မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ယူရို ပါလိဂ် အုပ်စု 5 ပွဲစဉ် အဖြစ် အက်စတာနာ အသင်း နဲ့ ရင်ဆိုင် ခဲ့ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ဒီရာသီ ဝေဖန် မှုတွေ အောက် အဆက်မပြတ် ကျရောက် နေ ခဲ့တဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ် က အသင်း အတွက် တစ်လုံး တည်းသော ဂိုးကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ရမှတ် တစ်မှတ် ရရှိ တာနဲ့ အခြား အသင်း တွေရဲ့ ရလဒ် ကို စောင့်ကြည့် နေစရာ မလိုပဲ နောက် တစ်ဆင့် တက်ရောက် နိုင်မှာ ဖြစ်တာ ကြောင့် ဆိုးလ်ရှား ဟာ ပွဲဆက် နေတဲ့ စီနီယာ ကစားသမား တွေကို အနားပေး ခဲ့ပြီး လူငယ် ကစားသမား အများစု ကို ဒီလို အခိုက်အတန့် မျိုးမှာ ပွဲထွက် ကစား စေခဲ့ ပါတယ် ။

ဒါ့အပြင် စီနီယာ ကစားသမားတွေ ထဲမှာ အသင်း အတွက် ပွဲ အများဆုံး ကစား ပေးတဲ့ အတွေ့အကြံု ပိုင်ဆိုင် ထားသူ လင်ဂတ် ကိုလည်း အသင်း ခေါင်းဆောင် အဖြစ် တာဝန် ပေးအပ် ခဲ့ ပါတယ် ။ ဒီနေ့ ပွဲမှာ တော့ လင်ဂတ် ဟာ အသင်း အတွက် ဂိုး သွင်းယူ နိုင်ခဲ့ သလို ပြိုင်ဖက် ရဲ့ ခံစစ် ကစားသမား တွေကို လည်း ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာ အသင်းဟာ ရှံုးနိမ့် သွားခဲ့ ပေမယ့် ဆိုးလ်ရှား က လင်ဂတ် ဟာ ထိပ်တန်း ခြေစွမ်း ပြသ နိုင်ခဲ့ ကြောင်း ၊ သူ့ရဲ့ ပွဲစဉ် အတွင်း ပါဝင် ပတ်သက် နိုင် ခဲ့မှု တွေနဲ့ စွမ်းဆောင်ရည် တွေက ကစားသမား အတွက် ဂုဏ်ယူ စရာ တစ်ခု ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” တိုက်စစ် ကစားသမား တစ်ဦး အတွက် ဂိုးတွေ သွင်းယူ နိုင်ခြင်း ဆိုတာ က အရေးကြီး တဲ့ အရာ တစ်ခု ဖြစ်ပြီး သူ ( လင်ဂတ် ) ဟာ ကောင်းမွန်တဲ့ ဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဒီပွဲ မှာ သူ့ရဲ့ စွမ်းဆောင်ရည် က ထိပ်တန်း ဖြစ်ခဲ့ တယ်လို့ ကျွန်တော် တွေးမိ ပါတယ် ”

” ဥပမာ အနေ နဲ့ ပြောကြား ရမယ် ဆိုရင် သူဟာ အသင်း ကို ခွန်အား ၊ မောင်းနှင်မုှ ၊ သွင်းဂိုး ၊ အဝတ် လဲခန်း မှ ပြောစကား တွေနဲ့ လမ်း တစ်လျောက်လုံး ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒီနေ့ ပုံစံ နဲ့ အနေအထား တွေ အရ သူဟာ သူ့ကိုယ်သူ ဂုဏ်ယူ နိုင်အောင် လုပ်ဆောင် ခဲ့တယ်လို့ ကျွန်တော် ထင် ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အဆိုပါ ပွဲစဉ် မှာ 7 မိနစ် အတွင်း ပေးဂိုး နှစ်ဂိုး ကြောင့် ရှံုးနိမ့် သွားခဲ့ ရတာနဲ့ ပတ်သက်လို့ လူငယ် ကစားသမား လေးတွေ ဟာ သင်ခန်းစာ ရယူ နိုင်ကြ လိမ့်မယ် လို့ ယုံကြည် ကြောင်း ၊ သူတို့ လေးတွေ ကစားတာ ကောင်းမွန် ခဲ့ကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူတို့ တွေရဲ့ စွမ်းဆောင်ရည် တွေက အရမ်း ကို ကောင်းမွန် ခဲ့ ပါတယ် ။ အကြိမ် အတော် များများ မှာ သူတို့ တွေဟာ ထူးခြား ကောင်းမွန် ခဲ့ကြပြီး ပြိုင်ဖက် တွေကို ကိုယ့်ဖက် ဖိအား မပေးနိုင် အောင် ကြိုးစား လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း အတွင်း 10 မိနစ်စာ ဆိုတဲ့ အချိန် တစ်ခု က သူတို့ တွေကို နာကျင် မှု ပေးသွား ခဲ့ ပါတယ် ”

” သူတို့ လေးတွေ ဟာ ပွဲချိန် အတွင်း တိုးတက် ကောင်းမွန် လာခဲ့ ကြတာ ကို ခင်ဗျား တို့လည်း မြင်တွေ့ ခဲ့ကြ ရမှာ ပါ ။ ခင်ဗျား တို့လည်း ဒီလို အခိုက်အတန့် တွေက နေ တစ်ဆင့် သူတို့ တွေကို လေ့လာ သင်ယူ မှုတွေ ပြုလုပ် စေလို ကြမှာ အသေအချာ ပါပဲ ”

” သူတို့ တွေဟာ အကောင်းဆုံး ကြိုးစား ပြရင်း နဲ့ အခွင့်အရေး ကောင်းတွေ ကိုလည်း ဖန်တီး ရယူ နိုင်ခဲ့ ကြ ပါတယ် ။ ထို့ အတူ ကျွန်တော် တို့လည်း တာထွက် ကောင်းတဲ့ ကစားသမား လေးတွေ ကို မြင်တွေ့ ၊ ပိုင်ဆိုင် ခဲ့ရ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar