နည်းပြကြီး ကလော့ပ်ရဲ့ လီဗာပူး အသင်း ဟာ နှစ်ပေါင်း ၃၀ကျော်ကြာ ဝေးကွာနေခဲ့တဲ့ ပြည်တွင်း အမှတ်ပေးချန်ပီယံဆုုကြီးကို တဖန်ပြန်ပြီး ရရှိဖို့အတော်လေးကြိုးစားနေပါတယ်။သူတို့ဟာ ဒီရာသီမှာ ရှုံးပွဲ မရှိ ကစား ထား ပြီး အမှတ်ပေးဇယား ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

သူတို့ဟာ ချန်ပီယံ လိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ အသင်းလည်း ဖြစ်ပြီး ဆုဖလားကြီးကို ကာကွယ်နိုင်ဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ဒါပေမယ့်မထင်မှတ်တဲ့ အုပ်စုတွင်းရလဒ်တွေကြောင့် ၁၆သင်းအဆင့်တက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲအထိ ကြိုးစားသွားရဖို့ရှိနေသေးတာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ နောက်ပိုင်း နှစ်တွေ အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်း ဆုံး အသင်းတွေထဲက တသင်းဖြစ်လာနေပြီး ယမန်နှစ်ကတည်းကချန်ပီယံ ဆုနဲ့ အတော်လေးနီးစပ် ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် မန်စီးတီးအသင်းကရမှတ် တမှတ်အသာနဲ့ ကျော်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ အခုလို အောင်မြင်မှု အသီးအပွင့်တွေရရှိနေတာကတော့ ပြီးခဲ့တဲ့ ၃၊ ၄ နှစ် အတွင်းမှာ ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့တဲ့ ပကျိုးဆက်လည်းဖြစ်ပါတယ်။သူတို့ဟာမာနေး၊ ဆာလတ်၊ ဗန်ဒိုက်၊ အယ်လစ်ဆင် အစရှိတဲ့ ကစားသမားတွေအတွက် ငွေသုံးထားခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် လည်း သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်အတွင်းမှာတော့ ကြီး ကြီး မားမားခေါ်ယူမှုမလုပ်ထားတဲ့ ရှိရင်းစွဲ ကစားသမားတွေနဲ့ ရှေ့ဆက်နေတာဖြစ်ပါတယ်။ဒါကြောင့်လည်းလီဗာပူးဂန္တဝင်ဟောင်းတဦးဖြစ်တဲ့ ကာရေဂါ ကတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဒေါ့မွန် ကြယ်ပွင့်လေး ဆန်ချိုကိုခေါ်သင့်တယ်လို့ အကြံပေးလိုက်တာဖြစ်ပါတယ်။

Viasport နဲ့ အင်တာဗျူးမှာ ကာရေဂါက – ” ကျွန်တော့်ရဲ့ အမြင် အရတော့ လီဗာပူး အသင်း ဟာတိုက်စစ်ကစား သမား တဦး မရှိသေးဘူးလို့ ယူဆပါတယ်။သူူဟာတိုက်စစ်မှူး၃ယောက်ကိုအမှန်တကယ်အထောက်အပ့ံပေးနိုင်ပြီး တိုက်စစ်လေးယောက်ပုံစံမျိုးနီးပါး လုပ်ဆောင်ပေးနိုင်မယ့်သူမျိုးဖြစ်ပါတယ်။

အခု ချိန်မှာ တော့ အသင်းရဲ့ တိုက်စစ်မှူး သုံး ဦးလုံး တပြိုင်နက်တည်း ကစားနိုင်တဲ့ ပွဲတွေ နဲ့ တဦး လောက် မပါဝင်နိုင် ချိန် မျိုးမှာ ကြံုတွေ့နေရတဲ့ အသင်းရဲ့ ခြေစွမ်းက အတော်လေးကြီးကြီးမားမား ကွာဟနေပါသေးတယ်။ကျွန်တော်တို့ဟာဒီအခြေအနေကို ဆာလတ်မပါနိုင်ခဲ့တဲ့ အခုအပတ်ပွဲစဉ်မှာမြင်ထားခဲ့ ပြီးပါပြီ။

အဲ့ဒီပွဲတုန်းက ချိန်ဘာလိန်ကို တိုက်စစ် ၃ယောက် အတွင်း ထည့်သွင်းကစားစေခဲ့ပေမယ့် အလုပ်မဖြစ် ခဲ့ပါဘူး။အဲ့ ဒီနေရာမှာ အော်ရီဂီ ကိုလည်း ကျွန်တော်တို့ မြင်တွေ့ ထား ခဲ့ပြီးပြီဖြစ်ပေမယ့် လည်းသူကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ဒီနေရာအတွက် ဘွန်ဒက်လီဂါ ပြိုင်ပွဲကနေ အင်္ဂလန်မြေကို ရောက်လာနိုင်တဲ့ ကစား သမားတဦးရဲ့ အကြောင်းကို ပြောစရာအဖြစ်ရှိနေပါတယ်။အဲ့ဒီသူ ဟာ လီဗာပူး အသင်းကနေ စောင့်ကြည့်နေတဲ့ ကြယ်ပွင့်လေး ဆန်ချိုဖြစ်ပါတယ်။

အခြား ပရီးမီးယားလိဂ် အသင်း တွေကလည်း သူ့ကို စောင့်ကြည့်ကောင်း စောင့်ကြည့်နေကြပါတယ်။လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆောင်းရာသီစျေးကွက်တွေမှာ ကြီးကျယ်ကောင်းမွန်တဲ့ ခေါ်ယူမှုတွေပြုလုပ်ထားခဲ့ပြီးပါပြီ။

ဗန်ဒိုက်၊ ဆွာရက်ဇ်၊ ဒန်နီရယ်အဂ္ဂါ တို့ဟာ ဆောင်းရာသီမှာ လီဗာပူးကို ပြောင်းလာပြီးအသင်းအတွက် ကြီးကျယ်ကောင်းမွန်တဲ့ ကစာသမားတွေဖြစ်ခဲ့ကြပါတယ်။ဒန်နီရယ် စတာရစ်ချ် ကလည်း အဲ့ဒီ လိုနောက်ထပ် တယောက်ဖြစ်ပါတယ်။

ကျွန်တော် ကတော့ အသင်းကို တိုက်စစ်ကစားသမား တဦးဦး ထပ်ရောက်လာတာကို မြင်ချင်မိပါတယ်။လာမယ့် လာတွေ အတွင်းမှာ အသင်းကို ရှေ့ရောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် အရည်အသွေးတွေအများကြီးပိုရှိမယ့်ကစားသမားမျိုးဖြစ်ပါတယ်။

တိုက်စစ် ပိုင်းဆိုတာ နည်းပြကြီး ကလော့ပ် က စောင့်ကြည့်နေတဲ့ နေရာတခုလို့တော့ ကျွန်တော်မထင်ပါဘူး။ဒါပေမယ့်လည်း လာမယ့်ရွေရာသီစျေးကွက်ဟာ လီဗာပူးအတွက် ကြီးကျယ်ခန်းနားနဲ့ စျေးကွက်တခုဖြစ်လာဖို့တော့မျှောိလင့်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ပြီးခဲ့တဲ့နွေမှာ တဦးတယောက်မှ မခေါ်ထားခဲ့တာကြောင့်ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR