ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရိုပါ လိဂ် ပွဲစဉ် ( ၅ ) အပြီး မှာတော့ အေပိုး ၊ အေဇက် အယ်ခမာ ၊ ဘရာဂါ ၊ ဂျန့် ၊ LASK ၊ စပို့တင်း လစ္စဘွန်း ၊ ၀ုဗ်ဘတ် နဲ့ ၀ုဗာဟမ်တန် အသင်းတို့ ဟာ ၃၂ သင်း အဆင့် ကို တက်ရောက် လာနိုင် ခဲ့ကြ ပါတယ် ။ အင်္ဂလန် ကလပ် ၃ သင်း စလုံး နိုင်ပွဲ ပျောက်ခဲ့ ကြပြီး အာဆင်နယ် ကတော့ အုပ်စု က နေ လွန်မြောက်ဖို့ နောက်ဆုံး ပွဲ အထိ အဆုံးအဖြတ် ခံယူရ ဦးမှာ ဖြစ် ပါတယ် ။

ဆီဗီးလား အသင်း ကတော့ ယူရိုပါ လိဂ် အုပ်စု အဆင့် မှာ ၅ ပွဲ ဆက် အနိုင် ရဖူးတဲ့ ပထမဆုံး စပိန် ကလပ် ဖြစ်လာ ခဲ့ ပါတယ် ။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ ဒီဇင်ဘာ အလယ် လောက် မှာ ထုတ်ပယ် ခံ ရတော့ မယ် လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

လန်ဒန် မြို့ခံ ၀က်စ်ဟမ်း အသင်း ဟာလည်း နည်းပြ ပယ်လီဂရီနိ ကို နောက်ထပ် ၂ ပွဲသာ စောင့်ကြည့် တော့မယ် လို့ သိရ ပြီး ဒေးဗစ် မိုရက်စ် ၊ ရှီယန်ဒွိုက်ချ် နဲ့ အက်ဒီ ဟိုဝီ တို့ကို ခန့်အပ် ဖို့ လျာထား နေတယ် လို့ သိရ ပါတယ် ။

စပါး ကွင်းလယ်လူ လိုကယ်ဆို ကတော့ သူ ဟာ နည်းပြသစ် မော်ရင်ဟို ရဲ့ နည်းစနစ် တွေ ကို အသားကျ အောင် ကြိုးစား သင်ယူ နေပါတယ် လို့ ဆိုခဲ့ ပြီး မော်ရင်ဟို ရောက်လာမှု ဟာ အသင်း ကို တိုးတက် ပြောင်းလဲ စေခဲ့တယ်လို့ ပြောပြသွား ခဲ့ ပါတယ် ။

ဘာစီလိုနာ က စိတ်ဝင်စား နေတယ် လို့ သတင်းထွက် နေ ပေမယ့် ချဲလ်ဆီး တောင်ပံ ကစား သမား ၀ီလ်ယံ ကတော့ ဇန်နဝါရီ မှာ အသင်း ပြောင်းရွှေ့ မယ့် အကြောင်း ကို ဆွေးနွေး ပြောဆို မှာ မဟုတ်ဘူးလို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဘိုင်ယန် ဂန္ထဝင် လိုသာမားသီးယပ် က တော့ လက်ရှိ အခြေ အနေ မှာ လီဝန်ဒေါ့စကီး ဟာ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ထက် သာလွန် ကောင်းမွန် တဲ့ စွမ်းဆောင်ရည် ကို ပိုင်ဆိုင် ထားပါတယ် လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ ဖလာမင်ဂို အသင်းဆီ အငှားချ ထားတဲ့ တိုက်စစ်မှုး ဂါဘီဂိုး ကို အပြီးသတ် ရောင်းချ ပြီး အူဒီနီးစ် ကစား သမား ဒီပေါလ် ကို ၀ယ်ယူဖို့ ဘဏ္ဍငွေ ဖြည့်ဆည်း သွားမယ် လို့ သိရ ပါတယ် ။

ပြင်သစ် ကလပ် ရင်းနစ် က တော့ မန်ချက် စတာ ယူနိုက်တက် အပါ အဝင် ဥရောပ အသင်းကြီးတွေ က စိတ်ဝင် စား နေတဲံ လူငယ်လေး အက်ဒွာဒို ကာမာဗင်ဂါ အတွက် ပေါင် ၅၁ သန်း သတ်မှတ် လိုက်တယ်လို့ ကြားသိရ ပါတယ် ။

