မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝေးလ် လက်ရွေးစင် ကစားသမား လေး ဒန်နီယယ် ဂျိမ်းစ် ဟာ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် အတွင်း ပြိုင်ဖက် အသင်း ရဲ့ ကြမ်းတမ်း တဲ့ ဖျက်ထုတ် မှု တွေနဲ့ ကြုံတွေ့ ခဲ့ရ ပါ သေးတယ် ။

အခုတော့ ဒန်နီယယ် ဂျိမ်းစ် ကိုယ်တိုင် က သူဟာ ယခင် ကတည်းက အခုလို ကန်ကျောက် ခံရမှု တွေ အမြဲလို ကြုံတွေ့ ခဲ့သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။ ဂျိမ်းစ် ဟာ လက်ရှိ ယူနိုက်တက် ရဲ့ သြစတြေးလျ ၊ အာရှ ခရီးစဉ် တွေမှာ ပါဝင် ကစား ခွင့်တွေ ရရှိ ထားသူ ပဲ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် တုန်းက တော့ ရှန်ဟိုင်း မြေမှာ သူဟာ ပြိုင်ဖက် တော့တင်ဟမ် အသင်း ရဲ့ ကွင်းလယ်လူ မူဆာ ဆစ်ဆိုခို ရဲ့ ဖျက်ထုတ် မှုတွေ ခံခဲ့ ရတဲ့ အတွက် နည်းပြ ပိုချက်တီနို ရဲ့ တောင်းပံ မှုကို ရရှိ ထားခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ဂျိမ်းစ် ကတော့ အခုလို ဖျက်ထုတ် မှု ဒဏ်တွေ ကို သူဟာ မကြာခန ခံခဲ့ ရသူ ဖြစ်တဲ့ အတွက် အသားကျ နေပြီ ဖြစ်ကြောင်း ၊ ဒါတွေ က သူ့ရဲ့ ပြေးနှုန်း မြန်ဆန် မှုတွေ ကြောင့် ခံရတာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။

” အကယ်လို့ ဆွမ်ဆီး မှာ ကျွန်တော် ကစား ခဲ့စဉ် တုန်းက ပုံစံ တွေကို လေ့လာ ကြည့် ခဲ့မယ် ဆိုရင် ကျွန်တော် အခုလို ဖျက်ထုတ် မှုတွေ တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြုံတွေ့ ရ လိမ့်မယ် ဆိုတာ ခင်ဗျား ကြိုတင် သိရှိ ခဲ့ပါ လိမ့်မယ် ”

” ကျွန်တော် စပါး နဲ့ ပွဲစဉ် မှာ ကြမ်းတမ်း တဲ့ တုန့်ပြန် မှု အချို့ ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကစား ခဲ့တဲ့ ပွဲစဉ် တိုင်း လိုလို မှာ ကျွန်တော် အဲ့ဒီလို တူညီ တဲ့ ဒဏ်ကို ခံစား ခဲ့ဖူး ပါတယ် ။ ကျွန်တော့် အတွက် ကတော့ အဲ့တာ မျိုး ကြုံတွေ့ တဲ့ အချိန် အနာတရ မဖြစ်အောင် ကြိုးစား ရတာ ပါပဲ ”

” အဲ့တာ က ကျွန်တော့် ကို စိတ်မပျက် စေပါဘူး ။ ကျွန်တော့် ပွဲစဉ် တိုင်းမှာ အဲ့တာ က ကြုံတွေ့ နေကြ ဖြစ် နေပြီ လေ ။ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး အနေ နဲ့ ကျွန်တော် ပစ်ဒဏ်တွေ မကြာခန ကျူးလွန် ခံရ ပါတယ် ။ ကျွန်တော် ကတော့ အဲ့တာ တွေ ခေါင်းထဲ မထည့်ပဲ ရှေ့ဆက် နိုင်ဖို့ ကြိုးစား နေခဲ့ ရ ပါတယ် ”

