* ယနေ့နံနက်က ဖရန့်ဖတ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ နည်းပြ အမ်မရီ ကို ထုတ်ပယ်ဖို့ စတင် စဉ်းစား သုံးသပ်နေပြီ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် နောဝှစ်ချ် နဲ့ ပွဲမတိုင်မှီ ထုတ်ပယ်ဖွယ် ရှိကြောင်း ESPN က ဖော်ပြ လိုက်ပါတယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဖရန့်ဖတ် အသင်း နဲ့ပွဲမှာ ပွဲထွက် ကစားခဲ့တဲ့ ကွင်းလယ်လူ ရှာကာ ကို ချီးကျူး သွားခဲ့ပြီး သူ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူး တင်စကား ဆိုသွားခဲ့ပါတယ် ။

* အမ်မရီ က သူ့ရဲ့ နည်းပြ ရာထူးထက် လာမယ့် ပွဲမှာ ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ပြောကြား လိုက်ရပြီး ယုံကြည်မှု ​ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် နိုင်ပွဲတွေ ရယူနိုင်ဖို့ အရေးကြီးကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

* ဖရန့်ဖတ် အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် လူစားလဲခံရတဲ့ နောက်ခံလူ ဒေးဗစ်လူးဝဇ် နဲ့ မူစတာဖီ တို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမ်မရီ က အတိအကျ မပြောနိုင်သေးကြောင်း နဲ့ တနင်္ဂနွေနေ့ ပွဲမှာ ပါဝင် ကစားနိုင်မလား ဆိုတာ စောင့်ကြည့် သွားရမယ်လို့ ဖြေကြား သွားခဲ့ပါတယ် ။

* ဗြိတန် တင်းနစ် အကျော်အမော် အန်ဒီမာရေး က အာဆင်နယ် အသင်းအနေနဲ့ အမ်မရီ နေရာမှာ မော်ရင်ဟို ကို အစားထိုး မခန့်အပ်နိုင်ခဲ့တာဟာ အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ် ဆုံးရှုံးသွားတာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ နော်တင်ဟမ်ဖော်ရက်စ် အသင်းရဲ့ နောက်ခံလူ ဂျိုးဝေါ်ရယ် ( Joe Worrall ) ကို​ ခေါ်ယူဖို့ စောင့်ကြည် နေတယ်လို့ Football Insider က ဖော်ပြ လိုက်ပါတယ် ။အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျိုးဝေါရယ် ရဲ့ တန်ကြေးဟာ ပေါင် ၁၀ သန်း ဝန်းကျင် ရှိတယ်လို့ သိရပါတယ် ။

* လိဒ်ယူနိုက်တက် နည်းပြ ဘီယယ်ဆာ က ပွဲထွက် ကစားခွင့် သိပ်မရတာကြောင့် အာဆင်နယ် ကို ပြန်တော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အန်ကီးတီးယား ကို အသင်းမှာပဲ ဆက်လက် ကစားစေလိုကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* အူနိုင်း အမ်မရီ က ဖရန့်ဖတ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ရဲ့ ကစားပုံဟာ အရင်ပွဲတွေကထက် တိုးတက် ကောင်းမွန်လာကြောင်း နဲ့ ပြိုင်ဘက်ကောင်း အသင်း တစ်သင်းကို ရှုံးနိမ့် သွားခဲ့တာ ဖြစ်ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်းဟာ ရီးရဲလ် မက်ဒရစ် အသင်း ကစားသမား ဟားမက်စ် ရိုဒရီဂွက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ မရှိကြောင်း Marca က ဖော်ပြ လိုက်ပါတယ် ။

SPORTS MYANMAR