ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ဗလင်စီယာ နဲ့ ရင်ဆိုင်ရာ အပြန်အလှန် သွင်းဂိုး တွေနဲ့ အတူ တဖက် ၂ဂိုးစီ သရေ ကျခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် လာမယ့် လိုင်လီ အသင်း နဲ့ နောက်ဆုံး ပွဲစဉ် အထိ ဆက်လက် ရုန်းကန် ရဦးမှာ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ အပိုင် အခွင့်အရေး တချို့ ရရှိခဲ့ပေမယ့် ပြိုင်ဖက် ဂိုးသမား ဆီလက်ဆန် လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ဗလင်စီယာ အသင်း ရဲ့ အခွင့်အရေး တွေက ပိုပြီး ကြီးမားတဲ့ အခွင့်အရေး ဖြစ်ခဲ့ပေမယ့် ၊ မက်စီ ဂိုမက်ဇ် ၊ ရိုဒရီဂို တို့ အသီးသီး လွဲချော် ခဲ့ကြသလို ၊ ပင်နယ်တီ အခွင့်အရေး တကြိမ် ကိုလည်း ပါရဂျို အဆုံးမသတ် နိုင်ခဲ့ပါဘူး ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ဗလင်စီယာ ရဲ့ အပိုင် အဆုံးသတ်မှု တွေ လွဲချော် ခဲ့တာကြောင့် သရေ တမှတ် ရခဲ့တာလား ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့ ၂သင်းလုံး ဟာ အံ့သြဖွယ်ရာ အခွင့်အရေး တွေ ရရှိခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ပွဲ အစ အစောပိုင်း မိနစ် အတွင်း မှာကိုပင် အပိုင် အခွင့်အရေး တကြိမ် ရခဲ့ပါတယ် ။ ”

” ပထမ တပိုင်းလုံး မှာ ကျွန်တော် တို့ဖက် က ဂိုးသွင်းခွင့် တွေ အကြိမ် များစွာ ရခဲ့သလို ၊ သူတို့ ဖက်ကလည်း ဒီ အတိုင်းပါပဲ ။ ဒါပေမယ့် သူတို့ ရတဲ့ အခွင့်အရေး တွေက ပိုပြီး အပိုင် သေချာတဲ့ အခွင့်အရေး ဖြစ်တာကြောင့် လည်း ပါမှာပါ ။ ဒါကြောင့် လူတွေက ကျွန်တော် တို့ ကံကောင်းလို့ သရေ တမှတ် ရခဲ့တယ်လို့ သတ်မှတ် ကြတာ ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ကံကောင်းခဲ့တယ် လို့ မဆိုချင်ပါဘူး ။ ”

” ကျွန်တော့ အနေနဲ့ ဒီနေ့ ပွဲ ကို နှစ်သက်သလား လို့ မေးရင် ကျွန်တော် ကတော့ မနှစ်သက်ဘူး လို့ပဲ ပြန်ဖြေမှာပါ ။ ကျွန်တော့ အနေနဲ့ ဒီလို နိုင်ပွဲ တွေကနေ ရှောင်လွှဲ သွားရတဲ့ အနေအထား တွေကို ဒီရာသီ မှာ နည်းနည်းပါးပါး ပဲ ကြုံတွေ့ ခဲ့ရပါတယ် ။ ဒီနေ့ ပွဲဟာ အဲ့ဒီ အခြေအနေ တွေထဲက တခုပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ အရမ်း ကြီးမားတဲ့ ဂိုးသွင်းခွင့် တွေကို လွဲချော် ခဲ့တာကြောင့်ပါ ။ ”

” ဒီပွဲ ကို ပြောရမယ် ဆိုရင် ရာသီ အစ လက်စတာ နဲ့ အိမ်ကွင်း အဖွင့်ပွဲစဉ် အကြောင်း ခေါင်းထဲမှာ ပြန်ပေါ် လာခဲ့ပါတယ် ။ အဲ့ဒီ နောက်ပိုင်း ကျန်တဲ့ ပွဲတွေကို ကြည့်လိုက်မယ် ဆိုရင် ၊ အနိုင်ရသင့်တဲ့ ပွဲတွေ ရခဲ့သလို ၊ ရလဒ်ဆိုး ခဲ့ရင်တောင် ကျွန်တော် တို့ အနိုင်ရဖို့ ထိုက်တန် ခဲ့တဲ့ ခြေစွမ်းမျိုး တွေ ထုတ်ပြ နိုင်ခဲ့ပါတယ် ။ ဒါမျိုးတွေ က ဘောလုံး လောက မှာ ဖြစ်နိုင်ပါတယ် ။ ခင်ဗျား တို့ ဒီနေ့ပွဲ မှာ အသင်းသား တွေရဲ့ ကြိုးစား အားထုတ်မှု တွေ မြင်လိုက်သေးလား ? ”

” ကျွန်တော် ကတော့ ဒီနေ့ ပွဲလိုမျိုး မှာ ကျွန်တော် တို့ အတွက် ထူးခြား တဲ့ ကံကောင်းခြင်း တချို့ ရခဲ့တယ် လို့ ဆိုရမှာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဖက် က အနိုင်ရဖို့ ဖြစ်နိုင်တဲ့ အခွင့်အရေးကောင်း တွေ ရခဲ့တယ် ဆိုတဲ့ အချက် ကိုလည်း မဖျောက်ဖျက် လိုက်ချင်ပါဘူး ။ ဒီနေ့ ပွဲဟာ ဂိုးသွင်း အဆုံးသတ် တွေသာ ကိုယ်စီ သေချာခဲ့မယ် ဆိုရင် ၅ဂိုးစီ သရေ ၊ ၆ဂိုးစီ သရေ လည်း ဖြစ်သွား နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ လိုင်လီ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ မကစားမီ ပရီးမီးယားလိဂ် ပွဲစဉ် တွေ အဖြစ် ၊ ဝက်စ်ဟမ်း ၊ အက်စတွန် ဗီလာ အသင်း တွေကို အိမ်ကွင်း ၊ အဲဗာတန် အသင်း ကို အဝေးကွင်း မှာ အသီးသီး ထပ်မံ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR