တိုက်စစ်မှုး တစ်ဦး ရဲ့ အရည် အသွေး ကို တိုင်းတာ ဆုံးဖြတ်တဲ့ စံနှုန်း တွေ အများကြီး ရှိပါတယ် ။ အဲ့ဒီ အထဲ မှာ ပြိုင်ဘက် ခံစစ် မှုး တွေ ရဲ့ မှတ်ချက် တွေ နဲ့ တိုင်းတာ တာက လည်း နည်းလမ်း ကောင်း တစ်ခု ပါပဲ ။ ခံစစ် သမား တစ်ယောက် အဖို့ ပွဲချိန် အတွင်း အများဆုံး ရင်ဆိုင် ရတာ က ပြိုင်ဘက် အသင်းရဲ့ တိုက်စစ် သမား တွေ ဖြစ်နေတာ ကြောင့် ကိုယ့် ရဲ့ ပြိုင်ဘက် တစ်ယောက်ဆီ က ချီးကျုး ပြောဆိုမှု ဟာ တိုက်စစ်မှုး တစ်ယောက် ရဲ့ အဆင့်အတန်း ကို ဖော်ပြ နိုင်တဲ့ နည်းလမ်း ကောင်းတစ်ခု လို့ မှတ်ယူ ရမှာပါ ။

လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဆယ်စုနှစ် တစ်ခု ကျော် အောင် အားပြိုင် လာခဲ့ကြ ပါတယ် ။ သူ တို့ အကြား မှာ ဘယ်သူက ပိုကောင်းတယ် ဆိုတဲ့ ငြင်းခုန်မှု ကလည်း အပြီး မသတ်နိုင် သေး ပါဘူး ။ မက်ဆီ ကို ပို သဘောကျတဲ့ ပြိုင်ဘက် ကစား သမားတွေ ရှိခဲ့ သလို ရိုနယ်ဒို က ပိုကောင်းတယ်လို့ ထင်တဲ့ သူတွေ လည်း ရှိခဲ့ ပါတယ် ။

တကယ့် ကစား သမားကောင်းတွေ ဟာ ကိုယ့်ကို အနိုင်ယူ သွားသည့် တိုင်အောင် အဲ့ဒီ ကစား သမား ရဲ့ ဂုဏ်ရည် ကို ထုတ်ဖော် ချီးကျုး ဖို့ တွန့်ဆုတ် ၀န်လေးခြင်း မရှိခဲ့ ပါဘူး ။ မက်ဆီ နဲ့ ရိုနယ်ဒို တို့ ဟာ ပြိုင်ဘက် တွေ ရဲ့ ကြောက်ရွံ့ လေးစား နှစ်သက်ခြင်း ကို နှစ်ပေါင်းများစွာ ကြာအောင် ရရှိခဲ့ ကြတဲ့ ရှားမှ ရှားတဲ့ ကစား သမားတွေ ပါပဲ ။

အခု ပြောပြမယ့် အကြောင်း ကတော့ လီယွန်နယ် မက်ဆီ ဟာ ဘောလုံး ကမ္ဘာ ရဲ့ အကောင်းဆုံးသူ တစ်ဦး ဖြစ်ကြောင်း ဖွင့်ဟ ပြောဆို ခဲ့တဲ့ ထိပ်တန်း ခံစစ်မှုး တွေ ရဲ့ ပြောစကားတွေ ပါပဲ . . . .

၁ ။ ဆာဂျီယိုရာမိုစ့် ( စပိန် ၊ ရီးရဲ မက်ဒရစ် )
“အာဂျင်တီးနား သားတွေ ရဲ့ အမြင် မှာတော့ မာရာဒိုနာ က သမိုင်း မှာ အခြား သော ကစား သမား တွေ ထက် အလင်းနှစ် တွေ အများကြီး ရှေ့ ရောက် နေတယ် လို့ ပြောကြ ပါတယ် ။ ကျွန်တော့ ရဲ့ အမြင် ကတော့ လီယွန်နယ် မက်ဆီ ပါပဲ”

၂ ။ ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး ၊ နယ်သာလန် )
“မက်ဆီ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား လို့ ကျွန်တော် ထင် ပါတယ် ။ အကောင်းဆုံး ဆိုတဲ့ ဆု တွေ ကို မက်ဆီ ကစား နေ သရွေ့ သူ့ ကိုပဲ ပေးသင့် တာပါ ။ ရွှေဘောလုံး ဆု နဲ့ ပတ်သက်ပြီး ဘာမှတ်ချက် မှ ကျွန်တော် မပေးချင် ပါဘူး ။ မက်ဆီ ဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား အဖြစ် ရှိနေ သေးပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ရောက်ခြင်း မရောက်ခြင်း က ဒါကို အဆုံး အဖြတ် ပေးနိုင်မယ် မထင်ပါဘူး”

၃ ။ ချီယာလီနီ ( ယူဗင်တပ် ၊ အီတလီ )
“ရိုနယ်ဒို နဲ့ ရင်ဆိုင် ရပြီ ဆိုပါစို့ ၊ ဂိုးဧရိယာ ရဲ့ ညာဘက်ခြမ်း ကို သူ ၀င်မသွား ဖို့ ကို အဓိက ကြိုးစား တားဆီး ရမှာပါ ။ ဒါပေမယ့် မက်ဆီ နဲ့ ရင်ဆိုင် ရပြီ ဆိုရင် တော့ ဘုရား သခင်ဆီ မှာ ဆုတောင်း ထားတာ အကောင်းဆုံး ပဲ ဖြစ် မှာပါ”

၄ ။ ဂျရုမ်း ဘိုတန် ( ဘိုင်ယန်မြုးနစ် ၊ ဂျာမဏီ )
“ကျွန်တော့ အတွက် တော့ မက်ဆီ ဟာ ဘောလုံး ကမ္ဘာ ရဲ့ အကောင်းဆုံး ကစား သမားပါ ။ သူ့ကို ရင်ဆိုင် ရတာ တကယ် မလွယ် ပါဘူး ။ တစ်ခါ တလေ သူ့ကြောင့် ကိုယ့်မှာ ဆိုးဆိုး ရွားရွား ဖြစ်သွားတာ မျိုးတွေ ရှိတတ် ပါတယ် ။ တစ်ခါ တလေတော့ လည်း သူ့ကို တားလိုက် နိုင်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် မက်ဆီ ကို မတားနိုင် လို့ ဆိုပြီး ကျွန်တော့ ဘဝ ကို အဆုံးသတ် ပစ် စရာ မရှိပါဘူး”

၅ ။ မတ်ဟမ်းမဲလ် ( ဒေါ့မွန် ၊ ဂျာမဏီ )
“အကောင်းဆုံး ပုံစံ သာ ရမယ် ဆိုရင် မက်ဆီ က ကျွန်တော် မြင်ဖူး သမျှ ထဲမှာ ကမ္ဘာ့ အကောင်းဆုံး ပါ ။ ကျွန်တော့ ဘဝ တစ်လျောက် မှာ သူ့ ထက်ပိုကောင်း တဲ့ ကစား သမားမျိုး မမြင် ခဲ့ဖူး ပါဘူး”

SPORTS MYANMAR