” ဆစ်ဆိုခို နဲ့ တုန်းက ဆိုရင် ကျွန်တော် ပစ်ဒဏ် ကျူးလွန် ခံရ တော့မယ် ဆိုတာ ကို ကြိုတင် ရိပ်မိ ခဲ့ ပါတယ် ။ သူဟာ ကျွန်တော့် ကို ဧရိယာ ရဲ့ ကောင်းမွန် တဲ့ အနေအထား တစ်ခု မှာ ပါးနပ် စွာပဲ ပစ်ဒဏ် ကျူးလွန် သွားခဲ့ ပါတယ် ။ ကျွန်တော့် အတွက် တော့ ပွဲစဉ် တွေရဲ့ နေရာ ကောင်းမှာ ပစ်ဒဏ် ဘော ရရှိ အောင်လည်း အခွင့်အရေး ကို အသုံးချ လုပ်ဆောင် ရ ပါတယ် ”

” ဒီ အတွက် ကျွန်တော့် ကို ကျွန်တော် တက်နိုင် သလောက် ကာကွယ် ပြီးသား ပါပဲ ။ ဒါပေမယ့် အခုလို ခြေစမ်းပွဲ တွေမှာ ကွင်းလယ်ဒိုင် တွေဟာ တစ်ကယ့် ပွဲကြီး ပွဲကောင်း တွေမှာ ထက် ပိုပြီး သက်ညှာ လေ့ ရှိတက် ကြတာ က သဘာဝ ပါပဲ ”

” သူတို့ တွေက တော်ရုံ အနီကဒ် တွေ ထုတ်သုံး လိုစိတ် မရှိတက် ကြ ပါဘူး ။ ရာသီ သစ် စတင် တဲ့ အခါ မှာတော့ ဘာတွေ ဖြစ်လာ မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ကြ ရတာ ပေါ့ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ ကျွန်တော် ဟာ တစ်ကယ့် ကို ကြမ်းတမ်း တဲ့ ဖျက်ထုတ် မှုတွေ ခံခဲ့ ရ ပါတယ် ”

” ကျွန်တော် တို့ အတွက် တော့ ဒါဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ရာသီ ကြို ပွဲစဉ် ပါပဲ ။ အသင်း ရဲ့ ကစားသမား တိုင်းက ပွဲ ကစားချိန် တွေ ပိုင်ဆိုင် ကြရ တယ်လေ ။ နည်းပြ ကြီးက ကျွန်တော် တို့ အားလုံး ကို တူညီ တဲ့ အခွင့်အရေး ပေး ကစား စေခဲ့ ပါတယ် ”

” ကျွန်တော် တို့ နောက်ထပ် ခြေစမ်းပွဲ နှစ်ပွဲ ကစား ကြရ ပါ ဦးမယ် ။ နည်းပြ အတွက် တော့ ပွဲထွက် ကစားသမား ရွေးချယ် ရမှာ အခက်အခဲ ဖြစ်ကောင်း ဖြစ်လာ နိုင် ပါတယ် ။ ကျွန်တော် တို့ တွေဟာ လေ့ကျင့်ရေး ကွင်းမှာ လုပ်သလို ကွင်းကြီး ထဲမှာ လည်း လုပ်ပြ နိုင်ခဲ့ ကြတယ် လေ ”

” ကျွန်တော် တို့ ပြိုင်ဖက် ကို ဖိအားပေး ကစား ရင်း ဘောလုံး ပြန်လည် ရယူ ခြင်းတွေက ကောင်တာ တိုက်စစ် ကစား ရာမှာ ဂိုးသွင်း ခွင့် ၊ အခွင့် အရေး ကောင်း တွေကို များများ ရရှိ စေ ပါတယ် ။ နည်းပြ ကြီး ကလည်း ကျွန်တော် တို့ကို အဲ့ဒီ လို ဘောလုံး ဒဿန မျိုး နဲ့ ကစား စေချင် နေတာပါ ” လို့ ဒန်နီယယ် ဂျိမ်းစ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar