ယာဂန်ကလော့ ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ရာသီ အစကို အကောင်းဆုံး ရလဒ် တွေနဲ့ စတင်လျက် ရှိနေပြီး လက်ရှိ လိဂ်ပွဲစဉ် ၁၃ ပွဲ အပြီးမှာ ၁၂ ပွဲနိုင် ၁ ပွဲသရေ ကျကာ ဖြစ်နိုင်တဲ့ အမြင့်ဆုံး ရမှတ် ၃၉ မှတ် ကနေ ၃၇ ထိ ရယူ ထားပြီး အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံး နေရာမှာ ဦးဆောင်လျက် ရှိနေ ပါတယ်။

အိုလီဂန်နာ ဆိုးရှား ရဲ့ မန်ယူနိုက်တက် အသင်း ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ချဲလ်ဆီး ကို အိုးထရပ်ဖို့ဒ်မှာ ၄-၀ နဲ့ နိုင်ခဲ့တာကြောင့် ဒီရာသီမှာ အခြေအနေ ကောင်းမယ်လို့ ထင်မှတ် ခဲ့ကြ ပေမယ့်လည်း ပွဲစဉ် ၁၃ အပြီး မှာတော့ နိုင်ပွဲ ၄ ပွဲသာ ရှိထား ခဲ့ကာ အမှတ်ပေးဇယား ရဲ့ အဆင့် ၉ နေရာထိ ရောက်နေ ခဲ့ပြီး အဆင့်လေး နေရာက အသင်း နဲ့ ၉ မှတ်ထိ ကွာဟ နေတာကြောင့် လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ အတွက် အတော့်ကို ရုန်းကန် ရမယ့်ပုံ ရှိနေ ပါတယ်။

အဆင့် ၁ နေရာက လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကြား ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ရမှတ် ကွာဟမှု အမှတ် ၂၀ ရှိနေ ပေမယ့်လည်း အန်ဖီး ကစားသမားဟောင်း ဖြစ်သူ ဂျွန်ဘန်း ကတော့ ယာဂန်ကလော့ ရဲ့ အသင်းဟာ လက်ရှိမှာ အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်းထက် လူအင်အား ပိုသာ နေခြင်း မရှိဘူး လို့ ဆိုခဲ့ ပါတယ်။

Offside Rule Exclusives သို့ ဂျွန်ဘန်း က ပြောကြား သွားခဲ့ ရာမှာ “ လီဗာပူး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ် အာဆင်နယ် ၊ တော့တင်ဟမ် တို့ထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား အင်အား ကို ပိုင်ဆိုင် ထာခြင်း မရှိ ပါဘူး။ လီဗာပူး တို့ ဒီအသင်း တွေထက် ပိုမို သာလွန် နေတဲ့ အရာတွေ ကတော့ သူတို့ဟာ ပိုမို ဟန်ချက် ညီတယ် ၊ ယုံကြည်မှု ပိုမြင့်တယ် ၊ ညီညွှတ်တယ်..ပြီးတော့ မန်နေဂျာ အပေါ် ယုံကြည်မှု ရှိကြတာ ဖြစ်ပါတယ်။

အမှန် ပါပဲ။ ဒီနှစ်မှာ လီဗာပူး အသင်း အနေနဲ့ အမှတ်ပေး ဖလား ကို ရမှတ် ၉၀ နဲ့ ဆွတ်ခူး နိုင်ခဲ့မယ် ဆိုရင် ကျွန်တော် ပျော်ရွှင် မိပါ လိမ့်မယ်။ ဒါပေမယ့် ဒီရာသီ လီဗာပူး ဟာ ပြီးခဲ့တဲ့ ရာသီ ကထက် ပိုကောင်း တယ်လို့တော့ ကျွန်တော် ပြောသွားမှာ မဟုတ် ပါဘူး။ အကယ်၍ ကျွန်တော်တို့ ဒီရာသီ ရှုံးပွဲ ၃ ပွဲ ကြံုတွေ့ ခဲ့ရမယ် ဆိုရင်..အမှတ်ပေး ဖလား ကို ရမှတ် ၉၀ နဲ့ ဆွတ်ခူး နိုင်ပါ လိမ့်မယ်။

ဒါဟာ စိတ်လှုပ်ရှား စရာ အချိန် ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခု ကျွန်တော်တို့ ယာဂန် ကလော့ ကို အားပေး ထောက်ခံမှု ပေးသွား ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယာဂန် ကို ယုံကြည် ပါတယ်။ သူ ဒီကို ရောက်လာ ကတည်းက ကျွန်တော်တို့ အမြဲ ယုံကြည် နေခဲ့ တာပါ။ အသင်း တစ်သင်းမှာ ဒီလိုမျိုး စုစည်းမှု ၊ ညီညွှတ်မှု ၊ ပရိတ်သတ်တွေ ရဲ့ အားပေးမှု ၊ လီဗာပူး မိသားစုကြီး ရဲ့ စည်းလုံးမှုတွေ ရှိနေမယ် ဆိုရင် အောက်မြင်မှု ရရှိ နိုင်မှာပါ။” လို့ ဆိုသွား ပါတယ်။

SM