ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဝီလီယံ ဟာ ရုရှား ကလပ် အန်ဇီ အသင်း မှ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာကတည်း က ထိပ်တန်း မန်နေဂျာ တချို့ ရဲ့ လက်အောက် မှာ ကစား ခဲ့ရပြီး ၊ ဟိုဆေး မော်ရင်ဟို ၊ အန်တိုနီယို ကွန်တီ ၊ မော်ရစ်ဇီယို ဆာရီ တို့လို ကစားပုံ စတိုင်လ် မတူညီတဲ့ နည်းပြ တွေနဲ့လည်း ကြုံတွေ့ ခဲ့ရပါတယ် ။

မော်ရင်ဟို ၊ ကွန်တီ တို့ဟာ ခံစစ် အားသန် မန်နေဂျာ တွေ ဖြစ်တာကြောင့် တန်ပြန် တိုက်စစ် ထိုးဖောက်မှု အတွက် ဝီလီယံ ရဲဲ့ လျင်မြန်မှု တွေက အခရာ ကျခဲ့ပါတယ် ။ မော်ရစ်ဇီယို ဆာရီ ကတော့ တိုက်စစ် ပုံဖော် ကစားတတ်တဲ့ မန်နေဂျာ ဖြစ်တာကြောင့် ညာတောင်ပံ တိုက်စစ် အတွက် ဝီလီယံ ဟာ ပတ်ဒရို နဲ့ အပြိုင် နေရာ ရခဲ့ပါတယ် ။

သို့ပေမယ့် လည်း အခု လက်ရှိ မန်နေဂျာ ဖရန့် လမ်းပတ် လောက် အရှေ့ မန်နေဂျာ ၃ဦး လက်ထက် မှာ ဝီလီယံ အဖို့ ကစားခွင့် သိပ်မရခဲ့တဲ့ အပြင် ၊ ၄င်းရဲ့ Role က အခု အနေအထား လောက် အရေးမပါခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ရီးရဲလ် မက်ဒရစ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့တာကြောင့် ဝီလီယံ ဟာ ချယ်လ်ဆီး အသင်း ရဲ့ အားထားရတဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်လာပါတယ် ။

မနေ့က Globo Esporte နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဝီလီယံ က အီတလီ မန်နေဂျာ ၂ဦး ဖြစ်တဲ့ အန်တိုနီယို ကွန်တီ ၊ မော်ရစ်ဇီယို ဆာရီ တို့ရဲ့ လက်အောက် မှာ ၄င်းတို့ဟာ ကစားကွက် တသမတ်တည်း သာ ကစား နေခဲ့ရကြောင်း နဲ့ လမ်းပတ် လက်အောက် ရောက်မှသာ လွတ်လွတ်လပ်လပ် ကစား ခဲ့ရကြောင်း ဖွင့်ဟ လာခဲ့ပါတယ် ။

ဝီလီယံ က ” ကျွန်တော် ဟာ ကစားသမား ဘဝ က ဖရန့် လမ်းပတ် နဲ့ အတူတူ ကစားခွင့် ရခဲ့သလို ၊ မန်နေဂျာ ဖြစ်လာတော့ လည်း သူနဲ့ အတူတူ လက်တွဲ အလုပ်လုပ်ခွင့် ရလို့ ကျေနပ် ပျော်ရွှင် မိပါတယ် ။ ကျွန်တော့ အတွက် သူ့ လက်အောက် မှာ ကစား ရတာ အများကြီး ယုံကြည်မှု အပြည့် ရနေပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ ကျွန်တော် ဟာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားခွင့် ရလာပါတယ် ။ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၃ခု အတွင်း မှာ ကျွန်တော် ဟာ အီတလီ မန်နေဂျာ ၃ဦး လက်အောက် မှာ ကစားကွက် တမျိုးတည်း မှာ ကျပ်ကျပ်တည်းတည်း ကစား ခဲ့ရပါတယ် ။ လမ်းပတ် လက်အောက် မှာ ကျတော့ ကျွန်တော် ဟာ အလယ် ဝင်ကစားခွင့် လည်း ရှိတယ် ၊ ဘယ်တောင်ပံ ထွက်ကစားခွင့် ရှိပါတယ် ။ ကျွန်တော့ အတွက် ကတော့ အခုလို အနေအထား မှာ ခြေစွမ်း ပိုပြ နိုင်တယ် လို့ ခံစား ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း လာမယ့် ဒီဇင်ဘာ လ ကုန်ခါနီး မှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရဖို့ ရှိပြီး ၊ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ အသင်းသား ဟောင်း ၊ ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် နဲ့ တဖန် ပြန်လည် ဆုံတွေ့ ရဖို့ ရှိနေပါတယ် ။ ဝီလီယံ ကတော့ လူးဝဇ် နဲ့ ပြန် ရင်ဆိုင်ရတဲ့ အခါ ဘာ လုပ်ပြသွားချင်လဲ ဆိုတာ အခုလို ပဲ ပြောပြ လာပါတယ် ။

ဝီလီယံ က ” ကျွန်တော် ဟာ ဒေးဗစ် ကို ပြိုင်ဖက် အနေနဲ့ အကြိမ် အနည်းငယ် ရင်ဆိုင် ခဲ့ဖူးပါတယ် ။ ပထမ တကြိမ် မှာတုန်း က ကျွန်တော် က ရှက်တာဒိုးနက်စ် မှာ ရှိနေပြီး ၊ သူ က ချယ်လ်ဆီး အသင်း မှာ ကစား နေခဲ့တာပါ ။ နောက်တကြိမ် မှာ ကျွန်တော် က ချယ်လ်ဆီး အတွက် ၊ သူက ပီအက်စ်ဂျီ အတွက် ကစား ပေးခဲ့တာပါ ။ အခု အခါမှာတော့ သူဟာ အာဆင်နယ် အတွက် ကစား ပေးနေပါပြီ ။ ”

” ကျွန်တော် တို့ဟာ အသက် ၈နှစ်လောက် ကတည်းက တယောက် နဲ့ တယောက် သိခဲ့တာပါ ။ သူဟ ကျွန်တော့ ရဲ့ ညီအစ်ကို တယောက် လိုပါပဲ ။ ဒါပေမယ့် တကယ့် ပွဲစဉ် တွေမှာတော့ ဒီ ဆက်ဆံရေးမျိုး မရှိတော့ပါဘူး ။ ကျွန်တော် ဒီတခေါက် သူနဲ့ ရင်ဆိုင် ရတဲ့ အခါ ၊ ဂွကြားထည့် နိုင်ဖို့ ကြိုးစား သွားမှာပါ ။ ” လို့ အရွှန်းဖောက် ပြောဆို သွားခဲ့ပါတယ် ။

SPORTS MYANMAR