တိုးစေခဲ့ ပါတယ် ။ အခုလို ပုံစံကောင်း ကို ဆက်ထိန်း ပြီး အသင်း ကို ဆက်ပြီး ကူညီ ပေးသွား ချင်ပါတယ်”

“ကျွန်တော့ ဆီ ရောက်လာ တဲ့ အခွင့် အရေး မှန်သမျှ ကို မလွတ်တမ်း အသုံးချ ပြီး အကောင်းဆုံး ကြိုးစား ပေး ခဲ့ ပါတယ် ။ ဘယ်လို နေရာမှာ ပဲ ဖြစ်ဖြစ် အတတ်နိုင် ဆုံး ကြိုးစား ပေးခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် က နံပါတ် ၉ ကစား သမား မဟုတ် ပါဘူး ။ ဒါကိုလည်း လူတိုင်း သိပါတယ်”

“အထောင် တိုက်စစ်မှုး ၊ နောက်ချန် တိုက်စစ်မှုး နေရာ တွေ က ကျွန်တော့ ရဲ့ အကျွမ်းကျင် ဆုံး နေရာတွေ မဟုတ် ပါဘူး ။ ဒီနေရာမှာ ပိုချက်တီနို ကစားခဲ့ ခိုင်း တုန်းက လည်း ကျွန်တော် အကောင်းဆုံး ကြိုးစား ပေးခဲ့ ပါတယ် ။ ဒါပေမယ့် အခုလောက် တော့ အဆင်မပြေ ခဲ့ ပါဘူး”

“မော်ရင်ဟို နဲ့ ပတ်သက်လို့ တော့ အကျယ် မချဲ့ချင် ပါဘူး ။ သူ ဘယ်လိုလူ ဆိုတာ အားလုံး သိပါတယ် ။ သူ ဟာ ဖလား တွေ အများကြီး ယူခဲ့ ဖူး တဲ့ ချန်ပီယံ တစ်ယောက် ပါ ။ အခု ကျွန်တော် ပျော်ရွှင် နေသလို အသင်း က ကစား သမား အားလုံး လည်း ပျော်ရွှင် နေကြ ပါတယ်” လို့ လူးကပ် မော်ရာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ ပွဲစဉ် ၁၃ အပြီး အဆင့် ၁၀ နေရာ မှာ ရပ်တည်နေကာ လာမယ့် စနေနေ့ မှာတော့ ဘုန်းမောက် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ပေး ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR