မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ယူရို ပါလိဂ် အုပ်စု အဆင့် ပွဲစဉ် 5 ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် အက်စတာနာ အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကစား သွားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှံုးနိမ့် သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း ဟာ လင်ဂတ် ၊ လုခ်ရှော ၊ ဆိုးလ်ရှား မှ အပ လူငယ် ကစားသမား တွေကို နေရာပေး အသုံးပြု သွားခဲ့ ပြီး ပွဲချိန် 10 မိနစ် မှာပဲ လင်ဂတ် က အဖွင့်ဂိုး ကို ရယူ သွားနိုင် ခဲ့ ပါတယ် ။

ဒီဂိုးဟာ လင်ဂတ် အတွက် တော့ ပွဲပေါင်း 29 ပွဲ ကစား ပြီးမှ ရရှိ ခဲ့တဲ့ ဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။ အဆိုပါ ဂိုးကို ဖန်တီး ပေးခဲ့ သူ ကတော့ ဒဏ်ရာမှ သက်သာ ကောင်းမွန် လာခဲ့တဲ့ နောက် အသင်း အတွက် ပါဝင် ခွင့် ရရှိ ခဲ့တဲ့ ့ုလုခ်ရှော ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဟောင်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က ဒီ လူငယ် ကစားသမား လေးတွေ ဟာ ကစားပုံ ကောင်းမွန် ခဲ့တယ် လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဒီ ကစားသမား လေးတွေ ဟာ ဥရောပ ထိပ်တန်း ပွဲစဉ် တစ်ပွဲ ရဲ့ အရှံုး ရလဒ် ကနေ တစ်ဆင့် လူငယ် လေးတွေ အတွက် လိုအပ်ချက် ဖြစ်တဲ့ သင်ခန်းစာ ကောင်းတွေ ကိုလည်း ရရှိ သွားနိုင် လိမ့်မယ် လို့ အပေါင်း လက္ခဏာ ဆောင်တဲ့ အမှာ စကား တွေကို ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပထမပိုင်း အတွင်း မှာ သူတို့ တွေဟာ တစ်ကယ် ပဲ ကောင်းမွန် ခဲ့ ကြတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူတို့ တစ်ကယ် ပဲ ပြည့်စုံ ခဲ့ကြ ပါတယ် ။ အက်စတာနာ တို့ အကောင်းဆုံး အားထုတ် မှု မလုပ်နိုင် ခဲ့တဲ့ အချိန် တွေမှာ သူတို့ လေးတွေ က ကောင်းကောင်း ကြိုးစား ကစား ပြခဲ့ ကြ ပါတယ် ”

” ဒုတိယပိုင်း ကတော့ အိုလီ အတွက် ကောင်းမွန်တဲ့ နည်းပြ မှု တစ်ခု ဖြစ်စေခဲ့ ပါတယ် ၊ သူတို့ ဆက်လက် ကောင်းမွန် ခဲ့ကြ တယ်လေ ။ ဒါပေမယ့် အက်စတာနာ အသင်း က ပုံစံ ကောင်း ပြသ သွားနိုင် ခဲ့ ပါတယ် ။ သူတို့ တွေ အနေ နဲ့ ဒီလို အခိုက်အတန့် လေးတွေ ကနေ သင်ယူ မှုတွေ ပြုလုပ် ကြရ ပါ့မယ် ”

” ချောင် ရရှိ ခဲ့တဲ့ အခွင့် အရေး ဆိုရင် ဂိုးတောင် ရရှိ နိုင်ခဲ့ သင့် ပါတယ် ။ သူ ဘောလုံး ရရှိ ခဲ့တဲ့ အနေ အထား ကို သူ ကောင်းကောင်း သိ ပါတယ် ။ အကယ်လို့ သူရဲ့ နေရာ ယူပုံ နဲ့ ထိချက် လေးသာ မှန်ကန် ခဲ့မယ် ဆိုရင် ဒါဟာ ထိ – ဂိုး ပါပဲ ။ ဒါကို သူလည်း သိပါ လိမ့်မယ် ”

” အဲ့တာတွေ ကပဲ ကလေး ပွဲနဲ့ လူကြီး ပွဲတွေ အကြား အဓိက ခြားနားချက် တွေလေ ။ သူတို့ တွေက လူငယ် လေးတွေ ရဲ့ အမှား လေးတွေ မှ တစ်ဆင့် ဒဏ်ခတ် ခံခဲ့ ရ ပါတယ် ။ သူတို့ တွေက အခွင့်အရေး ကောင်း တွေကို အရ မယူ နိုင် ခဲ့တဲ့ အတွက် ပွဲ အဖြေ က လမ်းကြောင်း ပြောင်းသွား ခဲ့ ပါတယ် ”

” ဒီ အချိန် မျိုးမှာ အိုလီ ပြောနေ ရမှာ က ဒီ အချက် လေးတွေ ဟာ မင်းတို့ လေ့လာ သင်ယူရ ဦးမယ့် အရာ တွေပဲ ၊ အကယ်လို့ မင်းတို့ အခုလို အခွင့် အရေး ကောင်းတွေ ရရင် အရ ယူလိုက် ကြဖို့ ရှေ့ဆက် ကြိုးစား ရ လိမ့်မယ် ဆိုတာ မျိုးပေါ့ ”

” ဒီပွဲ မှာက အမှား အချို့ က ဒဏ်ခတ် သွားတာ ပါ ။ ကောင်လေး တွေ ကစား သွားတာ က တစ်ကယ် ပဲ ကောင်းခဲ့ ပါတယ် ။ သူတို့ တွေ နိုင်ပွဲ တောင် ရနိုင် ခဲ့သင့် ပါတယ် ။ သူတို့ ကစားပုံ ကောင်းပြီး နိုင်ပွဲ မရတာ ကတော့ ရှက်စရာ တစ်ခု ပဲလေ ။ အထူးသဖြင့် ပထမပိုင်း မှာပေါ့ ” လို့ ဟားဂရေ့ဗ် က ပြောကြားရင်း ဒီပွဲ မှာ ဘယ် ကစားသမား လေးကို နှစ်သက် မိ သလဲ လို့ အမေး ခံလိုက် ရတဲ့ အခါ …

” လဲယာ့ဒ် ဟာ တစ်ကယ် ပဲ ကောင်းမွန် တယ်လို့ ကျွန်တော် ထင်ခဲ့ ပါတယ် ။ သူဟာ အရမ်း ကို မြန်ဆန် ခဲ့ သလို တစ်ကယ့်ကို နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ကစားပြ သွားခဲ့ ပါတယ် ။ သူ့ရဲ့ လျင်မြန်မှု ကိုတော့ ကျွန်တော် တစ်ကယ်ပဲ အထင်ကြီးမိ ခဲ့ ပါတယ် ” လို့ ပြန်လည် ဖြေကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar