ဆွီဒင် ပြည်တွင်း ကလပ် ဟမ်မာဘီ ကို ပူးတွဲ ပိုင်ရှင် အဖြစ် ပါ၀င် ပတ်သက် ခဲ့တဲ့ ဇလာတန် ရဲ့ ရွေးချယ်မှု ဟာ ဘောလုံး ပရိသတ်တွေ ကို အံ့အား သင့်စေခဲ့ ပါတယ် ။ ဘာဖြစ်လို့ လည်း ဆိုတော့ ဇလာတန် ဟာ ဆွီဒင် ပြည်တွင်း ကလပ် မယ်လ်မို နဲ့ ပရော် ဖက်ရှင်နယ် ကစား သမား ဘဝ ကို စတင်ခဲ့ တာ ဖြစ်ပြီး မယ်လ်မို ရဲ့ ပြိုင်ဘက် ဟမ်မာဘီ ကို ရွေးချယ်မှု ဟာ မယ်လ်မို ပရိသတ်တွေ ကို ဒေါသဖြစ်စေ လိမ့်မယ် လို့ သုံးသပ်ခဲ့ ကြပါတယ် ။

ဒီ သုံးသပ်ချက် ဟာ မှန်ကန် ကြောင်း ကို ၂၄ နာရီ မပြည့်ခင် မှာပဲ မယ်လ်မို ပရိသတ် တွေ က သက်သေ ပြသ ခဲ့ ပါတယ် ။ မယ်လ်မို ပရိသတ်တွေ ဟာ အသင်း ရဲ့ အားကစား ကွင်း အရှေ့ မှာ ပြုလုပ် စိုက်ထူ ထားတဲ့ ဇလာတန် အီဘရာ ဟီမိုဗစ် ရဲ့ ရုပ်တု ကို မီးတင်ရှို့ ခဲ့ကြပြီး ဒီ ဗီဒီယို ဖိုင် ကို ဆိုရှယ် မီဒီယာ ပေါ်မှာ ချပြ သွားခဲ့ ပါတယ် ။

အဆိုပါ ဖြစ်ရပ် မတိုင်ခင် နေ့လည် ခင်း မှာ လည်း ဇလာတန် ရဲ့ ရုပ်တု မှာ အိမ်ယာ ဘိုထိုင် အကာ ကို စွပ်ပေး ထားပြီး ဦးခေါင်း နဲ့ မျက်နှာ ကို အကျီ အစုတ် တစ်ထည် နဲ့ ဖုံးအုပ် ထားခဲ့ ပါတယ် ။ ဇလာတန် ရဲ့ လုပ်ရပ် ဟာ သူ့ကို နှစ်နှစ် ကာကာ အားပေး ခဲ့တဲ့ မယ်လ်မို ပရိသတ်တွေ ရဲ့ ချစ်ခြင်း မေတ္တာ တွေ ကို အဆုံးသတ် စေခဲ့ ပုံ ပါပဲ ။

ဇလာတန် ဟာ ဟမ်မာဘီ အသင်း ရဲ့ ရှယ်ယာ ထက်ဝက် ကို ပိုင်ဆိုတဲ့ အဖွဲ့ အစည်း တစ်ခု ထံကနေ ရှယ်ယာ ထက်ဝက် ကို ပြန်လည် ၀ယ်ယူခဲံ တာ ဖြစ်ပြီး လက်ရှိ မှာတော့ ဟမ်မာဘီ အသင်းရဲ့ ရှယ်ယာ ၂၅% ကို ပိုင်ဆိုင် ထားခဲ့ပြီပဲ ဖြစ် ပါတယ် ။

ဇလာတန် က တော့ သူ ဟာ ဟမ်မာဘီ ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်လာ ကြောင်း ကို ယမန်နေ့ က အတည်ပြု ခဲ့ ပြီး ဒီ အသင်း နဲ့ ရှေ့ဆက် ရမယ့် လုပ်ငန်းတွေ အတွက် စိတ်လှုပ်ရှား ပျော်ရွှင် မိပါတယ် လို့ လည်း ဆိုသွား ခဲ့ ပါတယ် ။ ဟမ်မာဘီ ဟာ ၂၀၁၉ ခုနှစ် ဆွီဒင် အမှတ်ပေး ပြိုင်ပွဲ မှာ အဆင့် ၃ ချိတ် ခဲ့ပြီး လာမယ့် ရာသီ ယူရိုပါ လိဂ် ခြေစစ်ပွဲ ကို ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရရှိ မှာ ဖြစ် ပါတယ် ။

မယ်လ်မို နဲ့ ဟမ်မာဘီ တို့ ဟာ ဆွီဒင် နိုင်ငံ ရဲ့ အင်အားကြီး ပြည်တွင်း ကလပ်တွေ ဖြစ်ကြကာ ဒီရာသီ မှာလည်း ရမှတ်တူ ( မယ်လ်မို က ဂိုးအသာဖြင့် အဆင့် ၂ ) နဲ့ ပြီးဆုံး ခဲ့ကြ တာဖြစ် ပါတယ် ။ ဒီလို အားပြိုင်မှု တွေ ရှိနေတဲ့ ပြိုင်ဘက် အသင်း မှာ ရင်းနှီးမြှပ်နှံ ခဲ့မှု ဟာ မယ်လ်မို ပရိသတ်တွေ ကို အံ့အား သင့်စေ ခဲ့ သလို စိတ်ဆိုး ဒေါသ ထွက်စေ ခဲ့ မှာ လည်း အမှန် ပါပဲ ။

လာမယ့် ရာသီ မယ်လ်မို နဲ့ ဟမ်မာဘီ တို့ရဲ့ ပွဲစဉ် ကတော့ အရင်နှစ်တွေ က ထက် ပိုပြီး စိတ်ဝင်စား ဖို့ ကောင်းနေ မှာ သေချာ ပါတယ် ။

SPORTS MYANMAR