မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ယူရို ပါလိဂ် ပွဲစဉ် 5 ရဲ့ အစောဆုံး ပွဲ အဖြစ် အက်စတာနာ အသင်း နဲ့ အဝေးကွင်း မှာ ရင်ဆိုင် ကစား ခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် သွားခဲ့ ရ ပါတယ် ။

ဒီပွဲ မှာတော့ ဆိုးလ်ရှား ဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာ ကြိုတင် ပြောထား ခဲ့တဲ့ အတိုင်း လူငယ် ကစားသမား လေးတွေ ကို နေရာ ပေး ကစား စေခဲ့ ပြီး စီနီယာ ကစားသမား အဖြစ် လင်ဂတ် ၊ ရှော ၊ တွမ်ဇီဘီ နဲ့ လီဂရန့် တို့ကို သာ ထည့်သွင်း သွားခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာ ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် အဖြစ် အသင်း ခေါင်းဆောင် လက်ပတ် ဆင်မြန်း ခွင့် ရခဲ့တဲ့ လင်ဂတ် က ပွဲချိန် 10 မိနစ် မှာပဲ ဂိုး သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။ အဆိုပါ ဂိုး ကိုတော့ ဒဏ်ရာ ပြသနာ မှ သက်သာ ကောင်းမွန် ခဲ့ပြီး အသင်း အတွက် ပထမဆုံး အကြိမ် ပါဝင် ကစား ပေးခဲ့တဲ့ လုခ်ရှော က ဖန်တီး ပေးသွား ခဲ့တာ ပဲ ဖြစ်ပါတယ် ။

အဆိုပါ ဂိုးဟာ လင်ဂတ် အတွက် တော့ ဇန်နဝါရီ လ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် သွင်းယူ ပေးခဲ့တဲ့ ဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဒုတိယ ပိုင်းမှာတော့ အိမ်ရှင် အသင်း ဖက်မှ ရွှမ်ကို က ခြေပဂိုး ပြန်လည် သွင်းယူ ခဲ့ပြီး ယူနိုက်တက် နောက်ခံလူ ဒီ ရွှမ် ဘားနက်ဒ် က ကိုယ့်ဂိုး ကိုယ် သွင်းသလို ဖြစ်သွား ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ 2 – 1 နဲ့ ရှံုးနိမ့် သွားခဲ့ ရတာပဲ ဖြစ်ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာ တာဟစ် ချောင်ရဲ့ အပိုင် အခွင့်အရေး ဂိုး မရ ပဲ အပေါ် ထောင်ကန် သလို ဖြစ်သွား ခဲ့ခြင်း နဲ့ အက်စတာနာ အသင်း ရဲ့ ဂိုးသမား ဖက်မှ ကောင်းမွန် လှတဲ့ ဂိုးပေါက် ကာကွယ် မှု နှစ်ကြိမ် မျှ ပြုလုပ် သွားခဲ့ ခြင်းက ယူနိုက်တက် တို့ကို ရလဒ် ဆိုးရွား သွားစေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါဟာ အက်စတာနာ အသင်း အတွက် တော့ ဒီ ပြိုင်ပွဲ မှာ ပထမဆုံး အကြိမ် ရမှတ် ရှာဖွေ နိုင်ခဲ့ခြင်း ဖြစ်ခဲ့ ရပြီး Clean Sheet တွေ ပွဲဆက် ရယူ ခဲ့တဲ့ ယူနိုက်တက် အတွက် တော့ ဂိုးပေးခဲ့ ရတဲ့ ပထမဆုံး အကြိမ် ဂိုးပေး ရတဲ့ ပွဲ ဖြစ်ခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

လီဂရန့် ( 6 )

အသက် 36 နှစ် ရှိပြီ ဖြစ်တဲ့ လီဂရန့် ကတော့ သာမန် မျှသာ လက်စွမ်း ပြခဲ့ ပြီး ဂိုးပေါက် ကာကွယ် မှု 3 ကြိမ် ပြုလုပ် သွားခဲ့ ပါတယ် ။

အီသန် လဲ့ယာဒ် ( 7 )

ညာ ခံစစ် တစ်လျောက် အတက် အဆင်း မှန်မှန် နဲ့ ကစား ပြ ခဲ့ပြီး အနာဂတ် မှာ အသင်း အတွက် အကျိုးပြု နိုင်မယ့် ပုံစံ မျိုး ပြသ သွားခဲ့ ပါတယ် ။

အေဇဲလ် တွမ်ဇီဘီ ( 6 )

ခံစစ် မှာ တည်ငြိမ်စွာ ကစားပြ ခဲ့ပြီး လူငယ် ကစားသမား လေး ဖြစ်တဲ့ ဘားနက်ဒ် ကို ဦးဆောင် သွားနိုင် ခဲ့ ပါတယ် ။ မာကျော တဲ့ ကစားဟန် ကို ပြသ နိုင်ခဲ့ ပါတယ် ။ ပေးဂိုး အတွက် တော့ ဘာမှ မတက် နိုင်ခဲ့ ပါဘူး ။

ဒီ ရွှန် ဘားနက်ဒ် ( 6 )

Own Goal တစ်ဂိုး ပေးခဲ့ ပေမယ့် ကစားပုံ တွေက စီနီယာ ကစားသမား ဖြစ်တဲ့ ဖီးလ် ဂျံုးစ် ထက်ကို ပိုကောင်းခဲ့ ပါတယ် ။ ဒါ့အပြင် ဘောလုံး ဖြန့်ဝေ ပေးမှု တွေလည်း ကောင်းမွန် ခဲ့ ပါတယ် ။

လုခ်ရှော ( 6 )

လင်ဂတ် အတွက် ဂိုး ဖန်တီး ပေးနိုင် ခဲ့ပြီး ပြိုင်ဖက် ခံစစ် ကစားသမား တွေကို ထိုးဖောက် ကျော်ဖြတ်မှု တွေ ပြုလုပ် နိုင်ခဲ့ ပေမယ့် ခံစစ် ကစားပုံ ကတော့ သိပ်ပြီး အားရ စရာ မရှိ ခဲ့ ပါဘူး ။

ဂျိမ်းစ် ဂါနာ ( 6 )

ဘောလုံး ပေးပို့ မှုတွေ တိကျ ကောင်းမွန် ခဲ့ သလို အသင်းဖော် လီဗစ် နဲ့လည်း ကောင်းကောင်း တွဲ ကစား နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် စီနီယာ ကစားသမား တွေလို ပွဲစဉ် အပေါ် မလွှမ်းမိုး နိုင်ခဲ့ ပါဘူး ။

ဒိုင်လန် လီဗစ် ( 6 )

ဂျိမ်းစ် ဂါနာ နဲ့ အတူ ဘောလုံး အပေး အယူ လုပ်ရင်း ကောင်းမွန် တဲ့ ကစားပုံ ပြသ နိုင်ခဲ့ သလို တိုက်စစ် ပိုင်းကို ဘောလုံး ဖြန့်ဝေ တာလည်း ကောင်းခဲ့ ပါတယ် ။

တာဟစ် ချောင် ( 5 )

0 – 2 ဖြစ်သွား စေမယ့် ရွှေရောင် အခွင့် အရေး ကို ဖြုန်းတီး လိုက်ခဲ့ ပါတယ် ။ အကယ်လို့ ဒီဂိုး ကိုသာ ရနိုင် ခဲ့ရင် ယူနိုက်တက် တို့ စိတ်ဓါတ်ပိုင်း ပိုမို အသာစီး ရယူ ပြီး ကစား နိုင် ခဲ့မှာ ပါ ။

ဂျက်စီ လင်ဂတ် ( 7 )

နောက်ဆုံး တော့ အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ခဲ့တဲ့ လင်ဂတ် ဟာ အသင်း အတွက် ဂိုး သွင်းယူ ပေးနိုင် ခဲ့ ပါပြီ ။ တိုက်စစ် ကစားပုံ ကောင်းမွန် ခဲ့ သလို ပြိုင်ဖက် ခံစစ် ကစား သမား တွေ ကိုလည်း မွှေနှောက် ဒုက္ခပေး နိုင်ခဲ့ ပါတယ် ။

အိန်ဂျယ် ဂိုမက်စ် ( 6 )

ဘယ် တောင်ပံ ဖက်မှာ ကစား ခွင့် ရရှိ ခဲ့ ပေမယ့် ပုံစံ ကောင်း မပြနိုင် ခဲ့ပဲ ကွင်းလယ် ပိုင်းကို မကြာခန ဝင်ရောက် ကစား ခဲ့ ပါတယ် ။ တစ်ကယ့် ကို ကောင်းမွန် တဲ့ ဖရီးကစ် ကန်ချက် လုပ်ဆောင် ခဲ့ ပေမယ့် ပြိုင်ဖက် ဂိုးသမား မှ ပုတ်ထုတ် ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။

မာဆွန် ဂရင်းဝုဒ် ( 6 )

တစ်ကယ့် ကို ကောင်းမွန် တဲ့ ဂိုးပေါက် ကန်ချက် ကို လုပ်ခဲ့ ပေမယ့် ဂိုးသမား အဲရစ် မှ အမိအရ ပုတ်ထုတ် ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ ပုံစံ ကောင်း ပြသ နိုင်ခဲ့ ပေမယ့် ဂိုးကံ ခေနေ ခဲ့ ပါတယ် ။

လူစားဝင် ကစားသမားများ …

မယ်လော် ( 6 )
ရာမာဇာနီ ( – )
ဂယ်လ်ဘရိသ် ( – )

#Sports_Myanmar