မန်စီးတီး အသင်း ကိုပိုင်ဆိုင်ထားတဲ့ အဘူဒါဘီ စီးပွားရေး အင်အားစု ကတော့ သူတို့ ရဲ့ ၈ ခု မြောက် အသင်း အဖြစ် India အခြေစိုက် မွန်ဘိုင်း စီးတီး အသင်း ကို ၀ယ်ယူလိုက် ပြီလို့ ကြားသိရ ပါတယ် ။

လက်စတာ စီးတီး ဟာ ပေါင် ၉၅ သန်း တန် လေ့ကျင့်ရေး ကွင်းသစ် ကို တည်ဆောက် နေပြီး အသင်းပိုင်ရှင် ထိုင်းလူမျိုး တို့ရဲ့ ဘာသာရေး အရ ပူဇော်ပွဲ ပြုလုပ် ဖို့ အချိန် အခါ ကို စောင့်ဆိုင်း နေတဲ့ အတွက် တည်ဆောက်မှု ကို ခေတ္တရပ်ဆိုင်း ထားတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ တောင်ပံ ကစား သမားလေး ဒမ်ဘီလီ ကတော့ ဒေါ့မွန် နဲ့ ချန်ပီယံ လိဂ် ပွဲစဉ် မှာ ဒဏ်ရာ ရသွားခဲ့ ပြီး ဒီဇင်ဘာ လ ထဲ က ပွဲ အတော်များများ ကို လွဲချော် ဖွယ် ရှိနေတယ် လို့ သိရှိ ရ ပါတယ် ။

ဒေါ့မွန် အသင်း ကတော့ ယူဗင်တပ် ကစား သမား ၂ ဦး ဖြစ်တဲ့ အမ်မရီကန် နဲ့ မန်ဇူကစ် တို့ကို ခေါ်ယူ ဖို့ စောင့်ကြည့် နေတယ် လို့ ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ လူငယ် ကွင်းလယ် ကစား သမားလေး ဖက်ဒရီကို ဗယ်ဗာဒီ ကို စာချုပ်သစ် ချုပ်ဆို လိုက်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ဟာ ယူရို သန်း ၈၀၀ ကျော် တယ်လို့ ကြားသိရ ပါတယ် ။

အင်တာ မိုင်ယာမီ အသင်း နဲ့ အမေရိကန် မေဂျာလိဂ် ကို ၀င်ရောက်ယှဉ်ပြိုင် မယ့် ဒေးဗစ် ဘက်ခမ်း ကတော့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီယာရာ ကို အသင်းသစ် ရဲ့ ပထမဆုံး နည်းပြ အဖြစ် ခန့်အပ် ဖို့ စိတ်ကူး နေတယ် လို့လည်း သိရ ပါတယ် ။

ဆွီဒင် ပြည်တွင်း ကလပ် မယ်လ်မို ပရိသတ်တွေ ဟာ ပြိုင်ဘက် ဟမ်မာဘီ အသင်း ရဲ့ ရှယ်ယာတွေ ကို ၀ယ်ယူပြီး ပူးတွဲ ပိုင်ရှင် အဖြစ် ၀င်ရောက် ခဲ့တဲ့ မယ်လ်မို တိုက်စစ်မှုးဟောင်း ဇလာတန် အပေါ် ဒေါသထွက် ခဲ့ ကြပြီး မယ်မို ကွင်းအပြင် က ဇလာတန် ရုပ်တု ကို မီးရှို့ ခဲ့ကြ သလို ဇလာတန် ရဲ့ နေအိမ် တံခါးမှာ လည်း “Judas” ( သစ္စာဖောက် ) ဆိုတဲ့ စကားလုံး ကို မှုတ်ဆေး နဲ့ ရေးသွား ခဲ့ကြတယ် လို့သိ ရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် ( ၅ ) က အသင်းကြီးတို့ရဲ့ ပွဲရလဒ်များ –

အက်စတာနာ ၂ – ၁ မန်ချက်စတာ ယူနိုက်တက်
ဖီယင်နု ၂ – ၂ ရိန်းဂျားစ်
ယန်းဘွိုင်းစ် ၁ – ၂ ပေါ်တို

၀ုဖ်စ်ဘတ် ၀ – ၁ မိုချန်ဂလာဘတ်
အစ္စတန်ဘူ ဘာဆက်ဆီဟာ ၀ – ၃ ရိုးမား
စပို့တင်း ဘရာဂါ ၃ – ၃ ၀ုဗ်

စပို့တင်း လစ္စဘွန်း ၄ – ၀ PSV
လာဇီယို ၁ – ၀ ကလု
အာဆင်နယ် ၁ – ၂ ဖရန့်ဖွတ်
ဆီဗီးလား ၂ – ၀ ကွာရာဘတ်

SPORTS MYANMAR